NEWS

COSTEC စက်ရုံတွင် လုပ်လစာထိုးပေးရန် ၆ ရက်ကြာ တောင်းဆို၊ တနာရီ လုပ်ခ ၂၅ ကျပ်တိုးပေး

CoverLogo
228 Views
 
JOC အထည်ချုပ်ဆိုပြီး အမည် ပြောင်းလဲပြီးနောက် လုပ်ခလစာ လျော့နည်းလို့ မူလလစာတိုင်း ပြန်လည် သတ်မှတ်ပေးဖို့ကို ၆ ရက်ကြာတောင်းဆိုခဲ့ပေမဲ့ ဒေးကြေး ကျပ် ၂၀၀ ပဲ တိုးပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
၂၀၁၃ ခုနှစ်၊ အနိမ့်ဆုံးအခကြေးငွေဥပဒေ အရ တစ်ရက်အလုပ်ချိန် ၈ နာရီအတွက် အနည်းဆုံးလုပ်ခလစာကို သတ်မှတ်ထားလို့ စက်ရုံဘက်က တစ်နာရီ လုပ်အားခကို ၂၅ ကျပ် သာတိုးမြှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ လပိုင်းမှာ COSTEC အထည်ချုပ်စက်ရုံအမည်ကနေ JOC လို့ ပြောင်းလဲခဲ့ပြီး LC Wakiki ၊ X Shelter ၊ ZERO STAGE နဲ့ Colopuca စတဲ့ အမှတ် တံဆိပ်တွေ ချုပ်လုပ်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအမည်ပြောင်းလဲပြီးနောက် အလုပ်သမားတွေရရှိတဲ့ မူလ လုပ်ခလစာကလည်း တစ်သိန်းခွဲကျော် လျော့နည်း ခဲ့တယ်လို့ စက်ရုံ အခြေခံအလုပ်သမားအဖွဲအစည်း တာဝန်ရှိသူဆီက သိရပါတယ်။
 
ဒီလို လုပ်ခလစာလျော့နည်းခဲ့လို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှာ လုပ်ခလစာကို မူလသတ်မှတ်ထားသလို ပေးဖို့ အလုပ်သမားတွေက တောင်းဆိုခဲ့ကြပါတယ်။ တခြားစက်ရုံတွေမှာ ဒေးကြေး ကျပ် ၁၂၀၀၀ ရရှိနေစဉ်မှာ ဒေးကြေး ကျပ် ၇၈၀၀ ကျပ်နဲ့ လုပ်ကိုင်ခဲ့ရတဲ့ အပြင် လုပ်ခလစာ အပြည့်အဝ မရလို့ တောင်းဆိုမှုတွေ JOC အလုပ်သမားတွေက ပြောပါတယ်။
 
ပထမအကြိမ် ညှိနှိုင်းမှုတွေကို တောင်းဆိုမှုပထမနေ့ကတည်းက ပြုလုပ်ခဲ့ပြီး ဒေးကြေး ကျပ် ၁၂,၀၀၀ ၊ အိုတီကြေး ကျပ် ၂,၅၀၀ ၊ ရက်မှန်ကြေး ကျပ် ၅၀,၀၀၀ ၊ ဂရိတ်ကြေး (A) ကို ကျပ် ၂၀၀,၀၀၀ ၊ (B) ကို ကျပ် ၁၇၀,၀၀၀ နဲ့ (C) ကို ကျပ် ၁၅၀,၀၀၀ တိုးမြှင့်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
 
ညှိနှိုင်းမှုတွေကို အင်းစိန်မြို့နယ်၊ အလုပ်သမားဦးစီးဌာနက တာဝန်ရှိသူတွေ ဦးဆောင်ခဲ့ပြီး ဒုတိယအကြိမ် ညှိနှိုင်းမှုကို ဒီဇင်ဘာ ၃၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ညှိနှိုင်းမှု နှစ်ကြိမ်လုံး မအောင်မြင်ခဲ့လို့ ဒီဇင်ဘာ ၃၁ ရက်မှာ အလုပ်သမားတွေဘက်က တောင်းဆိုမှုတချို့ကို လျှော့ပေးခဲ့ပေမဲ့ ညှိနှိုင်းမှုတွေ အပြီးမသတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီလ ၃ ရက်မှာ အလုပ်မသားတွေရဲ့ ညှိနှိင်းမှုကို အလုပ်ရှင်က လက်မခံခဲ့တဲ့ အပြင် ဒေးကြေး ကျပ် ၂၀၀ နဲ့ ရက်မှန်ကြေး ကျပ် ၂၀၀၀ သာ တိုးပေးမယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ သိရပါတယ်။
 
JOC အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှူဇုန်(၃)၊ မြတောင်ဝန်ကြီးဦးမှိုလမ်း ဖွင့်လှစ်ထားပြီး ပြီးခဲ့တဲ့ကာလမှာ COSTEC International Co.,Ltd အမည်နဲ့ ZARA အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်ခဲ့ တယ်လို့ သိရပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026