NEWS

Create Beauty (Myanmar) Kinitted စက်ရုံ တစ်လ ၂ ရက်ပဲ အနားပေး၊အချိန်ပို မဆင်းသည့် လုပ်သားများအား အလုပ်ထုတ်

CoverLogo
473 Views
 
Create Beauty (Myanmar) Kinitted စက်ရုံက အလုပ်သမားတွေကို တစ်လ ၂ ရက်သာ အနားပေးပြီး အချိန်ပို မဆင်းတဲ့ အလုပ်သမားတွေကို အလုပ်က ထုတ်ပယ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။တနင်္ဂနွေနားရက် အများစု အလုပ်ဆင်းရပြီး အလုပ်မဆင်းတဲ့ အလုပ်သမားတွေကို အောစူပါဆိုသူက ဆူပူပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တနင်္ဂနွေ အလုပ်ဆင်းရတယ်ဆိုတာ တပတ်ခြားလည်း မဟုတ်ဘူး။ ဆင်းခိုင်းတဲ့ အချိန် ဆင်းရတာ။ တလ ၂ ရက် ပဲ အနားရတယ်။ ကြာတော့ မခံနိုင်တော့ဘူး။ အထည်တွေ အရေးကြီးလို့ ခေါ်ရင် ဆင်းရမယ် ဆိုပြီး ခေါင်းဆောင်တွေက ပြောတယ်။ ပြီးတော့ တနင်္ဂနွေမဆင်းလို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ လည်း ရှိတယ် " လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
နေ့စဉ် အချိန် ၃ နာရီအပါ မနက် ၇ နာရီခွဲကနေ ည ၇ နာရီခွဲအထိ လုပ်ကိုင်ရပြီး စနေနေ့တွေမှာလည်း ညနေ ၅ နာရီ ခွဲအထိ လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို နေ့စဉ် ၃ နာရီနဲ့ စနေနေ့ အချိန်ပို ၅ နာရီလုပ်ကိုင်ပြီး တနင်္ဂနွေနေ့မှာ အချိန်ပို လုပ်ကိုင်လို့ သတ်မှတ် အချိန်ပိုထက် ပိုမို လုပ်ကိုင် နေရတယ် လို့ အလုပ်သမားတွေက ပြောပါတယ်။
 
" သင်္ကြန်ပြီးကတည်းက အော်ဒါအရေးကြီးလို့ဆိုပြီး တနင်္ဂနွေ ဆက်တိုက် ခေါ်နေတာ။ အဲ့လို ခေါ်တာကလည်း တရုံလုံး ကိုခေါ်တာ။ မဆင်းရင် အောစူပါက ခေါ်ဆူတယ် ။ တနင်္ဂနွေ အချိန်ပို ဆင်းရဖို့ လက်မှတ်ထိုး ခိုင်းတာလဲ မရှိဘူး။ အပတ်တိုင်း ဆင်းရတော့ လူတွေလည်း ပင်ပန်းတယ်။ အော်ဒါအရေးကြီးတာက ဘယ်ချိန်ထိ ခေါ်မယ်ဆိုတာလည်း မသိရဘူး။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
မနက် အလုပ်စတင်ချိန်ကို ၇နာရီ ခွဲ သတ်မှတ်ထားပေမဲ့ အလုပ်ချိန်မဟုတ်ဘဲ လုပ်ကိုင်ခိုင်းလို့ မနက်စာ မစားနိုင်တဲ့ ရက်တွေ ရှိတယ်လို့လည်း ဆက်ပြောပါတယ်။
 
Create Beauty (Myanmar) Kinitted သိုးမွှေး စက်ရုံက ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ မြောင်းတကာ စက်မှုဇုန်မှာ ရှိပြီး အလုပ်သမား ၆၀၀ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026