NEWS

Dishang fashion အထည်ချုပ်စက်ရုံဝန်ထမ်းများပေးစာ

CoverLogo
2.5K Views

မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊အမှတ် ၉၆၊၉၇ တွင်ဖွင့် လှစ်ထားပြီး Neon & Nylon, Zara,  Only စသည့် Brands များချုပ်လုပ်သော Dishang Fashion အထည်ချုပ်စက်ရုံသည် ၁၇.၁.၂၀၂၂ ရက်နေ့တွင် အလုပ်ဆင်းရသောလူဦးရေ ၉ ဦးနှင့် ၄.၂.၂၀၂၂ ရက်နေ့များတွင် အလုပ်ဆင်းရသောလူဦးရေ ၅ ဦးတို့ကို All Lin ခေါ်ယူခဲ့ပါတယ်။

၄င်းအလုပ်ရှင်သည် ၃.၁.၂၀၂၂ ရက်နေ့အစားကို၂၄.၁၂.၂၀၂၁ ရက်နေ့တွင်ရက်စားဆင်းခိုင်းရာအဲ့ဒီနေ့မလာနိင်သည့် အလုပ်သမားများက ဥပဒေပါခံစားခွင့် တင်ခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ခွင့်မပေးခဲ့ပါ။

ထိုနည်းတူစွာ အလုပ်ရှင်သည် ၃၀.၁.၂၀၂၂ ရက်နေ့တွင် တနဂ်နွေနေ့ ရက်သတ်တစ်ပတ် ပိတ်ရက် မပေးဘဲ ၁.၂.၂၀၂၂ ရက်နေ့ တရုတ်နှစ်သစ်ကူးရက်ကိုသာ အလုပ်ရှင်မှ ရက်သက်တစ်ပတ် အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ပြီး အဲ့ဒီနေ့ လုပ်ငန်းခွင်သို့ မလာနိင်သည့် အလုပ်သမားများက ဥပဒေပါ ခံစားခွင့်များတင်ခဲ့သော်လည်း အလုပ်ရှင်မှ ခွင့်အဖြစ်သတ်မှတ်ပေးခြင်းမရှိခဲ့ပါ။

၆.၂.၂၀၂၂ တနဂ်နွေနေ့ကို အလုပ်ရှင် အိုပါတိုင် ခေါ်ယူခဲ့သောကြောင့် အလုပ်သမားများအလုပ်ဆင်းခဲ့ရပါတယ်။

၁၃.၂.၂၀၂၂ တနဂ်နွေနေ့ရက်ကို အလုပ်ရှင်မှအိုဗာတိုင် ထမ်မံ အလုပ်ဆင်းရန် အလုပ်ရှင်မှကြေညာခဲ့ခြင်းများပြုလုပ်နေပါတယ်။

စက်ရုံတွင် နေ့စားအလုပ်သမားများလည်းခေါ်ယူထားပါတယ်။ ထိုနေ့စားဝန်ထမ်း များမှာ ၃ လကျော် ၄ လလုပ်ရက်ရှိနေပြီး ဖြစ်ပါသော်လည်း အမြဲတမ်းဝန်ထမ်း မခန့်အပ်သေးပါ။

အဆိုပါကိစ္စရပ်များသည် အလုပ်သမားများရဲ့ ရသင့်ရထိုက်သည့် ဥပဒေပါအခွင့်အရေးများချိုးဖောက်ခံနေရခြင်းများ ဖြစ်သောကြောင့် ပေးစာကဏ္ဍကနေ ဖော်ပြပေးရန် မေတ္တာ ရပ်ခံပါတယ်။

အလုပ်သမားများ


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026