NEWS

Diamond Sea Sar Garment စက်ရုံ သုံးလကျော် ပိတ်ရက်မရှိ အချိန်ပိုခေါ်

CoverLogo
1.1K Views
 
Diamond Sea Sar Garment စက်ရုံက အများပြည်သူပိတ်ရက်တွေ အပါအဝင် ပိတ်ရက်မရှိ ၃ လ ကျော်ကြာ အောင် အချိန်ပိုလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာ စက်မှုဇုန် ၂ ၊ သံချပ်ဝန် ဦးညွန့်လမ်းမှာ အလုပ်သမား ၂၀၀ ဝန်းကျင်နဲ့ တဆင့်ခံ တရုတ်အော်ဒါထည်တွေ ချုပ်လုပ် နေတယ်လို့ Myanmar Labour News သိထားပါတယ်။
 
“စက်ရုံကို မြန်မာနိုင်ငံသား ပိုင်ပါတယ်။ မန်နေဂျာကတော့ အမျိုးသမီးပါ။ အချိန်ပိုက နေ့တိုင်း ၇ ခွဲအထိ လုပ်ရ တယ်။ အောင်းလင်း အော်နိုက်တွေ လုပ်ခိုင်းတယ်။ စနေနေ့တွေဆို ၄ နာရီခွဲဆင်းရတယ်ဆိုတာ တခါတလေ ပါပဲ။ အများဆုံးက ၆ ခွဲအထိ လုပ်ရတယ်။ တနင်္ဂနွေနေ့မှာလည်း ဆင်းရပါတယ်။” လို့ပြောပါတယ်။
 
နေ့လယ် ထမင်းစာအပြီး ၁၂ နာရီက စပြီး ညအိုတီပြီးချိန် ၇ နာရီခွဲအထိ အနားမရဘဲ ဆက်တိုက် လုပ်ကိုင်ရတဲ့ အပြင် အောလင်း အောနိုက် လုပ်ကိုင်ရတိုင်း စက်ရုံဘက်က အလုပ်သမားတွေအတွက် စားသောက်ရေး စီစဉ် ပေးတာ မရှိဘူးလို့ ပြောပါတယ်။ တနင်္ဂနွေနေ့ အချိန်ပိုတွေအတွက် စက်ရုံဘက်က လုပ်ခမပေးဘဲ ဒေကြေး ၄၈၀၀ နဲ့ လုပ်ခကို တွက်ချက်ပေးတယ်လို့ ဆိုပါတယ်။
 
“အချိန်ပို လုပ်ခတွေဆို ချက်ချင်း မရှင်းဘူး၊ ရုံးပေါ်တက် တောင်းရတာ။ “တွင်းထဲက နိုက်ရတာ မဟုတ်ဘူး” ဆိုပြီး အလုပ်ရှင်က ပြန်ပြောတယ်။ အလုပ်သမားအသစ်တွေဆို ၃၆၀၀ ပဲ ပေးတယ်။ ထောက်ပံကြေး ဆိုတာ အခု ၁၂ လပိုင်း(ဒီဇင်ဘာလ)မှ စပေးတယ်။ ၅၈၀၀ စရတာ တလပဲရှိသေးတယ် ” လို့ အလုပ်သမား တွေက ပြောပါတယ်။
 
Diamond Sea Sar Garment စက်ရုံက စနေနေ့ အများစုမှာ အောနိုက်ကိုခေါ်ယူခဲ့ပြီး တနင်္ဂနွေနေ့မှာပါ အလုပ် ကို ဆက်ခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က အများပြည်သူ ရုံးပိတ်ရက်တွေဖြစ်တဲ့ အမျိုးသမားနေ့၊ ခရစ်စမတ်နေ့ နဲ့ လွတ်လပ်ရေးနေ့တွေပါ လုပ်ကိုင် ခိုင်းနေတာလို့ သိရပါတယ်။
 
“၁၂ လပိုင်းထဲမှာ အမျိုးသားနေ့၊ ခရစ်စမတ်နေ့ နှစ်ရက်လုံးကို မပိတ်ခဲ့တာ ။ အချိန်ပို လုပ်ခမရတာ အလုပ်သမား အားလုံးအတူတူပဲ ။ ရက်ဆက် ဆင်းနေရတာ အခုဆို အလုပ်မလုပ်ချင်တော့ဘူး။ ပင်ပန်းလွန်းလို့။ ခေါင်းဆောင် တွေကို ပြောလည်း မရဘူး၊ HR ကို သွားပြောလည်း “လုပ်နိုင်ရင် လုပ် ၊ မလုပ်နိုင်ရင် ထွက်” ဆိုပြီး ပြောတယ်။ ”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လစာ ရှင်းရာမှာလည်း ကစ်စနစ်နဲ့ ချုပ်လုပ်လို့ အလုပ်သမားတွေ လုပ်ခများများရနေပါက ဒေးကြေးဆိုပြီး ပြန်ပြောင်း ရှင်းလင်းတာတွေလည်းရှိလို့ နစ်နာနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ကစ်စနစ်နဲ့ ဆို ပေးတဲ့ဈေးနဲ့ လစာ သုံးသိန်းအထက်မှာ ရရမယ်။ ချုပ်နိုင်တဲ့သူဆို လေးသိန်းလောက်ရမယ်။ အခု အိုတီတွေ တလလောက် လုပ်နေရလည်း လစာက နှစ်သိန်းလေးသောင်းနဲ့ နှစ်သိန်းငါးသောင်းပဲ ရနေတာ ။ လစာ ကို အပြည့် မပေးချင်တာလား မသိဘူး ။ အများကြီး နစ်နာရတယ်။ ဒါတွေကို ပွင့်ပွင့်လင်းလင်း ရှင်းပြပေးဖို့ လိုတယ်။ ခွင့်တွေဆိုလည်း မရဘူး “ လို့ ပြောပါတယ်။
 
အချိန်ပို အောလင်းအောနိုက် လုပ်ကိုင်ခိုင်းရာမှာ စက်ရုံဘက်က အစားသောက် ကျွေးမွေးထာမရှိတဲ့အပြင် အပြန် ဖယ်ရီ စီစဉ်ပေးတာလည်း မရှိဘူးလို့ ဖျားနာတာ ၊ ရက်ပျက်တာတွေလည်း ရှိတယ်။ လို့ အလုပ်သမားတွေက ထပ်ဖြည့် ပြောပါတယ်။
 
“ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ရယ်၊ ဝေးတဲ့ သူတွေဆို လမ်းလျှောက် ပြန်ရတယ်။ ရက်ပျက်ရင် ဒေးကြေး ၊ ရက်မှန်ကြေးတွေ ဖြတ်တယ်။ ခွင့်ဆိုလည်း နီးစပ်တဲ့သူတွေပဲ ရကြတယ်။ ခွင့်တိုင်ရင်တောင် မသေနိုင်ဘူးဆိုပြီး စွတ်ခေါ်တယ်။ ကြာတော့ အလုပ်သမားတွေက မခံစားနိုင်တော့ဘူး ။ နားချင်ကြတယ်။ အခုဆို ထွက်တဲ့သူတွေလည်း များတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Diamond Sea Sar Garment မှာ လက်ရှိ စက်လိုင်း ခြောက်လိုင်းရှိပြီး WCC အဖွဲ့ ဖွဲ့စည်းထားတာပေမဲ့ အလုပ်သမားတွေရင်ဆိုင်နေတဲ့ အခက်အခဲတွေကို ပြောပြ တိုင်းကြားလို့ မရဘူးလို့ ပြောကြားထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026