NEWS

CTUMအမျိုးသမီးရေးရာကော်မတီဥက္ကဌ မိဘများနေအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရောက်မွှေနှောက်ပြီးစုဗူးနဲ့ လက်တောပ့်တလုံးခိုးယူသွား

CoverLogo
1.3K Views

အာဏာသိမ်းပြီးကာလစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာပါဝင်တယ်ဆိုပြီး
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှအမျိုးသမီးရေးရာကော်မတီဥက္ကဌတဦးဖြစ်တဲ့မဆွေဆွေခိုင်ရဲ့ဇာတိရွာကမိဘတွေအိမ်အထိစစ်ကောင်စီကလိုက်လံရှာဖွေတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

"ပထမကကျမနေတဲ့အဆောင်မှာဝရမ်းထုတ်ထားတယ်ဆိုပြီး၂ခါလောက်လာရှာတယ်ပထမတခေါက်ကရက်ကွက်လူကြီးတွေနဲ့နောက်တခေါက်ကတော့စစ်ကားသုံးစီးလောက်နဲ့လာရှာတယ်ပြီးတော့ရွာကမိဘတွေအိမ်လဲဝင်မွှေပြီးစုဗူးနဲ့လက်ပ်တော့တလုံးကိုယူသွားတယ်"လို့မဆွေဆွေခိုင်ကMLNကိုပြောပါတယ်။

အာဏာသိမ်းပြီးကာလအလုပ်သမားအမျိုးသမီးဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့မဆွေဆွေခိုင်ကိုသူနေထိုင်တဲ့ကမာရွတ်မြို့နယ်ထဲကအဆောင်အပြင်အလုပ်ထဲမှာပါဝရမ်းထုတ်ထားလို့ယခုချိန်အထိတိမ်းရှောင်နေရဆဲပါ။

"ရှောင်ရတိမ်းရတာကျမတို့အမျိုးသမီးတွေအနေနဲ့မလုံခြုံဘူးအလုပ်ကလဲလက်မဲ့ဆိုတော့ကျန်းမာရေးတခုခုဖြစ်ရင်တောင်ဆေးကုသဖို့မလွယ်ဖူး"လို့သမကဆက်ပြောပါတယ်။

ဒီလိုတိမ်းရှောင်​ေန​ရပေမယ့်CTUMအပြင်အထည်ချုပ်လုပ်သားသမဂ္ဂIWFMမှာပါအမျိုးသမီးရေးရာကော်မတီအဖြစ်ပါဝင်နေတဲ့မဆွေဆွေခိုင်ကအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု့တွေအတွက်သူတို့မှာတရားဝင်လုပ်ပိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်။

"လက်ရှိအလုပ်သမားတွေကလဲဒုက္ခရောက်နေကြတယ်စက်ရုံတွေကလူတွေလျော့တယ်အိုဗာတိုင်ကြေးမပေးပဲအိုဗာတိုင်တွေခေါ်နေတာတွေလဲရှိနေတယ်ပေါ့ဒီကိစ္စတွေအတွက်ကျမတို့မှာလုပ်ပိုင်ခွင့်ရှိတယ်"လို့မဆွေဆွေခိုင်ကပြောပါတယ်။

လက်ရှိတိမ်းရှောင်နေရတဲ့အခြေအနေမှာသူမရဲ့အခြေအနထက်မိဘတွေရဲ့လုံခြုံရေးကိုပိုပြီးစိတ်ပူနေရတယ်လို့သူမကဆိုပါတယ်။


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026