NEWS

CLOTHO YANGON Co.,Ltd ကျောပိုးအိပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်နေ

CoverLogo
2K Views

ရန်ကုန်တိုင်းဒေကြီး  လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂၊ ဆိပ်ကမ်းသာလမ်းမှာ ရှိတဲ့ CLOTHO YANGON Co.,Ltd ကျောပိုးအိပ်စက်ရုံဟာ  စက်ရုံကအလုပ်သမားတွေအပေါ် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတယ်လို့  အဲ့ဒီစက်ရုံကအလုပ်သမားတွေဆီက သိရပါတယ်။  

“အလုပ်သမားများက ခွင့်ယူလို့ဖြစ်စေ ခွင့်မဲ့ဖြစ်စေ အလုပ် တစ်ရက်ပျက်ရင် ဒေးကြေးအလိုက် (၆၃၀၀,၅၂၀၀,၅၀၀၀,၄၉၀၀,)ကျပ်နှင့်ရက်မှန်ကြေး(၂၀၀၀၀)ကျပ်တို့ဖြတ် တောက်ခံရပါတယ် အလုပ်ရှင်အနေနဲ့  အော်ဒါပြတ်တောက်တာ ကိုအကြောင်းပြုပြီ လုပ်သားအင်အားကိုလျှော့ချပါတယ်  လုပ် သားအင် အာလျှော့တဲ့အခါမှာ  ဥပဒေနဲ့ အညီမပြုလုပ်ဘဲ လုပ်ငန်းခွင်တွင် ကျွမ်းကျင်မူရှိသော အလုပ်သမားများကို ရွေးပြီးတော့လျှော့ချတာမျိုးပြုလုပ်ပါတယ် လျှော့ချပြီးသားအလုပ်သမားေတွကို နေ့စားလရှင်းနဲ့ လုပ်ဖို့ခေါ်ယူပါတယ်” လို့ အလုပ်သမားတစ်ဦးက ထုတ်ဖော် ပြောဆိုပါတယ်။

အဆိုပါစက်ရုံဟာ  သမဂ္ဂဖွဲ့စည်းထားခြင်းမရှိတဲ့စက်ရုံဖြစ်ပြီး  ကိုရီးယားလူမျိုးပိုင်ဆိုင်ကာ ဝန်ထမ်းဦးရေ ၁၀၀၀ဖြင့်လည်ပတ်ပြီးOGIO,QUIKSILVER, ROXY, Hewchel,စတဲ့  အမှတ်တံဆိပ်တွေကိုချုပ်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်။  

အဆိုပါစက်ရုံဟာ  အော်ဒါပြတ်တောက်တာကိုအကြောင်းပြပြီး လုပ်သားအင်အား လျှော့ချတာတွေကိုပြုလုပ်ပြီး  လျှော့ချလိုက်တဲ့အလုပ်သမားတွေကို  နေ့စားအဖြစ်ပြန်လည်ခေါ်ယူကာ  ယခင်ရရှိထားတဲ့ ဒေးကြေးများမှ (၆၃၀၀,၅၂၀၀,၅၀၀၀,၄၉၀၀,)၊ကျပ်တို့ကို ပြန်လည်မပေးတော့ဘဲ (၄၈၀၀) ကျပ်ကိုသာပေးဆောင်တယ်လို့  ဆိုပါတယ်။  

ဒါ့အပြင်  ဥပဒေပါခွင့်ရက်များ ခံစားခွင့်မပေးခြင်း၊ အလုပ်သမားများ၏ မိဘသေဆုံးသည့်အခါ EC စာချုပ်ထဲတွင် ပါရှိသော နာရေး ခွင့်များကိုမပေးခြင်း၊ အလုပ်သမားချုပ်လုပ်နိုင်သည့် စံချိန်ထက်ပိုမိုတောင်းခံခြင်း၊ တောင်းခံသောစံချိန် မပြည့်မီပါက စူပါ၊ လီတာများမှ ညှစ်ညမ်းသောစကားများကိုပြောဆိုတာတွေပြုလုပ်တဲ့အပြင်  အလုပ်ရှင်အနေဖြင့် အလုပ်သမားများ နားနေဆောင်များ ထမင်စားဆောင်များ မစီစဉ်ပေးလို့ ကြုံရာနေရာမှာသာ အဆင်ပြေ သလို့ ထမင်းစားရကာ  လုပ်ငန်းခွင်တွင်းဆေးခန်းများထားရှိပြီး ဆေးဝါးများကို လုံလောက်ပေးဆောင်တာမရှိဘူးလို့လည်း အလုပ်သမား
တွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026