NEWS

CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် ဇန်နဝါရီ ၁၆ ရက် အထိ ရက်ထပ်တိုး ဆောင်ရွက်ပေးမည်ဟု ကြေညာ

CoverLogo
22 Views
 
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၆ရက်အထိ ထပ်မံရက်တိုးဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က ဇန်နဝါရီ ၃ ရက်မှာ အသိပေးကြေညာပါတယ်။
 
မူလ က ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၃၁ရက်မှာ CIထုတ်ပေးတဲ့ စခန်းတွေ ပိတ်သိမ်းဖို့ သတ်မှတ်ခဲ့ပေမယ့် 7-Eleven ဆိုင် တွေမှာ ငွေပေးသွင်းပြီးသူ တွေ ကျန်ရှိနေတဲ့အတွက် ထိုင်းနိုင်ငံ က မြန်မာအလုပ်သမားတွေ အလုပ် အကိုင်အခွင့်အလမ်း များ နစ်နာဆုံးရှုံးမှုမရှိ စေဖို့ လုပ်ငန်းဆောင်ရွက်တဲ့ ကာလကို နောက်ဆုံးအကြိမ်အဖြစ်ရက် တိုးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါကြောင့် ထိုင်းရောက် မြန်မာအလုပ်သမား တွေ အနေနဲ့ သတ်မှတ်ကာလအမီ CI စာအုပ် သက်တမ်းတိုး ကို အမြန်ဆုံးသွားရောက်ဆောင်ရွက်ဖို့ အသိပေးထားပါတယ်။
 
အခုလို CIစာအုပ် သက်တမ်းကုန်တော့မယ်သူတွေ အတွက်မြန်မာသံရုံးဘက်မှ CIစခန်းတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးနေသလို CIစာအုပ် အသစ် ပြုလုပ်ရမယ့် သူတွေ အတွက်လည်း အမြန်ဆုံး ဆောင်ရွက်ပေးဖို့မြန်မာလုပ်သားတွေက တောင်းဆိုနေကျပါတယ်။
 
"CIသက်တမ်းတိုး တွေ အတွက် ရက်ထပ်တိုးပေးတော့ တိုးဖို့ ကျန်တဲ့သူတွေ အဆင်ပြေသွားတာပေါ့ မြန်မာသံရုံးအနေနဲ့ CIသက်တမ်းတိုးတွေ လုပ်ပေးသလို CIအသစ် ပြုလုပ်ရမယ့် သူတွေအတွက်လည်း အမြန်ဆုံးဖွင့်ပေးစေချင်တယ် ထိုင်းမှာ က ဘတ် တစ်ခု ထဲနဲ့ နေရတာ အဆင်မပြေဘူး ဒါကြောင့် အမြန်ဖွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်လို့" ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့ တွေ နဲ့ Mobile Unit ၁ ခုကို ကရာဘီမြို့မှာ ဖွင့်လှစ်ဆောင်ရွက်ပေး‌နေကြောင်း သိရပါတယ်။

Related posts

Cover
ပွဲစားခ ဘတ်၂သောင်း ပေးပြီး အလုံပိတ်ကားဖြင့် ခိုးဝင်လာရသည့် မြန်မာလုပ်သား၂၅ဦး အဖမ်းခံရ
Jan 09, 2026
Cover
ကမ္ဘောဒီးယားတွင် အလုပ်ရမည်ဆိုကာ လူငယ် ၄ ဦး ကျားဖြန့်အလုပ်ရုံသို့ လိမ်လည်ရောင်းစားခံရ
Jan 08, 2026
Cover
အလည်ပတ် ထွက်လာသော မြန်မာနိုင်ငံသား များ စီးလာသည့် ကားတိမ်းမှောက် သဖြင့် ၁၂ဦး ဒဏ်ရာရ
Jan 08, 2026
Cover
မလေးရှား ရှိ တရားမဝင် ဖျော်ဖြေရေးစင်တာတွင် အလုပ်လုပ်နေသော မြန်မာ ၂၀ ဦး အဖမ်းခံရ
Jan 08, 2026
Cover
ပြည်ပသို့ အရေးပေါ်သွားလိုသူများအတွက် ဝန်ဆောင်ခ ကျပ် ၅ သိန်းကျော်ဖြင့် နိုင်ငံကူးလက်မှတ် အမြန်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်
Jan 08, 2026
Cover
ကလေး သုံးယောက်မိခင်ကို အိမ်အကူ လုပ်ရမည်ဟု လိမ်ခေါ်ကာ ရွှေလီမှာ တရုတ်မယား အဖြစ်ရောင်းစား
Jan 08, 2026
Cover
အလှူကပြန်လာသော မြန်မာလုပ်သား ၁၃ဦး စီးနင်းလာသည့်ကား တူးမြောင်းထဲထိုးကျပြီး ၆ ဦးသေဆုံး
Jan 08, 2026
Cover
ကန်ချနဘူရီ၊ သလော်ကမ်းခြေတွင် အလည်အပတ်လာသော မြန်မာလုပ်သားတစ်ဦး ရေနစ်သေဆုံး
Jan 08, 2026