NEWS

Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ

CoverLogo
291 Views
 
Delo Myanmar garment အထည်ချုပ်စက်ရုံရဲ့ လိုင်းစူပါတွေက လုပ်ခလစာ အစွန်းထွက်တွေကို ဖြတ်ယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလိုဖြတ်ယူတဲ့ အပြင် ဆေးဖိုးဆိုပြီး သီးခြားကောက်ခံနေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောထားပါတယ်။
 
“လစာစာအိတ်ထဲမှာ အစွန်းထွက် ပိုက်ဆံတွေကို အကုန်ဖြတ်ယူနေတာ၊ လကုန်ရင်လည်း ဆေးဖိုးဆိုပြီး တစ်ယောက်ကို နှစ်ထောင် ထပ်ကောက်တယ်၊ မပေးချင်လဲ မပေး မနေရ ပေးနေရတာ” လို့ ပြောပါတယ်။
 
စက်လိုင်းမှာ အလုပ်သမား ၃၀ ဝန်းကျင်ရှိပြီး ဝယ်တဲ့ ဆေးတွေက အကိုက်ခဲပျောက် ဆေး၊ မဟာဖြေဆေး လို ဆေးအမျိုးအစားတွေပဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါအပြင် လုပ်ငန်းခွင်အတွင်း ကုန်ပစ္စည်းတွေ ရောင်းချတာ ၊ ဘက်လိုက်တာတွေပါ လိုင်းစူပါတွေက ပြုလုပ်နေတာလို့ ပြောပါတယ်။
 
“ပိုက်ဆံကောက်ပြီး ဆေး ဝယ်နေတာ၊ စာရင်း တခါမှမပြဘူး၊ စူပါက ဂရိတ်ကြေးတိုးပေးထားတယ်ဆိုပြီး လကုန်တိုင်း သူတို့ ရောင်းတဲ့ ပစ္စည်းတွေ ဝယ်ခိုင်းတယ်။ နောက် သူလိုချင်တာ ဝယ်ပေးတဲ့ သူဆို အရမ်း မျက်နှာသာပေးတယ်။
အထည်ကြေးများတဲ့ ပွိုင့်ကို ချုပ်ခိုင်းတယ်။ ပြီတော့ အခြားသူကို ကူချုပ်ခိုင်းတယ်။ ကူပေးရတဲ့သူကတော့ ဘာမှမေပးဘူး။ အလုပ်သမားက ချုပ်ရတာ အများကြီး၊ အထည်ကြေးကို နည်းနည်းပဲရနေတာ။” လို့ ပြောပါတယ်။
 
အခုလို အလုပ်သမားတွေအပေါ် စူပါတွေက ခေါင်းပုံဖြတ်နေပေမဲ့ အော်စူပါ နဲ့ HRမန်နေဂျာ ဖြေရှင်းပေးတာ ၊ တားမြစ်တာမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် အချိန်ပိုပြီးဆုံးတဲ့အထိ တဆက်တည်းလုပ်ကိုင်ရပြီး ညနက် အချိန်ပိုပါ ဆက်ဆင်းပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ထမင်းစားချိန်နာရီဝက်ထဲက ၁၀ မိနစ် မီတင်လုပ်တယ်။ ထမင်းစားနားပြီးကတည်းက တဆက်တည်း လုပ်ကိုင်ရတယ်။ ပြီးတော့ ည ၁၂ နာရီအထိ လုပ်ခိုင်းပြန်တယ်။” လို့ ပြောပါတယ်။
 
နေမကောင်းပြီး အချိန်ပို မဆင်းးနိုင်လို့ ညနေ ၄ခွဲ ပြန်ဖို့ကို စူပါတွေက ဂိတ်ပတ် မပေးလို့ ပြန်မရဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အထည်စံချိန်ကို အောစူပါ၊ စူပါတွေက မတရားသဖြင့် ဆဲဆို တောင်းခံပြီးအပေါ့အပါး သွားတဲ့ အလုပ်သမားတွေကို နောက်က လိုက်ကြည့်ပြီး ပြောဆိုတယ်လို့ ပြောပါတယ်။
 
“ အဲလို လိုက်ကြည့်တာ အိမ်သာ မသွားရဲ လောက်အောင်ပဲ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေလည်း မရဘူး၊ ခွင့်မရတော့ ရက်ပျက်ဆိုပြီး ဒေးကြေး ၁၁၅၀၀ ၊ ရက်မှန်ကြေး ၄၀၀၀၀ ဖြတ်တယ်။” လို့ ပြောပါတယ်။
 
Delo Myanmar garment စက်ရုံမှာ အလုပ်သမား ၅၀၀ ကျော်လုပ်ကိုင်နေပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ ဖွင့်လှစ်ထားပါတယ်။ စက်ရုံမှာ အမျိုးသမီး အတွင်းခံတွေ ချုပ်လုပ်ပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက်တွေပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို Dongxin Garment Co, Ltd လိမ်လည်ဖြေရှင်း
May 29, 2026