NEWS

Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း

CoverLogo
41 Views
 
Dishang Fashion (Myanmar) အထည်ချုပ် စက်ရုံက သင်္ကြန်ကာလ ဧပြီ ၁၀ ရက်ကနေ ၂၀ ရက်အထိ ပိတ်ထားမှာ ဖြစ်လို့ အဲ့ဒီထဲက ပိတ်ရက် ၂ ရက်အတွက် အတင်းအကျပ် ရက်စားဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ရက်စားက အခုလ(မတ်လ) ၁၅ နဲ့ ၂၉ ရက်၊ အဲ့ရက်က တနင်္ဂနွေနေ့တွေ။ ညီမတို့က အချိန်ပိုခလည်း နစ်နာတယ်။ ပိတ်ရက်လည်း အနားမရဘူး။ ဒါကြောင့် မဆင်းနိုင်ဘူး ငြင်းတာ။ ” လို့ ပြောပါတယ်။
အလုပ်သမားတွေက ရက်အစား မဆင်းနိုင်တာကို ကြိုတင်ပြောကြားထားပေမဲ့ အော်စူပါနဲ့ စူပါတွေက ဖိအား ပေး လက်မှတ်ထိုး ခိုင်းခဲ့သလို အချို့ဌာနတွေမှာတော့ လက်မှတ်မထိုးမခြင်း ပြောဆို ဖိအားပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တချို့ အလုပ်သမားတွေဆို သင်္ကြန်ပိတ်ရက်ကို သတ်မှတ်အတိုင်းပိတ်၊ ရက်စားလည်း မစားချင်လို့ လက်မှတ် မထိုးကြဘူး” လို့ ပြောပါတယ်။
 
အလုပ်သမားတွေက ပိတ်ရက်အစားထိုး အလုပ်ဆင်းပေးနိုင်မဲ့ အစီအစဉ်ကို WCC လုပ်ငန်းခွင် ညှိနှိုင်းရေး ကော်မတီဆီ တင်ပြခဲ့ပေမဲ့ သတ်မှတ်ထားတဲ့ တနင်္ဂနွေနေ့ကိုပဲ အလုပ်ဆင်းဖို့ ဖိအားပေး ပြောဆိုခဲ့တယ် လို့သိရပါတယ်။
 
“ စနေနေ့ နေ့ဝက် အလုပ်ချိန်ကို အစားထိုးတစ်ရက်အဖြစ် ယူပေးဖို့၊ ဒါမှမဟုတ် တနင်္ဂနွေနေ့ အချိန်ပိုကြေး အတိုင်း တွက်ပြီး အချိန်ပိုကြေး တစ်ဆကို ပြန်ပေး၊ နောက်တမျိုးက သင်္ကြန်ပိတ်ရက် ရက်အစားကို ပုံမှန် အချိန်ပိုနာရီတွေက ဖြတ်ဖို့ တင်ပြကြတာ။ မရဘူး။ WCC က လုပ်ငန်းရှင်လို ဖြစ်နေတယ်” လို့ ပြောပါတယ်။
 
Dishang Fashion (Myanmar) အထည်ချုပ် စက်ရုံက WCC အဖွဲဝင်တွေကို ငွေကြေးထောက်ပံမှုတွေ ရှိတယ်လို့ ပေါက်ကြားခဲ့ဖူးပြီး လက်ရှိမှာလည်း‌ ထောက်ပံမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံမှာ အလုပ်သမားဥပဒေကို လိုက်နာဖို့ ညှိနှိုင်းပေးရတဲ့ CoC ဝန်ထမ်း ၃ ဦးကိုလည်း ခန့်ထားတယ်လို့ ပြောပါတယ်။ သင်္ကြန်ပိတ်ရက် ရက်အစားမဆင်းလို့ လုပ်ခလစာဖြတ်တောက်ပါက လာရောက် တိုင်ကြား နိုင်တယ်ဆိုပြီး သက်ဆိုင်ရာအလုပ်သမားဦးဌာနက ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဦးစီးမှူးတွေက ပိတ်ရက်အတွက် အစားထိုးရက်ကို မဆင်းလိုရတဲ့ အကြောင်း၊ အစားထိုးမဆင်းလို့ လုပ်ခလစာ ဖြတ်ရင် လာတိုင်လို့ရတယ်လို့ ပြောထားတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင် စက်မှုဇုန်၊
မင်းကြီးမဟာ မင်းခေါင်လမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံ အလုပ်သမား ၉၀၀ ကျော် လုပ်ကိုင်နေပြီး ONLY, PImKIe, FIRST DOWN, JaVa, a.v.v, niko and…, Field Gear Club တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026