NEWS

CI လျှောက်ထားရာတွင် ဘတ်၂၆၇၀ သာ ကုန်ကျမည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံး ထုတ်ပြန်

CoverLogo
310 Views
 
ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း လက်မှတ်(CI) လျှောက်ထားရာမှာ ကုန်ကျစရိတ် အဖြစ် ဘတ်၂၆၇၀ သာ ကုန်ကျမှာဖြစ်တယ်လို့ ထိုင်းရှိမြန်မာအလုပ်သမားသံအရာရှိရုံးက စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
 
CI လျှောက်ထား လိုတဲ့ အလုပ်သမားတွေဟာ နီးစပ်ရာ 7-Eleven စတိုးဆိုင်များ မှာ CI စာအုပ်ဖိုး ဘတ် ၂၆၇၀ ကိုပေးသွင်းပြီး မိမိအဆင်ပြေရာ CIစခန်းနဲ့ နေ့ရက်ကို ကိုရွေးချယ် ငွေပြေစာနဲ့အတူ CIစခန်းမှာ သွားရောက် ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် CI လျှောက်ထားရာမှာ ပေးငွေအဖြစ်ဘတ် ၂၆၇၀ သာကုန်ကျမှာဖြစ်လို့ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မရှိစေဖို့ သတိပြုရန် အလုပ်သမားသံအရာရှိရုံးက အသိပေးထားပါတယ်။
 
အခုလို အလုပ်သမားသံအရာရှိရုံးရဲ့ CI လျှောက်ထား ဖို့အတွက် ကုန်ကျငွေ ထုတ်ပြန်တာဟာ မြေပြင်အခြေအနေနဲ့ ကုန်ကျစရိတ် ကွာဟနေတဲ့ အတွက် မြန်မာအလုပ်သမားတွေက ဝေဖန်ပြောဆို လျက်ရှိပါတယ်။
 
""ဘယ်သူမှ ၂၆၇၀ ဘတ်နဲ့ လုပ်မရဘူး ပွဲစားတွေနဲ့ လုပ်ရတာ တစ်ယောက်ကို ဘတ် ၅၀၀၀ ၊၆၀၀၀ လောက်ကုန်တယ် ပွဲစားနဲ့မလုပ်ဘဲ ကိုယ်တိုင်လုပ်မယ်ဆိုတော့ တုန်ကင်မရတာနဲ့ ဘာနဲ့ လုပ်မပေးဘူး ပွဲစားမပါရင် တောမောရုံးရော CI ရုံးရော လုပ်မပေးဘူး အချိန်ကုန် ငွေကုန်တာဘဲ အဖတ်တင်တယ်""လို့ CI သက်တမ်းတိုးအတွက်လျှောက်ထားသူမြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
မည်သူမည်ဝါဖြစ်ကြောင်း လက်မှတ်ထုတ်ပေးရေး ကို ဩဂုတ်လ ၆ ရက်ကစပြီး စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီပြည်နယ်များတွင်စခန်းလေးခုဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိမှာ CI သက်တမ်းကုန်သူတွေ အတွက် သက်တမ်းတိုးလုပ်ငန်းစဉ်တွေ ဦးစွာဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026