NEWS

Dishang Fashion (Myanmar) အထည်ချုပ်တွင် ဒေးကြေးတိုးမြှင့်ပေးရေး တောင်းဆိုနေ

CoverLogo
738 Views
 
Dishang Fashion (Myanmar) အထည်ချုပ်တွင် လုပ်ခလစာ‌ ဒေးကြေးတိုးမြှင့်ရေးအပါအဝင် အချက် ၉ ချက်ကို အလုပ်သမားတွေက တောင်းဆိုနေပါတယ်။ တောင်းဆိုမှုက ဒီကနေ့ ညနေပိုင်းမှာ စတင်ခဲ့ပြီး အလုပ်သမားတွေက လုပ်ငန်းခွင်ရပ်တန့် တောင်းဆိုနေတာလို့ ပြောပါတယ်။
 
ဒေးကြေး ကျပ် ၁၅၀၀၀ ပေးဖို့၊ ရက်မှန်ကြေး ကျပ် ၂၀၀၀၀ တိုးပေးဖို့၊ ဂရိတ်အဆင့်အလိုက် ကျပ် ၁၀၀၀ စီ တိုးပေးဖို့၊ အထည်စံချိန်တွေကို ပုံသေသတ်မှတ်ပေးဖို့၊ ဥပဒေပါခွင့်တွေ ပေးဖို့၊ စူပါတွေက ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့၊ မုန်ဖိုး ကျပ်တစ်တောင်ကို ၁၅ ရက် တကြိမ်ရှင်းပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
 
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၉၀၀ ဝန်းကျင် နဲ့ ONLY , Bestseller အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ စက်ရုံမှာ WCC အဖွဲ့ ဖွဲ့စည်းထားပြီး အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမထားဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026