NEWS

Dishang Fashion (Myanmar) အလုပ်သမားတွေတောင်းဆိုမှုပြုလုပ်

CoverLogo
465 Views
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် -၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံ မှာ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။
 
၎င်းစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်းဖြစ်ပြီးတော့ အလုပ်သမား ၉၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံဖြစ်ပါတယ်။
 
လုပ်ငန်းခွင်မှာ အရင်အတိုင်းခံစားခွင့်တွေပေးဖို့ ၊ အထည်စံချိန်ကို အလွန်အကျွံတောင်းခံတာမလုပ်ဖို့၊ အလုပ်သမားတွေရဲ့ သဘောတူညီချက်မပါဘဲ ဌာနပြောင်းရွှေ့ခိုင်းစေတာမလုပ်ဖို့ အလုပ်သမားတွေကလိုလားနေတာပါ။
 
စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ ဇွန်လက လုပ်ခ လစာတိုးပေးဖို့ ဆန္ဒပြတောင်းဆိုပြီးနောက်ပိုင်း အခွင့်အရေးတွေ စတင်ချိုးဖောက်ခံနေရတာဖြစ်ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေကို ယနေ့ချိန်ထိ ညှိနှိုင်းဖြေရှင်းပေးတာမရှိဘဲ ငြင်းဆန်နေသလို လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ကလည်း ညှိနှိုင်းမှုကို သေချာလုပ်တာမရှိဘူးလို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို တိုင်ကြားထားပါတယ်။
 
ဒါ့အပြင် ဆန္ဒပြအလုပ်သမားတွေကို EC စာချုပ်အတိုင်းအရေး ယူမယ်လို့ မန်နေဂျာက ခြိမ်းခြောက်ပြော ဆိုနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
 
တရုတ်နိုင်ငံသားပိုင်း ဒီစက်ရုံဟာ ONLY, BESTSELLER, PImKIe, FIRST DOWN တံဆိပ်တွေ ဖြစ်တဲ့ ဘောင်းဘီ နဲ့ အင်္ကျီတွေကို ချုပ်လုပ်နေတာဖြစ်ပါတယ်။
 
အလုပ်သမားတောင်းဆိုတဲ့ အချက်တွေကတော့
၁။ EC စာချုပ်ပါအချက်များ အတိုင်းဆောင်ရွက်ပေးသွားရန်။ သဘောတူညီမှုမပါပဲ ဌာနပြောင်းရွေ့ခြင်း မပြုလုပ်ရန်။
၂။ WCC မှ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရသည်ကို ပြေလည်အောင်မဖြေပေးခြင်း။
၃။ အုပ်ချုပ်ရေးပိုင်း ဝန်ထမ်းများခန့်အပ်ရာတွင် စက်ရုံ၏ ယခင်မူအတိုင်းမခန့်အပ်ပဲ ဘက်လိုက်ခြင်း၊ မျှတမှုမရှိခြင်း၊ မိမိတို့သဘောဆန္ဒအတိုင်း ခန့်အပ်ခြင်းတို့ကြောင့် လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုမရှိခြင်းအား ဖြေရှင်းပေးရန်။
၄။ ဦးအောင်နိုင်အကြံပေးသည် ဝန်ထမ်းမျာပေါ်တွင် မချေမငံဆက်ဆံခြင်း၊ ရိုင်းစိုင်းသောအပြုအမူ ပြုလုပ်၍ ပြေဆိုဆက်ဆံခြင်း။
၅။ ယခင်ပေးထားသောမုန့်စားချိန် ၁၅ မီနစ်တိုင်း ခံစားခွင့်ပေးရန်။ မပေးနိုင်ပါက လုပ်ခလစာ ၁၁၀၀၀ ကျပ်ပေါ်တွင် ၄၀၀၀ ကျပ်တိုး၍ ၁၅၀၀၀ ကျပ်ပေးရန်။
၆။ စကားပြန်များသည် လုပ်ငန်းဆောင်တာကိစ္စရပ်များကို ဘာသာပြန်ပေးရာတွင် အဆင်ပြေမှုများမရှိသဖြင့် ပြန်မေးရန်နှင့် လုပ်ငန်းခွင်အတွင်း လုပ်ငန်းကိစ္စရပ်များကို မိမိတို့သဘောဖြင့် ဝင်ရောက်စွတ်ဖက်ခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးယူဆောင်ရွက်ပေးရန်။
၇။ အလုပ်ဝင်နောက်ကျလျှင် စက်ရုံဘက်မှ ယခင်ပေးထားသည့် ၅ မီနစ်ကို ယခင်တိုင်းခံစားခွင့် ပေးရန်။
၈။ ယူနီဖောင်၊ ခေါင်းစီးများကို အေးသည့်အသားများဖြင့်ချုပ်လုပ်ပေးရန်။
၉။ ဌာနအသီးသီးတွင် စံချိန်မပြည့်မှီပါက ဝမ်တိန်ထိုးခိုင်းမပြုလုပ်ရန်နှင့် အလုပ်သမားထုတ်လုပ်နိုင်သည့် စံချိန်ကိုပေးရန်။
၁၀။ပါကင်ဌာနတွင် ယောင်္ကျားလေးများကို အထည်ပုံးများကားပေါ်တင်ခိုင်းသည်ကို ကားတင်ကြေး သတ်မှတ်ပေးရန်။
၁၁။ လုပ်ငန်းခွင်အတွင်း သယ်ဆောင်သည့် ဖော့ကလစ် မကောင်းသဖြင့် အသစ်လဲပေးရန်နှင့် လုပ်ငန်း အဆင်ပြေသယ်လို့ရရန်အတွက် ပစ္စည်းထပ်ဝယ်ပေးရန်။
၁၂။ မီးပူတိုက်ဌာနရှိ အလုပ်သမားများကို အပူခံကြေး တစ်နေ့လျှင် ၂၅၀၀ ကျပ် သတ်မှတ်ပေးရန်။
၁၃။ လစဉ် ဂရိတ်တိုးပေးရန်။
၁၄။ အချိန်ပိုကြေးကို ဒေးကြေးနှင့် အညီ တွက်ချက်ပေးရန်။
၁၅။ အော်စူပါ၊ စူပါများကို အလိုမရှိ။ စတဲ့အချက်တွေဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026