NEWS

Dishang Fashion (Myanmar) ကြီးကြပ်သူများ အလုပ်သမားများထံမှ လာဘ်တောင်း

CoverLogo
627 Views
 
Dishang Fashion (Myanmar) ကြီးကြပ်သူတွေက ကျွမ်းကျင် အဆင့်တိုးပေးမယ်ပြောပြီး အလုပ်သမားတွေဆီက အဝတ်အစား၊ဖိနပ်စတဲ့ ပစ္စည်းတွေကို ဝယ်ခိုင်းပြီး လာဘ်တောင်းတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“QC ဌာနမှာ အစမ်းခန့်အလုပ်သမား ဖြစ်ဖြစ်၊ အမြဲတမ်းဝန်ထမ်းဖြစ်ဖြစ် ကျွမ်းကျင်အဆင့်တိုးပေးပြီးဆိုရင် လစာက မထုတ်ရသေးဘူး၊ စူပါ၊ လီတာတွေက ကျွမ်ကျင်းအဆင့်ကို ဒီလ ထည့်ပေးထားတယ်၊အဲ့တာကြောင့် ဘယ်အဝတ်အစား၊ ဘယ်ဖိနပ် လှတယ်၊ ကြိုက်တယ် ဘယ်ဆိုင်မှာရောင်းတယ်၊ ဝယ်ပေးဆိုပြီး ပြောလာတယ်။ အဲလိုအပြောခံရတဲ့ အလုပ်သမားတွေက မဖြစ်မနေ ဝယ် ပေးရတယ်။ မဝယ်ပေးဘူးဆိုရင် အမျိုးမျိုး အကြောင်းရှာပြီး ဖိအားပေးတော့တယ်။” လို့ အလုပ်သမားတစ််ဦးက ပြောပါတယ်။
ကျွမ်းကျင်းကြေး တိုးလို့ စူပါတွေ လီတာတွေ မဝယ်ပေးတဲ့ အလုပ်သမားရှိခဲ့ဖူးပြီး အဲ့ဒီအလုပ်သမားတွေ ကို အလုပ်မလုပ်ဘူး၊ အပေါ့ ခဏခဏသွားတယ်၊ ပြင်ထည်တွေကျတယ် စတာတွေ ပြောဆိုပြိး စိတ်ပိုင်းဆိုင်ရာ ဖိအားပေး ပြောဆိုတာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။ '
“ စိတ်မညစ်ညစ်အောင် ဖိအားပေးတယ်။ စက်ရုံထဲမှာ လာဘ်စားမှု ဖိနိုပ်မှုတွေ ဖြစ်နေတာ။လုပ်သက် သုံးလပြည့် အလုပ်သမားတွေကို အများနည်းတူ ရသင့်တဲ့ ကျွမ်းကျင်အဆင့် မရကြဘူး။ ကျွမ်းကျင်ကြေးက အလုပ်ဆင်းရက်ပဲရတာ၊ ဘယ်လောက်မှ ရတာမဟုတ်ဘူး။ စူပါ၊ လီတာတွေကို ဘာပစ္စည်းမှ ဝယ်ပေးချင်ပါဘူး။” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
ကျွမ်းကျင်ကြေး တစ်နေ့ကို A4 အဆင့် ၅၀၀ ကျပ်၊ A3 ကို ၇၀၀၊ A2 ကို ၁၁၀၀ ၊ A1 ကို ၁၆၀၀ စက်ရုံဘက်က သတ်မှတ်ပေးထားပါတယ်။ အစမ်းခန့်အလုပ်သမားတွေ လုပ်သက် ၃ လပြည့်တဲ့အထိ ကျွမ်းကျင်ကြေးမပေးဘဲ စူပါ၊ လီတာတွေက ထောက်ခံပေးမှ ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲ့ဒီလို စနစ်တွေဖြစ်အောင် စက်ရုံဘက်က ဖန်တီးထားလို့ လုပ်ငန်းခွင်ထဲမှာ လာဘ်စားမှု ဖိနှိပ်မှုတွေ ဖြစ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ပိတ်ရက်မှာ စစ်တွေမြို့ ပြန်တဲ့ အလုပ်သမားတဦး ပြန်လာဖို့ ခက်ခဲနေလို့ စက်ရုံမန်နေဂျာက လုပ်သက်ခွင့်ပေးခဲ့ပေမဲ့ စက်ရုံမှူးက ရက်ပျက်များတယ်ဆိုပြီး အလုပ်ဆင်းခွင့်မပေးခဲ့ဘူးလို့ အလုပ်သမားတဦးက ပြောပါတယ်။
“ ပြန်လာလို့ မရလို့ စက်ရုံကို လုပ်သက်ခွင့်တောင်းတယ်။ လုပ်သက်က ၈ နှစ်ရှိလို့ စက်ရုံက လုပ်သက်ခွင့် ၁၀ ရက် မန်နေဂျာ က ပေးတယ်။ မေလ ၂ ရက်မှာ လုပ်သက်ခွင့် ပြည့်တယ် ပြန်လာလို့ မရလို့ အလုပ်သမားက မန်နေဂျာကို ခွင့်အနေနဲ့ ဆက်ပေးဖို့ပြောခဲ့တယ်။ မန်နေဂျာက ပေးခဲ့တယ်။ ပြန်ရောက်တော့ အလုပ်လာဆင်းလို့ ရလားဆိုတော့ ဆင်းရတယ်ပြောပါတယ်။ အလုပ်လည်း ပြန်ဆင်းတော့ စက်ရုံမှူးက အလုပ်ပျက်ရက် များလို့ အလုပ်ကထုတ်တယ်ပြောပြီး ပြန်လွှတ်တယ်။ အလုပ်သမားက သူတို့ ဆင်းရတယ်ဆိုလို့ ကြိုးစားပြီးပြန်လာခဲ့တာ။ ဒါကို လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ကို ဖြေရှင်းပေးဖို့ ပြောတော့လည်း အလုပ်ထုတ်လိုက်တာမို့ သူတို့ ဖြေရှင်းပေးလို့ မရဘူးပြောတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၈၀၀ ကျော်နဲ့ ONLY အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ စက်ရုံမှာ WCC အဖွဲ့ ဖွဲ့စည်းထားပြီး အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမထားဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026