NEWS

Dishang Fashion အထည်ချုပ် သမဂ္ဂခေါင်းဆောင်ဟောင်းအား အတင်းအကျပ် အလုပ်ထုတ်

CoverLogo
830 Views
 
Dishang Fashion (Myanmar) အထည်ချုပ် စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်ဟောင်းကို သမဂ္ဂပြန် မဖွဲ့လို့ ဆိုပြီး အတင်းအကျပ် အလုပ်ထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ အလုပ်သမား ၈၀၀ ကျော်နဲ့ လုပ်ကိုင်နေပြီး စက်ရုံပိုင်ရှင်ကတော့ တရုတ်နိုင်ငံသား ဖြစ်တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအအလုပ်သမားများအဖွဲ့ချုပ် (IWFM) ဆီက သိရပါတယ်။
 
“ဖေဖော်ဝါရီ လစာထုတ်တဲ့ ရက်မှာ စက်ရုံက ထုတ်ပေးတာ နောက်ကျတယ်။ စူပါအကိုက အချိန်ပို ဆင်းတဲ့သူမ ဆင်းတဲ့သူ၊ နယ်ကမိသားစုအတွက် ပိုက်ဆံပို့ပေးမဲ့သူတွေအတွက် ဂိတ်ပတ်စ်ရေးပေးနေတယ်။ အဲမှာ HR ရောက်ရှိလာပြီး အချိန်ပိုမှာ ဂိတ်ပတ်ယူဖို့မယူနဲ့၊ ထမင်းစားဆောင်မှာ နေကြဖို့။ လစာရရင် ပြန်၊ လစာ မစောင့်နိုင်လည်း ပြန်နိုင်တယ်လို့ ပြောတယ်။ ထမင်းစားဆောင်မှာ သွားထိုင်နေရင် ပိုက်ဆံမဖြတ်ဘူးလဲ ပြောတယ်။ အဲ့အကိုနဲ့ ဌာနက အလုပ်သမား ၁၅ ယောက်လောက်က ထိုင်စောင့်နေတာပေါ့ ။ အဲလို့စောင့်နေတာကို ဆူပူအောင်လုပ်တယ်၊ ဂိတ်ပတ်စ်မရှိဘဲ အပြင်မှာ ထိုင်နေတယ်ဆိုပြီး နောက်ဆုံးဝမ်တိန် ထိုးခိုင်းတယ်။ အလုပ်ထုတ်တယ်ပေါ့” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
မတ်လ ၆ ရက်မှာ အလုပ်ထုတ်ခံရသူ နှစ်ဦးကို နောက်ဆုံးဝမ်တိမ်ထိုး အလုပ်ထွတ်ဖို့ HR ဌာနက ပြောဆိုခဲ့ပြီး နစ်နာကြေး ပိုပေးမယ်ဆိုပြီးလည်း ပြောဆိုခဲ့တာလို့ သိရပါတယ်။ မတ်လ ၁၀ ရက်မှာတော့ အလုပ်မထွက်လိုပါက သမဂ္ဂဖွဲ့ဖို့ နောက်ထပ်ပြောဆိုခဲ့တာကြောင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်က ဖိအားပေးဖျတ် သိမ်းခံရတဲ့ သမဂ္ဂကို ပြန် မဖွဲ့နိုင်တဲ့ကြောင်း ပြောကြားခဲ့တယ်လို့ အဖြစ်အပျက်ကို သေချာသိထားတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
“မတ်လ၊ ၂၂ ရက်မှာတော့ မီးပူတိုက်ဌာနက စူပါနဲ့ အလုပ်သမားခေါင်းဆောင်ဟောင်း အကိုနှစ်ယောက်ကို အလုပ်က ထုတ်လိုက်တယ်။ အဲ့အကိုတွေကို သမဂ္ဂ ပြန်မဖွဲ့ရင် အလုပ်က ထွက် ၊ အလုပ်မထွက်ဘူးဆို နောက်ဆုံးဝမ်းတိမ်ထိုးဖို့ ပြောတယ်။ လစာထုတ်ရက် လူစုတယ်၊ စက်ရုံက အချိန်ပိုခေါ်တာ၊ လုပ်ခတွေကို ပုံစံ အမျိုးမျိုးနဲ့ ဖြတ်တာကို သတင်းပို့တယ်ပေါ့၊ အလုပ်သမားရုံးကို ဖုန်းဆက် တိုင်တာတွေကို ဒီအကိုတွေ လုပ်တယ်လို့ စက်ရုံကတော့ စွပ်စွဲတယ်။ နောက်ဆုံးဝမ်းတိမ်ထိုးဖို့ ပြောတာ။ အကိုတွေကလည်း မမှားလို့ ထိုးမပေးဘူး။ နောက်ဆုံးတော့ အကိုတွေက ပြဿနာ မများချင်တာနဲ့ စက်ရုံက ပေးတဲ့ နစ်နာကြေးယူပြီး အလုပ်ထွက်လိုက်တာ” လို့ Myanmar Labour News ကို အဖြစ်အပျက်ကို သိတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် စက်ရုံမန်နေဂျာက သမဂ္ဂမဖွဲ့ဖို့နဲ့ သမဂ္ဂမှတ်ပုံတင်ပြန်အပ်ဖို့ ဖိအားပေးခဲ့တာကြောင့် သမဂ္ဂကို ဖျက်သိမ်းခဲ့ရပြီး ခေါင်းဆောင်တွေကတော့ အဲဒီစက်ရုံမှာပဲ ဆက်လက်လုပ်ကိုင်နေတာလို့ သိရပါတယ်။ အလုပ်သမားသမဂ္ဂတွေက လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ တဦးက အခုလို ပြောပါတယ်။
 
“အလုပ်သမားသမဂ္ဂတွေ ဖွဲ့ဖို့က တစုံတဦးရဲ့ တိုက်တွန်းချက် မပါရဘူး၊ အလုပ်သမားတွေရဲ့ စိတ်ဆန္ဒနဲ့ပဲ ဖွဲ့ရတာပါ” လို့ ပြောပါတယ်။
စက်ရုံမှာ လုပ်ငန်းခွင် ညှိနှိုင်းရေး WCC အဖွဲ့ဝင် အမျိုးသား ၃ ဦး က အလုပ်သမားတွေ သန့်စင်ခန်း သွားတာနဲ့ လုပ်ငန်းခွင် စကားပြောဆိုတာကို မှတ်တမ်းတင် ဓာတ်ပုံရိုက်တာ၊ အချိန်ပို မဆင်းသူတွေ၊ ခွင့်ပျက်သူတွေကို ဖိအားပေးတာ၊ ဝမ်တိန်းထိုင်းခိုင်းတာတွေကို စက်ရုံကိုယ်စား ဆောင်ရွက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့ အပြင် စက်ရုံဘက် အချိန်ပို ခေါ်ယူတွေမှာ အလုပ်သမားတွေရဲ့ သဘောတူလက်မှတ်မယူတာနဲ့ ခွင့် မပေးတာလည်း ရှိနေတယ်လို့ သိရပါတယ်။
 
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာ မင်းခေါင်လမ်း မှာ ဖွင့်လှစ်ထားပြီး ONLY အမှတ် တံဆိပ် ဘောင်ဘီ၊ အင်္ကျီတွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026