NEWS

Diamond Rental Myanmar ကုမ္ပဏီ စာချုပ်အလုပ်သမားများအား လုပ်သက် အကျုံးမဝင်ဟု ပြောဆို

CoverLogo
660 Views
 
Diamond Rental Myanmar ကုမ္ပဏီက စာချုပ်အလုပ်သမားတွေရဲ့ လုပ်သက်တွေ အကျုံးမဝင်ဘူးဆိုပြီး ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စာချုပ် ပြန်လည်ချုပ်ဆိုဖို့ ၆ ရက် နားရက်ပေးနောက် စာချုပ် ချုပ်မယ်ဆိုမယ်ဆိုပြိး ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“၆ ရက်ပိတ်ပြီး စဉ်းစားခိုင်းထားတယ်။ Mitsubishi Corporation စီမံမှုနဲ့ လုပ်ကိုင်ထားတဲ့ လုပ်သက်တွေကို အခု Noda က လွဲလိုက်တယ်။ ရှေ့မှာလုပ်ထား လုပ်သက်တွေကို အသိအမှတ်မပြုဘူး ပြောတယ်။ လုပ်သက် အသစ်နဲ့ စမယ်၊ ဒါကို သဘောတူရင် ဖွင့်ရက်မှာ စာချုပ်မှာ လက်မှတ်ထိုးဖို့ ကုမ္ပဏီက ပြောထားတယ်။ သဘောမတူရင် စာချုပ်မချုပ်ဘူး ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
Diamond Rental Myanmar ကုမ္ပဏီကို Mitsubishi Corporation နဲ့ Nikken Corporation တို့က ရှယ်ယာ ပိုင်ဆိုင်တယ်ဆိုပြီး ကုမ္ပဏီရဲ့ ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီကိုတော့ ၂၀၁၆ ခုနှစ်မှ တည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ Noda ကုမ္ပဏီက ကုမ္ပဏီစီမံမှုကို Mitsubishi Corporation ဆီက လွဲယူခဲ့တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
“Nada က ကုမ္ပဏီကို ပြောင်းယူပြီးကတည်း စာချုပ်ဝန်ထမ်းတွေကို လျှော့ချ နေတယ်။ စာချုပ်ဝန်ထမ်းကနေ ပါမစ်ဝန်ထမ်း ဖြစ်ဖို့ နှစ်ရှည် လုပ်ကိုင်လာခဲ့ရတာ။ အခုက စာချုပ်ဝန်ထမ်းတွေကိုပဲ ဦးတည် လျှော့နေတယ် ။ ရှေ့မှာလည်း အလုပ်သမားတွေ လျှော့တာ မနည်းတော့ဘူး။ ၆ ရက်နားပြီးမှ စာချုပ် ပြန်ချုပ်ပေးမယ် ဆိုတော့ ရှေ့က လုပ်ခဲ့တဲ့ လုပ်သက်တွေက အရမ်း နစ်နာရတယ်။ အဲ့အတွက် မေးတော့ ဘာမှ လုပ်မပေးဘူးဆိုပြီး ပြောတယ်။ " လို စာချုပ်ဝန်ထမ်း တစ်ဦးက ပြောလာပါတယ်။
Mitsubishi Corporation က ကုမ္ပဏီကို စီမံခန့်ခွဲကဆို အလုပ်သမားတွေကို EC စာချုပ် ချူပ်ဆိုတာမရှိဘဲ အရပ် စာချုပ်နဲ့ လုပ်ကိုင်းစေခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ်မှာ Diamond Rental Myanmar ကုမ္ပဏီကို Noda က လွဲပြောင်းရယူပြီးမှ EC စာချုပ်ကို ပုံစံအတိုင်းချုပ်ဆိုခဲ့တာလို့ အလုပ်သမားတွေက ပြောပါ တယ်။
“စက်ရုံမှာ စာချုပ် ဝန်ထမ်းက ၅၀ နဲ့ အမြဲတမ်းခန့် ဝန်ထမ်း ၅၀ လောက်ဆီ ရှိတယ်။ အမြဲတမ်းခန့် ဝန်ထမ်းတွေ က အင်ဂျင်နီယာလို့ ကျွမ်းကျင်ဝန်ထမ်းတွေ၊ ရုံးဝန်ထမ်းတွေပါ။ စာချုပ်ဝန်ထမ်းကတော့ အရင် ၁၀၀ လောက် ကနေ ၄ ကြိမ်လျှော့လိုက်တာနဲ့ အခု ၅၀ လောက်ပဲကျန်တယ်။ “ လို့ ပြောပါတယ်။
Diamond Rental Myanmar Company Limited က ဂျပန်အစိုးရရဲ့ အထောက်အပံ Official Development Assistant (ODA) အစီအစဉ်ရဲ့ မြန်မာနိုင်ငံ အတွင်းက စီမံကိန်းတွေတော်တော်များများ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ရထားလမ်း အဆင့်မြှင့်တာ၊ တံတားဆောက်တာ၊ ဆိပ်ကမ်းတွေ၊ အထူး စီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ပြီး လက်ရှိ ဆောက်လုပ်နေတဲ့ ဒလ-ရန်ကုန် တံတား စီမံကိန်းမှာလည်း ပါဝင်လုပ်ကိုင်နေတယ်လို့ ကုမ္ပဏီဝန််ထမ်းတွေဆီက သိရပါတယ်။
" အချိန်တွေ ရင်းပြီး စာချုပ်ဝန်ထမ်း နဲ့လုပ်တာက ပါမစ်ဝန်ထမ်း ဖြစ်ဖို ကြိုးစားရတာပါ။ အခု လျှော့ချတဲ့ အလုပ်သမားတွေက စာချုပ် ဝန်ထမ်းတွေ၊ လုပ်သက်ရင့်သူတွေပါ ။ ဒီလို အလုပ်သမားတွေအပေါ် တရားမဝင် လုပ်ဆောင်တာတွေကို ဂျပန်အစိုးရ နဲ့ JICA ကို သံရုံးကနေတဆင့် အကြောင်းကြားထားတယ်။ ဒီပြင်လည်း ဂျပန်နိုင်ငံက ဂျပန်နိုင်ငံသားတွေ သိရှိအောင် ဆက်သွယ် လုပ်ဆောင်သွားမယ်လို့။” အလုပ်သမားရေး ဆောင်ရွက်သူ တဦးက ပြောပါတယ်။
Diamond Rental Myanmar Company Limited က စက်ယန္တရားနဲ့ စက်ကိရိယာတွေ ငှားရမ်းတဲ့ ကုမ္ပဏီဖြစ်ပြီး ရန်ကုန်မြို၊ သီလဝါစက်မှုဇုန်၊ သီလဝါ လမ်းမကြီးမှာ လုပ်ငန်းလုပ်ကိုင်နေတယ်လို သိရပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026