NEWS

Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ

CoverLogo
303 Views
 
(Dishang Fashion (Myanmar) အထည်ချုပ် စက်ရုံမှာ စည်းကမ်း ထိန်းသိမ်း အရေးယူမှုတွေက မျှတမှုမရှိဘဲ အလုပ်သမားတွေရဲ့ နစ်နာမှု တိုင်းတန်းတာတွေကို စနစ်တကျ ဖြေရှင်း မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“HR က သူနဲ့ နီးစပ်တဲ့သူတွေကို ဘက်လိုက်တယ်။ အလုပ်ထွက် လစာ ထုတ်ရက်က ၁၀ ရက် တစ်ရက်တည်း သတ်မှတ်ထားတာ။ အဲဒါကို ၇ ရက်နေ့ အခက်အခဲရှိလို့ ထုတ်တဲ့သူကိုတော့ မပေးဘူး၊၊ ၁၇ ရက်မှာ လာထုတ်တဲ့ သူကိုတော့ ထုတ်ပေးခဲ့တယ်။ တခါက အလုပ်သမား နှစ်ယောက် ရန်ဖြစ် တာ EC အတိုင်း အရေးမယူဘူး။ ဒုတိယဝမ်တိန်ဆိုပြီးပဲ လက်မှတ်ထိုးခိုင်းခဲ့တာ.” လို့ ပြောပါတယ်။
 
HR ဌာနက စက်ရုံ စည်းကမ်းထိန်းသိမ်းရေးမှာ အဓိကနေရာကပါဝင်ပြီး စက်ရုံစည်းကမ်းတွေကို ဝန်ထမ်းအားလုံး သိအောင် ရှင်းပြ ဖို့နဲ့ စည်းကမ်းဖောက်ဖျက်ပါက ဘက်လိုက်မှုမရှိဘဲ လုပ်ထုံး လုပ်နည်းအတိုင်း အရေးယူဖို့ တာဝန်ရှိပါတယ်။
 
