NEWS

Dishang Fashion Myanmar လစာခေါင်းပုံဖြတ်၊ဖိအားပေး အလုပ်ထုတ်

CoverLogo
753 Views
 
Dishang Fashion Myanmar စက်ရုံက နေ့စား အလုပ်သမားတွေရဲ့ လုပ်ခလစာကို ခေါင်းပုံဖြတ်ပြီး အလုပ်ထုတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံနေ့စားလုပ်သား ၁၀၀ ဝန်းကျင်က ဒေးကြေး၊ အချိန်ပိုကြေး ပဲရရှိပြီး ဥပဒေပါ တခြားခံစားခွင့်တွေ မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံမှာ နေ့စားရာဂဏန်းလောက်ရှိတယ်။ ဒေးကြေး တစ်သောင်း ၊ အချိန်ပိုနာရီ တနာရီ ၂၁၀၀ အဲနှစ်မျိုးပဲရပါတယ်။ ကျန်တဲ့ ခံစားခွင့် ဘာမှမရပါဘူး ။ ခွင့်တစ်ရက်ယူလည်း လစာမရတဲ့အပြင် အလုပ်ပါပြုတ်ပါတယ်။ ပထမဆုံး အလုပ်စဝင်ရက်မှာ ပိုက်ဆံမရပါဘူး။ ရက်ပေါင်ကြေးပေးရပါတယ်။ အော်တစ်(ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်) တွေလာလို့ ပြန်လွှတ်တဲ့နေ့ဆို နေ့တဝက်စာ ၅၀၀၀ ပဲရပါတယ်။ “ လို့ နေ့စားလုပ်သားတဦးက ပြောပါတယ်။
 
အော်တစ်တွေလာရောက်လို့ နေအိမ်ပြန်ရတိုင်း ကြိုပို့ယာဉ် စီစဉ်မပေးတာကြောင့် အပြန်စာရိတ် ကျပ် ၄၀၀၀ ဝန်းကျင် ကိုယ်တိုင် ကုန်ကျတယ်လို့ ပြောပါတယ်။ နေ့စားအလုပ်သမားတွေဟာ တနင်္လာနေ့ကနေ စနေနေ့ အထိ အလုပ်‌ဆင်းရပြီး‌ နေ့စဉ် လုပ်ခရှင်းပေးပေမဲ့ တခါတရံ နှစ်ရက်၊သုံးရက်ပေါင်း ရှင်းပေးတာလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ စက်ရုံဘက်က နေ့စားအလုပ်သမားတွေကို အမြဲတန်းခန့်ဝန်းထမ်း မခန့်ဖို့ ဥပဒေကို လက်တလုံးခြား ဆောင်ရွက် တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“နေ့စားအလုပ်သမားတွေ နှစ် ပတ်အလုပ်ဆင်းပြီးရင် အလုပ် ဖြုတ်တယ်။ နောက် မှတ်ပုံတင်မိတ္တူနဲ့ စာရွက် စာတမ်း အသစ်ပြန် လုပ်ပြီးမှ ပြန်ဝင်ရပါတယ်။ သူနာပြု အမကြီးနဲ့ ရုံးပေါ်က စာရေးမ‌တွေက သူ့တို့ နဲ့ ပတ်သက်သူတွေကို ဦးစားပေးခန့်တယ်။ ကျန်တဲ့သူတွေကိုတော့ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံပြီး‌ ‌ေ-ာက်နဲ့နှိုင်း ပြောတယ်။ " လို့ ပြောပါတယ်။
ဒါ့အပြင် စက်ရုံမှာ နေ့စားအလုပ်သမားတွေ အလုပ်လုပ်တာ ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်တွေ သိရှိသွားပါက အလုပ်ဖြုတ်မှာ ဖြစ်တဲ့အကြောင့် မရီရီဆိုတဲ့ စကားပြန်က မှာလိုက်တယ်ဆိုပြီးလည်း ကြီးကြပ်သူတွေက အလုပ်သမားတွေကို ပြောဆိုတယ်လို့ သိရပါတယ်။
 
HR မန်နေဂျာ အမျိုးသားက ရုံးပေါ်က ခိုင်းစေလို့ ဆိုပြီး ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်တဲ့ အပြင် အလုပ်မထွက်တဲ့ အလုပ်သမားတွေကိုWCC အဖွဲဝင်တွေက စောင့်ကြည့် ပြီး အပြစ်ရှာ အလုပ်ထုတ်တယ်လို့ အလုပ်သမားတဦးက အခုလို ပြောပါတယ်။
 
“ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို အလုပ်ဖြုတ်တော့ HR မန်နေဂျာက ခေါ်ပြောပါတယ်။ “ငါလည်း ဟိုဘက်ရုံးခန်းကခိုင်းလို့ လုပ်ရတာဆိုပြီး ကိုယ်ဘာသာအလုပ်ထွက်" ဖို့ ပြောတယ်။ အလုပ်မထွက်ရင် အဲ့ ကိုယ်ဝန်သည်ကို WCC တွေကို စောင့်ကြည့်ခိုင်းတယ်။ WCCတွေကလည်း ဓာတ်ပုံခိုးရိုက်ပြီး ရုံးပေါ်ပို့ ပေးလိုက်တယ်။ အဲ့နောက် ECစာချုပ် စည်းကမ်းဖောက်တယ်ဆိုပြီးအလုပ်က ထုတ်ပါတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့မတ်လမှာ Dishang Fashion Myanmar စက်ရုံ က အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဟောင်းတွေကို အလုပ်ထုတ်ခဲ့သလို ပြီးခဲ့ ရက်ပိုင်းမှာလည်း COC ဝန်ထမ်းတယောက်ကို EC စာချုပ် ချိုးဖောက် တယ်ဆိုပြီး အလုပ်က ထုတ်ထားတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
Dishang Fashion Myanmar Co.,ltd မှာ နေ့စားလုပ်သားအပါအဝင် အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပါတယ်။ စက်ရုံက လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် ၊ မင်းကြီးမဟာမင်းခေါင်လမ်းမှာရှိပြီး လက်ရှိ Bestseller ကုန်အမှတ်တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ Myanmar Labour News က သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026