NEWS

CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

CoverLogo
649 Views

ထိုင်းရောက်မြန်မာအလုပ်သမားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ် ပြုလုပ်နိုင်ရန် အတွက် ပြုလုပ်ပေးမယ့် ရုံးတွေ ကို မကြာခင်မှာ ဖွင့်လှစ်ဆောင်ရွက်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ၊ စီမံခန့်ခွဲရေးဦးစီးဌာနက  ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကို CI စာအုပ် ပြုလုပ်ပေးရန် အတွက် မြန်မာအစိုးရနဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေးလျက်ရှိပြီး မြန်မာဘက် နဲ့ ညှိနှိုင်းသဘောတူညီမှုရရှိပါက  အသေးစိတ်အချက်အလက်တွေကို မကြာမီ ကြေငြာပေးမယ်လို့ ဆိုပါတယ်။

""အခုက ဘတ်အသစ် ရိုက်ထားတဲ့သူတွေ မြန်မာဘက်က ပတ်စပို့စာအုပ်အနီ မပါလာတဲ့သူတွေ အနေနဲ့ CI စာအုပ် လုပ်လို့ရတော့မယ် လို့ ထိုင်းဘက်က ကြေညာပေးတာ ကြားသိတာတော့ ၆ လပိုင်းထဲ စမယ်လို့ သိရပါတယ် CI စာအုပ် လုပ်မယ့် သူတွေ အနေနဲ့တော့ ပိုက်ဆံ စုထားပြီး CI ရုံးတွေ ဖွင့်မယ့် ရက်ကို စောင့်ကြည့်ဖို့လိုမယ် "" လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို အထောက်အထားများပြုလုပ်ရန်အကျိုးဆောင်ပေးသူတစ်ဦးကပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ဧပြီ ၁၁ရက်က  ထုတ်ပြန်ချက်မှာတော့ မည်သည့်လပိုင်းနေ့ရက်တွေ နဲ့ မည်သည့် နေရာ တွေ မှာ လုပ်ဆောင်ပေးမယ်ဆိုတာ ထုတ်ပြန်ခြင်း
မရှိသေးတဲ့ အပြင် ကုန်ကျစရိတ် ကိုလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဒါကြောင့် CI စာအုပ် ပြုလုပ်လိုတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ ထိုင်းအစိုးရရဲ့ အသေးစိတ်အချက်အလက် ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖို့နဲ့  CIစာအုပ်ပြုလုပ်ရန် ပွဲစားများ ကို ငွေကြိုတင်ပေးချေတာမျိုးတွေ မပြုလုပ်ဖို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူတွေက သတိပေးထားပါတယ်။


Related posts

Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026