လိုင်းခေါင်းဆောင်တွေက ကြမ်းကြမ်းတမ်းတမ်းပြောဆိုပြီး အထည်စံချိန်ကို တောင်းတာတွေရှိလို့ HR ကို တိုင်ကြားပေမဲ့ အရေးမယူသလို အကြံပြုစာတိုက်ပုံးကို စောင့်ကြည့်လို့ လုံခြုံရေးကြောင့် အလုပ်သမားတွေမှာ တိုင်ကြားခွင့်မရဘူးလို့ ပြောပါတယ်။ ဒါ့အပြင် စက်ရုံအတွင်း ဌာန ခေါင်းဆောင်အချို့ ကလည်း စည်းကမ်းဖေါက်ဖျက် ဘက်လိုက် နေတယ် လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ပါကင် (Packing) စူပါရဲ့ ပတ်သက်သူအမျိုးက လုပ်ငန်းခွင်ထဲ မုန့်ရောင်းတယ်။ သူ့အမျိုးသမီး အလုပ်သမားလည်း စောင့်ကြည့်ပြီး တစ်ခုခု ဆိုရင် သူ့ကိုတိုင်တယ်။ အလုပ်သမားတွေ အိမ်သာသွားတာ၊ ရေထွက်သောက်တာ ကြာတယ် ၊ ဘယ်နှစ်ခါ အဲ့လိုတွေ တိုင်တယ် ။ အလုပ်သမားက ငြင်းရင် သူ့အမျိုးသမီးကပါ ဝင်ပြောတယ်။ စက်ရုံ စည်းကမ်းမှာဆို လုပ်ငန်းခွင်မှာ သနပ်ခါးမလိမ်းရ ၊ နှုတ်ခမ်းနီမဆိုးရ ၊ ခေါင်းဖီးလို့မရဘူး။ ဒါပေမဲ့ သူ့အမျိုးသမီး၊ သူနဲ့ ပတ်သက်သူတွေ က ဒါတွေ လုပ်ရင်တော့ ဘာမှ မပြောဘူး။ ဒါတွေကို HR, COC ဝန်းထမ်းတွေ အကုန် မြင်နေ သိနေလည်း သူတို့ကို ထားမြစ်တာမရှိဘူး။ အလုပ်သမားအချင်းချင်းကို ခွဲခြားဆက်ဆံခံရတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
ပါကင်ဌာနအတွင်း စူပါက တဆင့် ခိုင်းစေတာမျိုးမဟုတ်ဘဲ နိုင်ငံခြားသားက အော်ဟစ် ခိုင်းစေတဲ့ အပြင် စကားပြန်ကလည်း သူ့ရဲ့ လုပ်ပိုင်ခွင့်ကိုကျော်ပီး အလုပ်သမားတွေကို ခိုင်းစေလို့ အခက်အခဲတွေနဲ့ ကြုံရတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် COC ဝန်ထမ်းတွေကလည်း အလုပ်သမားတွေကို စောင့်ကြည့် ဖိအားပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“COC ဝန်ထမ်း ၃ ဦးရှိတယ်။ သူတို့က အကြံပြုစာတိုက်ပုံးကို CCTV ကနေ ကြည့်တယ်။ ပြီးတော့ CCTV မှာ မြင်ရတဲ့ တိုင်စာထည့်တဲ့ အလုပ်သမားကို ရုံးပေါ်ခေါ်မေးတယ်။ ပြီးရင် ဘက်လိုက်ပြီး အလုပ်သမား ကို ဖိအားပေး ပြောတယ်။ အဲ့အလုပ်သမားကို အသေးအမွှားကိစ္စတွေ (အလုပ်ကိစ္စစကားပြောတာ) ကအစ စောင့်ကြည့်တယ်။ စူပါကို ပြန်ပြောပြီး ဖိအားပေး ပြောခိုင်းတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံအတွင်း WCC အလုပ်သမားကိုယ်စားလှယ် အဖွဲ့ဝင်တွေက လုပ်ငန်းခွင်မှာ အလုပ်မလုပ်ဘဲ အထူးအခွင့်အရေး ရနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“WCC အလုပ်သမားကိုယ်စားလှယ် တွေက အလုပ်မလုပ်ကြဘူး။ သူတို့ရဲ့သီးသန့် အခန်းမှာ သွားအိပ်တယ်။ ဂိမ်းကစားတယ်။ သူတို့ အသုံးစားရိတ်တွေကို ဘောင်ချာပြရင် စက်ရုံဘက် က ထောက်ပံ့တယ်” လို့ ပြောပါတယ်။ ဒီလိုတွေကြောင့် အလုပ်သမားတွေက သူတို့ အခက်အခဲတွေကို WCC က အလုပ်သမားကိုယ်စားလှယ်တွေကို မတင်ပြရဲပါဘူး။ “ လို့ ပြောပါတယ်။
 
စက်ရုံမှာ ပြီးခဲ့နှစ်တွေက အရင် WCC အလုပ်သမား ကိုယ်စားလှယ်ဟောင်း အဖွဲ့ဝင် သုံးဦးကို စက်ရုံ ဘက်က တစ်လ သုံးသိန်းထောက်ပံ့ ခဲ့တယ်ဆိုတဲ့သတင်း အထောက်အထားနဲ့တကွ ပေါက်ကြား ခဲ့ပါတယ်။
 
စက်ရုံ မှာ HR နဲ့ COC ဝန်ထမ်းတွေအနေနဲ့က နိုင်ငံတကာ အလုပ်သမားရေးရာ စံချိန်စံညွှန်းတွေကို လုပ်ငန်းခွင်မှာ လိုက်နာမှု ရှိ မရှိ အမြဲမပြတ် စောင့်ကြည့် ပြီး၊ အလုပ်သမားတွေ နစ်နာမှု ဖြစ်ပါက၊ အလုပ်သမားများက တိုင်ကြား လာပါက ထိုတိုင်ကြားစာနဲ့ အငြင်းပွားမှုတွေကို WCC ကော်မတီနဲ့ အတူ ဖြေရှင်းပေးပြီး အလုပ်သမားတွေ ကို ရှင်းပြ အသိပေးဖို့ တာဝန်ရှိပါတယ်။
 
Dishang Fashion Myanmar Co.,ltd က MADE စီမံချက်စာရင်းဝင် စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်က လက်ရှိ Only တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ Myanmar Labour News က သိထားပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် ၊ မင်းကြီးမဟာ မင်းခေါင်လမ်းမှာ ဖွင့်လှစ်ထားပါတယ်။
 

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026