NEWS

Dishang Fashion (Myanmar) အထည်ချုပ် WCC အဖွဲ့အား ထောက်ပံ့ကြေး ပေးပြီး အလုပ်သမားများအား ဖိနှိပ်

CoverLogo
652 Views
 
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံ စက်ရုံ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တွေကို ထောက်ပံ့ငွေ ပေးပြီး စည်းရုံးထားတယ်လို့ Myanmar Labour News က စုံစမ်းသိရှိရပါတယ်။
 
အဲ့ဒီထောက်ပံ့ငွေကို ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်း ထောက်ပံခဲ့တာဖြစ်ပြီး WCC အဖွဲ့ ၃ ဦး တလကို ကျပ် ၃၀၀၀၀၀ နှုန်းနဲ့ လစဉ် ကျပ် ၉၀၀၀၀၀ လက်ခံခဲ့တာကို အထောက်အထားနဲ့ တကွက တွေ့ရှိထားတာ ဖြစ်ပါတယ်။
 
ထောက်ပံ့ကြေးအတွက် ကတိကဝတ်စာရွက်ထဲမှာ အလုပ်သမားရေးရာကိစ္စတွေကို ဖြေရှင်းပေးပြီး အလုပ်သမားနဲ့ အလုပ်ရှင်ကြား သမာသမတ် မျှတစွာ အဆင်ပြေအောင် ဆောင်ရွက်ပေးရမယ်လို့လည်း ရေးသားထားပါတယ်။
 
ဒါ့အပြင် အလုပ်သမားသမဂ္ဂကို မဖွဲ့စည်းဖို့နဲ့ WCC ကို အင်အားကောင်းအောင် ဆောင်ရွက် ဖြေရှင်းပါမယ်ဆိုပြီး WCC အဖွဲ့ သုံးဦးက လက်မှတ်ထိုးထားပါတယ်။
 
ကတိကဝတ်စာရွက်မှာ လက်မှတ်ထိုးသူ WCC အဖွဲ့ဝင် သုံးဦးကတော့ ဦးဖြိုးအောင်၊ ဦးစန္ဒာလင်း နဲ့ ဦးထက်ကို ဆိုသူတွေ ဖြစ်ပါတယ်။
 
WCC အဖွဲ့ဝင်တွေဟာ အလုပ်ရှင် ဘက်မှ လုပ်ခလစာအပြင် ထောက်ပံ့မှုယူပြီး စက်ရုံတာဝန်ရှိသူတွေရဲ့ ခိုင်းစေတဲ့အတိုင်း အလုပ်သမားတွေကို ဝမ်းတိန်ထိုးခိုင်းတာ၊ အလုပ်သမား ထမင်းချိုင့်တွေကို စည်းကမ်းနဲ့ မညီဘူးဆိုပြီး သိမ်းဆည်း ဝမ်းတိန်ထိုးခိုင်းတာ၊ လာမယူတဲ့ ထမင်းချိုင့်တွေကို သိမ်းယူခဲ့ပြီး ပြန်မယူရဲ့တဲ့ အလုပ်သမားတွေမှာ နေ့လယ်စာ မစားရတဲ့ အဖြစ်တွေ ကြုံခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် ကိုယ်ဝန်ဆောင် အလုပ်သမားတွေအပါအဝင် နေ့စားအလုပ်သမားတွေနဲ့ အလုပ်သမားတချို့ကို အလုပ်ထုတ်ခဲ့ရာ WCC အဖွဲ့ဝင် ၃ ဦးပါဝင် ပတ်သက်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အဓိက တာဝန်ရှိသူက ဒုတိယ စက်ရုံမှူး၊ စကားပြန် အမျိုးသမီးပါပဲ။ အဲ့အမျိုးသမီးခိုင်းသမျှ အကုန် လုပ်ပေးခဲ့တာ.” လို့ စက်ရုံအလုပ်သမားဟောင်းတဦးက ပြောပါတယ်။
 
အလုပ်သမားကိုယ်စားပြု လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC အဖွဲ့ဝင်တွေကို ၂၀၂၄ခုနှစ်မှာ ရွှေးချယ်ခဲ့တာ ဖြစ်ပါတယ်။
 
ဒီလိုရွေးချယ်ခဲ့ပေမဲ့ WCC အဖွဲ့ဝင်တွေကို စက်ရုံဘက် ထောက်ပံငွေ ပေးခဲ့တာဖြစ်ပါတယ် ။
ဒီနောက် စက်ရုံ အလုပ်သမားတွေကို WCC အဖွဲ့ဝင်တွေကိုယ်တိုင် အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။
 
WCC အဖွဲ့ဝင်တွေရဲ့ ချိုးဖောက်မှုကြောင့် အဖွဲ့ကို ပြန်လည် ရွေးချယ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆို တင်ပြပေမဲ့ စက်ရုံနဲ့ အလုပ်ရှင်ဘက်က ခွင့်မပြုခဲ့ဘူးလို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းကြီးမဟာ မင်းခေါင်လမ်း မှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ လက်ရှိ စက်ရုံ အလုပ်သမား ၉၀၀ ဝန်းကျင်က ONLY, BESTSELLER တံဆိပ်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026