NEWS

Dishang Fashion (Myanmar) ကိုယ်ထိလက်ရောက် ကျူးလွန်မှု နစ်နာသူအား အလုပ်ပြန်ခန့်ရန် အလုပ်သမားများ တောင်းဆိုထား

CoverLogo
37 Views
Dishang Fashion (Myanmar) အထည်ချုပ် စက်ရုံ မီးပူတိုက်ဌာက အောစူပါ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာတာကို ကာယကံရှင် နှစ်ဦးလုံး အလုပ်ထုတ်ခဲ့တဲ့ အတွက် နစ်နာသူကို အလုပ်ပြန်ခန့်ပေးဖို့ကို အလုပ်သမားတွေက လက်မှတ်ထိုးတောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ကိုဖြိုး_အောင်ကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမားတွေ စုပြီး လက်မှတ်ထိုးပြီး စက်ရုံကို တောင်းဆိုထားတယ်။ စက်ရုံဘက်ကတော့ EC (အလုပ်ခန့်ထားမှုစာချုပ်အတိုင်း) ကိုင်တွယ်ဖြေရှင်း ပေးတယ်ဆိုပြီး အလုပ်ထုတ်တာလို့ ပြောတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ကိုယ်ထိလက်ရောက် အကြမ်းဖက်ခဲ့တဲ့ အော်စူပါ ကိုစိုးကြီး (ခေါ်) စိုး_အောင်ကို အလုပ်ထုတ်တာက မှန်ကန်တယ်ဆိုပေမဲ့ ကျုးလွန်ခံရသူ အလုပ်သမား ကိုဖြိုး_အောင်ကို အလုပ်ထုတ်တာက ကျုးလွန်သူကို ကာကွယ်ပေးနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကျုးလွန်သူ အလုပ်ထုတ်တာက ဘာမှလဲ ထူးဆန်းတာမဟုတ်ဘူး။ အကြမ်းဖက်တတ်တဲ့သူ လုပ်ငန်းခွင်မှာ မရှိတာ တခြားအလုပ်သမားအတွက် ကောင်းတယ်။ နစ်နာသူ အလုပ်ထုတ်တာကတော့ နစ်နာသထက် နစ်နာအောင် လုပ်တဲ့ လုပ်ရပ် ဖြစ်နေတယ်။ လက်ခံလို့ မရသလို မှန်ကန်မှုလည်း မရှိဘူး” လို့ အလုပ်သမားတွေ က ပြောပါတယ်။
 
မှန်ကန်မှုမရှိသလို မတရား လုပ်တာဖြစ်တဲ့အတွက် နစ်နာသူဖြစ်တဲ့ ကိုဖြိုး_အောင်ကို အလုပ်ပြန်ခန့်ပေးဖို့က စက်ရုံကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
 
မေ ၁၉ ရက် နေ့လည် ၁၁ နာရီကျော်မှာ မီပူတိုက် ဌာန အော်စူပါ စိုးကြီး (ခေါ် ) စိုး_အောင်က အထည်စံချိန်မရတာကနေ တခြားအကြောင်းအရာတွေပြောဆိုပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်ခဲ့လို့ အလုပ်သမား ဖြိုး_အောင်ကို သွေးထွက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
 
ထိခိုက် ဒဏ်ရာတွေကို ဆေးရုံပို့ ကုသခဲ့ရပြိး အဲဒီက အပြန်မှာ စက်ရုံဘက်က စုံစမ်းစစ်ဆေးမှုမရှိဘဲ ကာယကံရှင် နှစ်ဦးကို အလုပ်ကနေ ချက်ချင်း ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
 
“စိုးကြီးက အမျိုးသမီးအလုပ်သမားတွေကို စော်ကားပြောဆိုလို စက်ရုံကို တိုင်ကြားခဲ့တယ်၊ WCC ကိုလည်း တိုင်တယ်။ ဒါပေမဲ့ ဖြေရှင်းမပေးဘူး။ တိုင်တဲ့သူတွေတောင် အလုပ်ထုတ်မယ်ဆိုပြီး စက်ရုံက ခြိမ်းခြောက် ခဲ့တာ၊ အခုမှ EC နဲ့ ကိုင်တယ်ဖြေရှင်း ပေးတယ်ဆိုပြီး အလုပ်ထုတ်တာကို လက်ခံလို့ မရဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ကျုးလွန်သူ အော်စူပါ ကို အရေးယူဆောင်ရွက်တာကို တရားဝင် စက်ရုံ ကြေညာဘုတ်မှာ ကပ်ပေးဖို့တောင်းဆိုစာကို အလုပ်သမားတွေရဲ့ လက်မှတ်တွေရဲ့ လက်မှတ်တွေနဲ့တကွ WCC ကို တင်ပြခဲ့ပြီးနောက် စက်ရုံဘက်က ကပ်မပေးနိုင်ဘူးလို့ တုန့်ပြန်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံ HR နှင့် မန်နေဂျာက နစ်နာသူ ဖြိုး_အောင် ကို အလုပ်ထုတ်လိုက်ပြီး ဖြစ်တဲ့အတွက် ရှင်းစရာ မလိုတော့ဘူးပေါ့၊ ကျုးလွန်းသူ အော်စူပါ အလုပ်ထုတ်သည်စာကို ကြေညာဘုတ်မှာ ကပ်မပေးနိုင်ဘူး၊ ကြည့်ချင်ရင် ကြည့်ဆိုပြီး၊ ပြပါတယ်။ အခုလို ကိစ္စရပ်တွေ ထပ်ဖြစ်လာရင် ဘယ်လို ဆောင်ရွက်ပေမးမလဲ မေးတော့ အလုပ်ထုတ်မှာပဲ၊ နစ်နာသူက ကြိုက်တဲ့နေရာ တိုင်းကြားလို့ ပြန်ပြောတယ်” လို့ ပြောပါတယ်။
 
လက်ရှိ လုပ်ငန်းခွင်မှာ ဌာနအလိုက် တာဝန်ခံတွေက ရိုင်းစိုင်းစွာပြောဆိုမှုနဲ့ အုပ်ချုပ်မှုတွေရှိနေလို့ အကြံပြု စာပုံအတွင်း လုပ်ငန်းခွင်အခြေအနေများနှင့် တင်ပြခဲ့ကြပေမဲ့ စက်ရုံဘက်က ဖြေရှင်းအရေးယူမှု မရှိခဲ့လို့ အလုပ်သမားတွေဘက်က စိုးရိမ်းမှုတွေ ရှိနေတာပါ။
 
“ စိုးကြီးဆိုတာ အရမ်း ရိုင်းရိုင်းစိုင်းစိုင်း စော်ကားခဲ့လို တိုင်ကြားခဲ့တာ အကြိမ်ကြိမ်ပါ၊ ဒါကို စက်ရုံက အရေးမယူခဲ့လို့ အခုလို ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ ဖြစ်လာတာ၊ နောက်ထပ် ဒီလိုတွေ ဖြစ်မလာဘူးလို့လည်း ပြောမရဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံထဲမှာ COC အဖွဲ့လို ကုန်အမှတ်တံဆိပ်ရဲ့ အလုပ်သမားအခွင့်အရေး နဲ့ စံချိန်စံညွှန်းတွေကို စောင့်သူတွေ ရှိနေပမဲ့ အခုလို ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုတွေနဲ့ လုပ်ငန်းခွင် မတရားမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
လက်ရှိ စက်ရုံမှာ ONLY အမှတ်တံဆိပ် အထည်တွေနဲ့ ဂျပန်အော်ဒါတွေ ချုပ်လုပ် နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026