NEWS

CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ

CoverLogo
182 Views
 
CYKK အထည်ချုပ်စက်ရုံက အချိန်ပို အတင်းအကျပ် ဆင်းခိုင်းပြီးတဲ့ အပြင့် တနင်္ဂနွေလို့ အများပြည်သူ အလုပ် ပိတ်ရက တွေမှာ အတင်းအကျပ် လုပ်ကိုင်ခိုင်းပြီး လုပ်ခလစာပါ မပေးဘူးလို့ အလုပ်သမား တဦးက ပြောပါတယ်။
 
"OT ကို မဆင်းမနေရ ဆင်းခိုင်းတယ်။ မဆင်းရင် အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တယ်။ လုပ်ခ မပေး ဘူး၊ ထောက်ပံကြေးမပေးဘူး၊ မဆင်းတဲ့နေ့အတွက်မပေးဘူး အဲ့လိုတွေ ခြိမ်းခြောက်တယ်။ တရက် ပျက်တာနဲ့ တောင် သုံးသောင်း ဖြတ်ပါတယ်။ တနင်္ဂနွေနေ့တွေ ခေါ်တဲ့ OT ဆိုရင် ဖယ်ရီလည်း မရှိဘူး၊ ကိုယ့်စာရိတ်နဲ့ကိုယ် အလုပ်လာရတယ်။ OT
ကြေးလည်းမရဘူး။ အလကား ခိုင်းတာပါ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ခွင့်တစ်ရက် ခပျက်တာနဲ့ ရက်မှန်ကြေးရော နေ့တွက်ခရော ဖြတ်မယ်လို့ ခြိမ်းခြောက်ခံရတဲ့အပြင် ဆေးခွင့်လို ဖူလုံရေးခွင့်ယူဖို့ ရှင်းလင်း ပြောပြတာ မရှိဘူးလို့ အလုပ်သမာတွေမှာ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ပြောပါတယ်။
 
လက်ရှိ ဒေးကြေး ကျပ် ၈၀၀၀ နဲ့ အိုတီကြေး ကျပ် ၂၀၀၀ သတ်မှတ် ရှင်းပေးပြီး လစာ ထုတ်ရက်တိုင်းမှာ နောက်ကျမှ လစာ ထုတ်ပေးတာကြောင့် အလုပ်သမားတွေမှာ သွားလာရေး အခက်အခဲ တွေ ဖြစ်ရတယ်လို့ ပြောပါတယ်။
 
“လစာထုတ်ရက်ဆို ၄ နာရီခွဲ ထုတ်ပေးရမှာကို ၅ နာရီကျော်မှ ထုတ်ပေးတော့ နောက်ကျနေပြီ။ ဖယ်ရီကားတွေလည်း မလုံလောက်ဘူး ။ အဲ့လိုဆိုတော့ နောက်ကျမှ ပြန်ရတာ အဆင်မပြေဘူး" လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
ဒါ့အပြင် ကျန်းမာရေးအခြေအနေအရ ဂိတ်ပတ်စ်တောင်းတာမျိုးဆို လုံးဝခွင့်မပြုပဲ ပြန်မလွှတ်တဲ့အပြင် ပြောဆို ဆက်လက် ခိုင်းစေတယ်လို့ သိရပါတယ်။
 
"နေမကောင်းလို့ ပြန်ခွင့်တောင်းတာတောင် ဂိတ်ပတ်စ်(Gate Pass) ထုတ်မပေးဘူး။ မနေ့ကဆို အမောဖောက်ရောဂါနဲ့ အလုပ်သမားတစ်ယောက် အလုပ်ထဲမှာတင် အရမ်းဖြစ်နေတာကို အတင်း ဆက်ခိုင်းထားတာ" လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
 
ဂိတ်ပတ်စ်ကို မပေးတဲ့ အပြင် အထည်စံချိန်ပြည့်ဖို့ အလုပ်သမားတဦးကို အလုပ်နှစ်မျိုး အနည်းဆုံး လုပ်ရပေမဲ့ တောင်းတဲ့ စံချိန်မပြည့်ပါက ပြောဆိုခံရတယ်လို့ ပြောပါတယ်။
 
“ချုပ်တဲ့ ပွိုင့်တွေ ခက်ခဲတာနဲ့ လူတစ်ယောက်ကို နှစ်မျိုးလုပ်ရတော့ ဖိအားတွေနဲ့ဆိုတော့ စံချိန် မပြည့်ကြဘူး။ အဲ့လိုဆို ခေါင်းဆောင်တွေက ပြောဆိုတယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်စတင်ပြီးကတည်းက ထမင်းစားချိန် တချိန်တည်းသာ နားချိန်ရှိပြီး အဲဒီ နားချိန်ကို အပြည့်အဝ မပေးဘဲ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ထမင်းနားချိန်က နာရီဝက်ဆိုပေမဲ့ တကယ်တမ်း ၁၅ မိနစ်ပဲ နားရတယ်။ အောစူပါက စက်ရုံ အပေါက် ဝ ကနေ အော်ခေါ် နေတာ။ နားနေတုန်းမှာတောင် ဆေးကြော်ငြာတာတွေကို နားထောင်ပေးရတော့ ကောင်းကောင်း အနားမရဘူး။ ထမင်းစားချိန်ကလွဲလို့ ညနေ အချိန်ပို ပြီးတဲ့ အထိကို အနား မရ တော့ဘူး။” လို့ ပြောပါတယ်။
 
CYKK အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဦးဖိုးကြားလမ်းနှင့် ဆရာစံလမ်းဆုံ အနီးမှာ ရှိပြီး ဂျပန် အော်ဒါ Tomor Sakura အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

Related posts

Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026
Cover
Jie Sen Garment (Myanmar) စက်ရုံ အလုပ်သမား ၄၀ အား အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar LNY CAPS (1) စက်ရုံ ပုတ်ပြတ်လုပ်သားများအား အချိန်ပို ၆၁ နာရီ အဓမ္မခိုင်းစေနေ
Feb 23, 2026