NEWS

Creative Sewing Garment စက်ရုံက လျှပ်စစ်မီးပျက်၍ ပိတ်ခဲ့ရသည့် ရက်အတွက် အစားပြန်ဆင်းခိုင်း၊ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ

CoverLogo
887 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က Creative Sewing Garment အထည်ချုပ်စက်ရုံက မီးပျက်တာကြောင့် စက်ရုံပိတ်ခဲ့ရတဲ့ ရက်အတွက် အစားထိုးပြန်ဆင်းပေးရမယ်လို့ ပြောဆိုတာကြောင့် စက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြတောင်းဆိုနေတယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဆီက သိရှိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က Creative Sewing Garment စက်ရုံမှာ လျှပ်စစ်မီးပျက်နေသလို့ မီးစက်လည်း ပျက်နေတာကြောင့် စက်ရုံလည်ပတ်မှု မရှိဘဲ အလုပ်ပိတ်ခဲ့ရတယ်လို့ စက်ရုံအလုပ်သမား တွေက ပြောဆိုထားတာပါ။ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်မှာတော့ Creative Sewing Garment စက်ရုံ HR မန်နေဂျာက မီးပျက်လို့ စက်ရုံ ပိတ်ခဲ့ရတဲ့ရက်အတွက် စက်တင်ဘာလ ၂၄ ရက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေကို အစားထိုး အလုပ်ဆင်းဖို့ ပြောဆိုတဲ့အတွက် စက်ရုံက အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ တောင်းဆိုနေတာလို့ FGWM ဆီက သိရပါတယ်။

Creative Sewing Garment စက်ရုံဟာ ရန်ကုန်တိုင်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း မှာ ဖွင့်လှစ်လုပ်ကိုင်နေပြီး O`NEILL ၊ ZR ကုန် အမှတ်တံဆိပ်တွေ ချုပ်လုပ်နေ တယ်လို့ သိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
အလုပ်အချိန် အလွန်အကျွံဖိအားပေးခိုင်းစေပြီး အခွင့်အရေးချိုးဖောက်
Jun 20, 2025
Cover
Myanmar Ayeyarwaddy MFG စက်ရုံ ရက်ပျက်ဆိုပြီး ၂ ရက်အတွက် ဒေးကြေးဖြတ်
Jun 20, 2025
Cover
အချိန်ပိုကြေးမပေးတဲ့အပြင် အထည်စံချိန်အလွန်အကျွံတောင်းခံတာကြောင့် အလုပ်သမားအချို့ အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်တာတွေရှိနေ
Jun 19, 2025
Cover
ဘန်ကောက်တွင် တနေ့လုပ်ခ အနည်းဆုံး ဘတ် ၄၀၀ တိုးပေးမည်
Jun 19, 2025
Cover
အလုပ်သမားဝင်ငွေကနေ အခွန်ဖြတ်
Jun 19, 2025
Cover
အလုပ်သမားခေါင်းဆောင် ဦးသက်နှင်းအောင်ကို အဆိုးရွားဆုံးပုံစံဖြင့် ဆက်လက်တိုက်ပိတ်ထားဟုဆို
Jun 19, 2025
Cover
Tai Hong Garment အလုပ်ရှင် အလုပ်သမား နှစ်ဖက် သဘောတူညီချက် ရရှိပြီး လုပ်ငန်းခွင် စတင်
Jun 19, 2025
Cover
Fang Hua အထည်ချုပ် နားရက် အိုတီမဆင်းသူများအား ရက်မှန်ကြေး ဖြတ်
Jun 19, 2025