NEWS

COSTEC အထည်ချုပ်စက်ရုံ ဒေးကြေး ကျပ် ငါးရာ တိုးပေးပြီးနောက် အလုပ်သမားခေါင်းဆောင်အား အလုပ်ဖြုတ်

CoverLogo
473 Views
 
စက်ရုံအတွင်း နှစ်ပတ်နီးပါးကြာ တောင်းဆိုမှုတွေဖြစ်ပွားခဲ့ပြီး ဒေးကြေး ကျပ် ငါးကျပ် တိုးမြှင့်ပေးခဲ့တဲ့ COSTEC အထည်ချုပ်စက်ရုံက အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင် တဦးကို အလုပ်က ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ လုပ်ခပေးချေမှုတွေနဲ့ စက်ရုံစည်းကမ်းချက်တွေကို စက်ရုံဘက်က အတင်းအကျပ် လက်မှတ်ထိုး ခိုင်းတာကို ငြင်းဆန်တယ်ဆိုပြီး ထုတ်ပယ်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒီမနက်မှာ ရုံးခန်းမှာ ခေါ်ပြောပြီး အလုပ်က ထုတ်လိုက်တာ။ အဲဒါတော့ သိရတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံ စည်းကမ်းတွေကို မလိုက်နာနိုင်တဲ့ အလုပ်သမားကို စက်ရုံမှာ ထားဖို့ အဆင်မပြေဘူးဆိုပြီး လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့ အခြေခံအလုပ်သမားအဖွဲအစည်း ဥက္ကဋ္ဌ ကို ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက် မနက်ပိုင်းမှာ ခေါ်ယူပြောဆိုခဲ့တာလို့ သိရပါတယ်။
 
ပြီးခဲ့သည့် နိုဝင်ဘာလ လစာငွေက အောက်တိုဘာလ လစာငွေထက် ကျပ် ၁၅၀,၀၀၀ နီးပါး လျော့နည်း ဖြတ်တောက်ခံလို့ အင်းစိန်မြိုနယ် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနကို ဒီဇင်ဘာလ ၃၁ ရက်မှာ အလုပ်သမားတွေက တိုင်ကြားစာပေးပိုခဲ့ပါတယ်။ ဒီတိုင်ကြားစာကို ဦးစီးဌာနဘက်က ဖြေရှင်းမပေးဘဲ စက်ရုံဘက် လစာပေးချေစနစ်နဲ့ စည်းကမ်းချက်တွေ အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒီတိုင်စာက ဒီနေ့ (ဇန်နဝါရီလ ၂၁ ရက်) အထိ ဖြေရှင်းပေးတာမရှိဘူး။ တစ်လနီးပါးရှိနေပြီ။ ဒါကို မရှင်းဘဲနဲ့ တခါမှ ရှင်းမပြဘူးတဲ့ လစာပေးတဲ့ပုံစံနဲ့ စည်းကမ်းတွေကို သိတဲ့အကြောင်း အလုပ်သမားတွေကို စက်ရုံဘက် က အတင်းလက်မှတ် ထိုးခိုင်းခဲ့တာ။ မထိုးရင် အလုပ်ဖြုတ်မယ်ဆိုတော့ အလုပ်သမားတွေ ထိုးခဲ့ရတယ်။ အလုပ်သမား ခေါင်းဆောင်တွေကတော့ ငြင်းခဲ့တယ်။” လို့ပြောပါတယ်။
 
စက်ရုံ ဘက်က လက်မှတ်ထိုးခိုင်းတဲ့ အချက်အလက်တွေကို စက်ရုံ အခြေခံ အလုပ်သမားအဖွဲအစည်း EC အဖွဲဝင် အားလုံးက လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြေခံအလုပ်သမား အဖွဲ့အစည်း ဖွဲ့ဖို့ စက်ရုံပိုင်ရှင်ရဲ့ ခွင့်ပြုချက်လိုအပ်တယ်ဆိုပြီး စက်ရုံ HR အကြံပေး ဆိုသူက ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
 
“စက်ရုံမှာလည်း လုပ်ငန်းရှင်ရဲ့စကားကို ဝန်ထမ်းက နာခံရပြောပြီး ‘ဒီလိုအဖွဲစည်းမျိုးတွေ ဖွဲ့မယ်ဆိုရင် သူဌေးရဲ့ ခွင့်ပြုချက်ပါမှ ဖွဲ့လိုရမယ်။ သူဌေးကို မတင်ပြလို့ တရားဝင် မဟုတ်ဘူး။ စက်ရုံစည်းကမ်းချက်ကို မလိုက်နာနိုင်ရင် တာဝန်က ရပ်စဲမယ်” လို့ အဲ့အကြံပေးက ပြောခဲ့တာ "လို့ ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ အရ အလုပ်သမား အဖွဲ့အစည်း (သို့မဟုတ်) အလုပ်သမားသမဂ္ဂ ဖွဲ့စည်းဖို့ အလုပ်ရှင်၏ ခွင့်ပြုချက် မလိုအပ်ဘဲ ၊ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ရေးဆွဲဖို့နဲ့ အလုပ်သမားတွေရဲ့ ဆန္ဒမဲရဖို့ပဲ လိုအပ်တယ်ဆိုပြီး ပြဌာန်းထားပါတယ်။
 
COSTEC INTERNATIONAL CO.,LTD ပိုင် အထည်ချုပ် စက်ရုံက ရန်ကုန်မြို့ ၊အင်းစိန်မြိုနယ်၊ ရွှေပြည်သာ စက်မှုဇုန် ၃ ၊ မြတောင်ဝန်ကြီးလမ်းမှာရှိပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်ပါတယ်။ လက်ရှိ Wakiki - X Shetter ၊ Zero Staage စတဲ့ အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရထား ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026