NEWS

Dishang Fashion (Myanmar) အထည်ချုပ်တွင် ဒေးကြေးတိုးမြှင့်ပေးရေး ဆက်လက်  တောင်းဆို

CoverLogo
835 Views

Dishang Fashion (Myanmar) အထည်ချုပ်တွင် လုပ်ခလစာ‌ ဒေးကြေးတိုးမြှင့်ရေးအပါအဝင် တောင်းဆိုချက်တွေကို အလုပ်သမားတွေကဆက်လက် တောင်းဆိုနေပါတယ်။ 

တောင်းဆိုမှုကို မေ ၁၉ ရက် နေပိုင်းမှာ  စတင်ခဲ့ပြီး အလုပ်သမားတွေက လုပ်ငန်းခွင်ရပ်တန့်  တောင်းဆိုနေတာလို့  ပြောပါတယ်။

လက်ရှိမှာတော့ အလုပ်သမားတွေငြိမ်းချမ်းစွာ အလုပ်ရပ်ဆန္ဒပြနေကြဆဲဖြစ်ပြီး မေ ၂၁ ရက်မှာ အရပ်ဝတ်များမှ  စက်ရုံကို လာရောက်ပြီး ဦးဆောင်တဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းယူသွားတယ်လို့ သိရပါတယ်။ 

Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ပိုင်စက်ရုံဖြစ်ပြီး လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် မင်းကြီး မဟာမင်းခေါင်လမ်းမှာဖွင့်လှစ်ထားပြီး  အလုပ်သမား ၉၀၀ ဝန်းကျင် နဲ့ ONLY , bestseller အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ 

စက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်ရှင်က တဖက်သက်ဖွဲ့စည်းထားတဲ့ WCC အဖွဲ့သာရှိတယ်လို့ ပြောပါတယ်။ 

အလုပ်ချိန်က မနက် ၇ နာရီ ၃၀ ကနေ ည ၇ နာရီ ၂၀ အထိ ဖြစ်ပြီး အချိန်ပို ၃ နာရီ ၃၀ လုပ်ရတယ်လို့ ပြောပါတယ်။ အချိန်ပိုကို တနင်္ဂနွေနေ့မှာပါ ပိတ်ရက်မရှိဆင်းရတာတွေရှိတယ်လို့ ပြောပါတယ်။

လုပ်ခလစာအနေဖြင့် ဒေးကြေး ၄၈၀၀ ကျပ်+ ထောက်ပံ့ကြေး ၂၀၀၀ ကျပ် + ရှာပါးစရိတ် ၃၂၀၀ ကျပ် စုစုပေါင်း ၁၀၀၀၀ ကျပ်နဲ့ အိုတီကြေး တနာရီ ၂၁၀၀ ကျပ် ရှင်းပေးပြီး ကျွမ်းကျင်ကြေး တစ်နေ့လျှင် A4 – ၅၀၀ ကျပ်, A3- ၇၀၀ ကျပ်, A2 ၁၁၀၀ ကျပ်, A1 ၁၆၀၀ ကျပ် သတ်မှတ်ထားပါတယ်။ 

ဒါကြောင့် မနားမနေလုပ်ကိုင်ရပေမယ့် စားဝတ်နေရေး မလောက်ငှတာကြောင့် အလုပ်သမားတွေဟာ မေ ၁၉ ရက်မှာ စတင်ပြီး လုပ်ခလစာတိုးပေးဖို့ လုပ်ငန်းခွင််မှာတောင်းဆိုမှုပြုလုပ်ခဲ့တာလို့ ပြောပါတယ်။ 

"WCC အလုပ်သမားကိုယ်စားလှယ်တွေက   အခုဆန္ဒထုတ်ဖော်မှုမှာ မပါတဲ့အလုပ်သမားတွေကို ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုပြီး ပြောပါတယ်။ ဒီလိုပြောဆိုမှုက  ဆန္ဒထုတ်ဖော်တဲ့အလုပ်သမားတွေကို သွေးကွဲအောင် ခိုက်ရန်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပါတယ်။ WCC အလုပ်သမားကိုယ်စားလှယ်အဖွဲ့က ဒီလိုလုပ်ဆောင်တာက  စက်ရုံမန်နေဂျာက ခိုင်းစေနေတဲ့ အတိုင်းလုပ်ဆောင်နေတာဖြစ်တယ်ဆိုတာ သူတို့ဘက်ကလည်း အတည်ပြုပြောထားပါတယ်။ ဆန္ဒပြနေတဲ့အလုပ်သမားတွေကို အခုလို ဆောင်ရွက်နေတာတွေကို ရပ်တန့်စေချင်တယ်" လို့ အလုပ်သမားကပြောပါတယ်။ 

မေလ ၂၁ ရက်နေ့ ညှိနှိုင်းမှုမှာ WCC အဖွဲ့ဝင်တွေကို အလုပ်သမားကိုယ်စားလှယ်နေရာမှာ ထိုင်ပြီး  ဆွေးနွေးခဲ့တာကြောင့်  "အလုပ်သမားအားလုံးရဲ့ တောင်းဆိုချက်တွေကို အလုပ်သမားတွေယုံကြည်ရတဲ့ ကိုယ်စားလှယ်တွေကိုပဲ ကိုယ်စားပြုပြီး  ဆွေးနွေးစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။ 

ဒေးကြေး ကျပ် ၁၅၀၀၀  ပေးဖို့၊ ရက်မှန်ကြေး ကျပ် ၂၀၀၀၀ တိုးပေးဖို့၊ ဂရိတ်အဆင့်အလိုက် ကျပ် ၁၀၀၀ စီ တိုးပေးဖို့၊ အထည်စံချိန်တွေကို ပုံသေသတ်မှတ်ပေးဖို့၊ ဥပဒေပါခွင့်တွေ ပေးဖို့၊ စူပါတွေက ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့၊ မုန်ဖိုး ကျပ်တထောင်ကို  ၁၅ ရက် တကြိမ်ရှင်းပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ 

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026