NEWS

DELTA MATE Myanmar စက်ရုံ အော်ဒါမရှိဟုဆိုပြီး လုပ်ခ လစာ ဖြတ်တောက်

CoverLogo
1.1K Views

GUESS အမျိုးသမီး လက်ကိုင်အိပ်ချုပ်လုပ်တဲ့ DELTA MATE Myanmar Co.,Ltd စက်ရုံက အော်ဒါပါးတယ်လို့ ဆိုပြီး အလုပ်သမားတွေရဲ့ လုပ်ခ လစာ ၂၀ ရာခိုင်နှုန်းကို ဖြတ်တောက် ရှင်းပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

“အဲလို ရှင်းပေးတာ နှစ်တိုင်းပဲ ။ အခုလို ကြုံနေရတာ ၃ နှစ် ကျော်နေပြီ ။ အလုပ်ချိန်ကတော့ နေ့တဝက်ပဲ လုပ်ပေးရ တာပါ “ လို့အလုပ်သမား တဦးက ပြောပါတယ်။

 

အလုပ် မနက် ၇ နာရီခွဲကနေ နေ့လည် ၁၁ နာရီခွဲအထိ လုပ်ကိုင်ပေးရပြီးနောက် အလုပ်ကနေ ပြန်လွှတ်ပေး လိုက်တာလို့ ဆိုပါတယ်။ ဒါပေမဲ့ စက် ရုံကနေအလှမ်းဝေးတဲ့ အလုပ်သမားတွေကတော့ ကိုယ်ပိုင်အစီအစဉ်နဲ့ ပြန်ကြရတယ်လို့ ပြောပါတယ်။

 

“နေ့လယ်ပြန်ရတဲ့အခါ ဝေးတဲ့သူတွေကို ဖယ်ရီမပေးဘူး။ ကိုယ့်အစီအစဉ်နဲ့ ပြန်ဖို့ ၃၀၀၀ ပေးတယ်။ ဒါပေမဲ့ သူတို့ အိမ်ရောက်ဖို့ဆိုတာ ၃၀၀၀ လောက်နဲ့ မရဘူး ၅၀၀၀ လောက်ကုန်ကြတယ်။ အိတ်စိုက် ပြန်ရတာပဲ။ ၈၀ ရာခိုင်နှုန်း ပဲရတော့ လုပ်ခက ၂၀၀၀ ဝန်းကျင်ပဲ ကျန်တယ်။” လို့ အလုပ်သမားတဦးက ရှင်းပြ ပါတယ်။

 

နှစ်စဉ် အခုလို အော်ဒါပါးတယ်ဆိုပြီး လုပ်ခ ၈၀ ရာခိုင်နှုန်းသာ ရှင်းပေးတာက ဒီဇင်ဘာလက စပြီး ဧပြီလကုန် လောက်အထိ ဖြစ်လို့ ၅လလောက်က လုပ်ခလစာ အပြည့်မရဘဲ လုပ်ကိုင်နေရတာလို့ ပြောပါတယ်။ ရက်မှန် ကြေးကို အပြည့်ပေးထားပေမဲ့ အာဝါရီ (Hourly) ကြေးကို တဝက်သာ ပေးလို့ ပုံမှန်လုပ်ခ လစာထက် ၃၀ ရာခိုင်နှုန်းလောက် လျော့ရတာကိုလည်း တွေ့ရပါတယ်။

 

“ဒေးကြေးက ၈၀ ရာခိုင်နှုန်း၊ အာဝါရီက ၅၀ ရာခိုင်နှုန်းပဲရတယ်။ ရက်မှန်ကြေးကို အပြည့်ပေးထားလို့ တော်သေး တယ်။ အစိုးရထောက်ပံ့ကြေးရောဆိုမှာ စုစုပါင်း တသိန်းခုနှစ်သောင်းကျော်ကျော်လောက်ပဲ ရတယ်။ ပုံမှန် ဆိုရင် နှစ်သိန်းခွဲလောက် ရပါတယ်။ အောလီဒါတွေကတော့ အပြည့်ရပါတယ်။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

စက်ရုံဘက်က အလုပ်သမားခေါင်းဆောင်(လီဒါ)တွေကို ခံစားခွင့်လျှော့ချဖြတ်တောက်တာမရှိဘဲ ပုံမှန်အတိုင်း ပေးထားတာကြောင့် အတွင်း အလုပ်သမားအချင်းချင်းအတူတူပေမဲ့ ခွဲခြားဆက်ဆံခံ နေရ တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

 

“ အလုပ်သမားတွေကို အချိန်ပိုကြေး မပေးဘူး ၊ လီဒါ ခေါင်းဆောင်တွေကို အချိန်ပိုကြေး ၄၆ နာရီ ထည့်ပေး တယ်။ ထမင်းဖိုး၊ ခေါင်ဆောင်းကြေး အဲလိုတွေ အကုန်အပြည့်ပေးထားတယ်။ နောက် စက်ရုံထဲက ဌာနတခုမှာ ဆို ကိုရီးယားလူမျိုးဆရာက အလုပ်သမားတွေကို အကုန်ပြန်လွှတ်တယ်။ ခေါင်းဆောင်တွေ ချန်ထားပြီး လုပ်ခိုင်းတာ။ အလုပ်တွေရှိနေလဲ အဲလို လုပ်တယ်။ လစာရှင်းတော့လဲ ခွဲခြားတယ်။ အလုပ်မှာလည်း ခွဲခြား တာမျိုး “ လို့ အလုပ်သမားတွေက ပြောပါတယ်။

 

နောက်တရက်မှာတော့ လီဒါတွေမပြီးတဲ့ အလုပ်တွေကို အလုပ်သမားတွေက အပြီးအစီး ပြန်လုပ်ပေးရပေမဲ့ ကိုရီးယားလူမျိုး ကြီးကြပ်ရေးမှူးရဲ့ ခွဲခြားမှုကို အမြဲခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောကြားကြ ပါတယ်။  

 

“ကျွန်မတို့က ဥပဒေပါအတိုင်း လုပ်ခလစာရှင်းပေးဖို့ ၊ ခွဲခြားမှုတွေကို မလုပ်ဖို့ပါဘဲ။ စက်ရုံမှာလည်း လုပ်သက်တွေမနည်းတော့ဘူး။ ဘယ်သူဘယ်ဝါ ဘာလုပ်တယ်ဆိုတာ သိနေတာ” လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။ 

 

DELTA MATE Myanmar Co.,Ltd စက်ရုံဟာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကြာကန်ကျေးရွာမှာ ရှိပြီး လုပ်သား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံအတွင်း အလုပ်သမားသမဂ္ဂနဲ့ WCC အဖွဲ့တွေ ဖွဲ့စည်းထားတာ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။ 

 

Photo - DELTA MATE Myanmar Co.,Ltd


Related posts

Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Feb 27, 2026
Cover
လုပ်သက်ခံစားခွင့် ရက်ပုံသေသတ်မှတ်လို့ Dooriga Global Garment အလုပ်သမားများနစ်နာရ၊ လုံခြုံရေးများ ခန္ဓာကိုယ်စမ်းပြီး ဖုန်းစစ်
Feb 27, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026