NEWS

CI ဖြင့် ပြန်လိုသည့်မလေးရောက်မြန်မာအလုပ်သမားများ  မလေးရှားအစိုးရမှဒဏ်ကြေးငွေလျော့ပေါ့ပေးသည့်  ကာလ အတွင်း Exit pass ကို လျှောက်ထားနိုင်

CoverLogo
1.2K Views

မလေးရှားရှိ  အထောက်အထား မပြည့်စုံတဲ့ မြန်မာ အလုပ်သမားတွေကို မြန်မာသံရုံး ကနေ ထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် Certificate of Identity (CI) ဖြင့် မြန်မာနိုင်ငံ ကို ပြန်ကြမယ့် နိုင်ငံသားတွေ အနေနဲ့ မလေးရှား အစိုးရ က ဒဏ်ကြေးငွေ လျော့ပေါ့ ပေးနေတဲ့ ကာလ အတွင်းမှာ မလေးရှားလူဝင်မှုကြီးကြပ်ရေး ရုံးတွေ မှာ Exit pass ကို  မဖြစ်မနေ လျှောက်ထားဖို့ မြန်မာသံရုံး ကွာလာလမ်ပူမြို့ က မေလ ၂၁ ရက် မှာ အသိပေးထားပါတယ်။

မလေး ရှားအစိုးရအနေနဲ့ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက် ကနေ ဒီဇင်ဘာ ၃၁ရက် အထိ မလေးရှား နိုင်ငံ အတွင်း တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေ ကို မူရင်းနိုင်ငံသို့ နိုင်ငံကူးလက်မှတ် သိူ့မဟုတ် CI တို့နဲ့ အတူ အပြန်လေယာဉ် မှတ်တို့ ဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေး ရုံးတွေမှာ သတ်မှတ်ဒဏ်ကြေး ရင်းဂစ် ၅၀၀ နဲ့  Exit pass အတွက် ရင်းဂစ် ၁၀၀ တို့ကို ပေးဆောင်ပြီး ၁၄ ရက် အတွင်း မလေးရှား နိုင်ငံ မှ ထွက်ခွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်တလောမှာလည်း  မလေးရှားနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမား တွေကို စီမံချက်နဲ့ ဖမ်းဆီး တာတွေကို နိုင်ငံတဝန်း လုပ်​ဆောင်နေပြီး အထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသားတွေ လည်း အဖမ်းဆီးခံရမှု များနေတယ်လို့ သိရပါတယ်။

"အခုရက်ပိုင်း အဖမ်းအဆီးတွေ အရမ်းများတယ်  အဲ့တော့ အထောက်အထားမပြည့်စုံတဲ့ သူတွေ အနေနဲ့ ပြန်မယ်ဆိုရင် အခုကာလ ထဲ မှာ exit pass လျှောက်ပြီး ပြန်တာ ကောင်းတယ်၊ အဖမ်းခံရတယ်ဆိုရင်
ထောင်ဒဏ်လဲ ကျခံရအုံးမယ် အခု မလေးအစိုးရ ခွင့်ပြုပေးတဲ့အချိန် ဆိုတော့ ဒဏ်ကြေးဆောင်ပြီး လေယာဉ်နဲ့ အေးဆေးပြန်လို့ရတာပေါ့"လို့  မလေးရှားရောက် မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ထိုသို့ ပြန်ရန် အတွက် မလေးရှား လဝကရုံးမှာ  Exit pass ထုတ်ယူထားပြီး တဲ့ မြန်မာ နိုင်ငံ သားတွေ အနေနဲ့  မလေးရှား နိုင်ငံ မှ ပြန်လည်ထွက်ခွာဖို့ သက်မှတ်ရက် မတိုင် ခင် မှာ အော်ပရာဇီ ဖမ်းစီးမှု များ နဲ့ ကြုံပါက နိုင်ငံကူးလက်မှတ် သို့မဟုတ် CIစာရွက်၊ လေယာဉ်လက်မှတ်၊ မလေးရှား လ. ဝ .က မှာ  ဒဏ်ကြေး ဆောင်ထားသည့် လက်ခံစာရွက်နဲ့ မလေးရှားနိုင်ငံ မှ ပြန်လည်ထွက်ခွာခွင့်ပြုသည့် Exit pass စာရွက် တို့ ကို ပြ နိုင်ပါက ဖမ်းဆီးမှုမှ ကင်းလွတ်ခွင့်ရရှိမယ်လို့ မြန်မာသံရုံး က အသိပေးထားပါတယ်။

ဒါ့အပြင် မလေးရှား လဝက ရုံးများ မှာ ပေးဆောင်ရမယ့် ဒဏ်ကြေး ရင်းဂစ် ၅၀၀နဲ့ Exit pass ရင်းဂစ် ၁၀၀တို့ကို ဘဏ်ကတ် credit card /debit card တို့ နဲ့သာ ပေးဆောင်ရမှာ ဖြစ်တယ်လို့ မြန်မာသံရုံးက ထပ်မံအသိပေးထားပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026