NEWS

Costec အထည်ချုပ်အလုပ်သမားများ ဆန္ဒပြ တောင်းဆို

CoverLogo
257 Views
 
COSTEC အထည်ချုပ်စက်ရုံက အလုပ်သမားတွေက စက်ရုံအတွင်း တောင်းဆိုမှုတွေ ဇန်နဝါရီ ၂၂ ရက် မနက် ၈ နာရီမှ စတင်ပြုလုပ်နေတယ်လို့ သိရပါတယ်။
 
အလုပ်သမားအဖွဲအစည်းခေါင်းဆောင် တဦးကို စက်ရုံတာဝန်ရှိသူတွေ အလုပ်က ထုတ်ပယ်တာကို ပြန်ခန့်ပေး ဖို့နဲ့ ဖိနှိပ်မှုတွေပြုလုပ်နေတဲ့ HR ဝန်ထမ်းတွေကို အလုပ်ကထုတ်ပယ်ဖို့ အလုပ်သမားတွေက တောင်းဆို နေတယ်လို့ ပါဝင်‌နေသူ တဦးက Myanmar Labour News ကို ပြောပါတယ်။
 
ဒီလဆန်းပိုင်း စက်ရုံအတွင်း နှစ်ပတ်နီးပါးကြာ တောင်းဆိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် ဒေးကြေး ကျပ် ငါးကျပ် တိုးမြှင့်ပေးခဲ့ပါတယ်။ ဒီနောက် လုပ်ခပေးချေမှုတွေနဲ့ စက်ရုံစည်းကမ်းချက်တွေသိရှိကြောင်း အလုပ်သမားတွေကို စက်ရုံဘက်က အတင်းအကျပ် လက်မှတ်ထိုး ခိုင်းခဲ့ပါတယ်။
 
ဖြေရှင်းမပေးတဲ့ လုပ်ခလစာလျှော့ပေးတဲ့ တိုင်စာအတွက်ကြောင့် အလုပ်သမားခေါင်းဆောင်နဲ့ အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင်တွေက အဲဒီလက်မှတ်ထိုးဖို့ကို ငြင်းဆန်ခဲ့ကြပါတယ်။
 
အဲလို့ ငြင်းဆန်လို့ ဆိုပြီး စက်ရုံ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်ကို ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းမှာ အလုပ်က ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
 
COSTEC INTERNATIONAL CO.,LTD ပိုင် အထည်ချုပ် စက်ရုံက ရန်ကုန်မြို့ ၊အင်းစိန်မြိုနယ်၊ ရွှေပြည်သာ စက်မှုဇုန် ၃ ၊ မြတောင်ဝန်ကြီးလမ်းမှာရှိပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်ပါတယ်။ လက်ရှိ Wakiki - X Shetter ၊ Zero Staage စတဲ့ အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရထား ပါတယ်။

Related posts

Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026