NEWS

CI စာအုပ် သက်တမ်းတိုးတာနဲ့ အသစ် ထုတ်ပေးတာကို ဩဂုတ် ၆ ရက်မှစပြီးဆောင်ရွက်ပေးမည်ဟုဆို

CoverLogo
772 Views
 
ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သား တွေ ကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက်တမ်းတိုးတာနဲ့အသစ်ထုတ်ပေး တာကို ဩဂုတ် ၆ ရက်က စပြီး ဆောင်ရွက်ပေးမယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံး (ဗန်ကောက်) က အသိပေး ကြေညာလာပါတယ်။
 
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စမုစခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနဲ့ ချင်းမိုင်စခန်း စတဲ့ စခန်း လေးခု မှာ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
 
အဆိုပါ စခန်း တွေ မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) သက်တမ်းကုန်ဆုံးဖို့ (၆) လ အောက် ကျန်နေသူတွေ သက်တမ်းကုန်ဆုံးနေသူတွေကို အသစ်လဲလှယ်ပေးတာ ၊ ထိုင်းနိုင်ငံရဲ့ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ်နဲ့အတူ CI စာအုပ်အသစ်တွေ ထုတ်ပေးခြင်း တို့ဆောင်ရွက် ပေးမယ်လို့ သိရပါတယ်။
 
ဒါ့အပြင်နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုစာရင်းနဲ့ CI စာအုပ်ရှိသူတွေကို အထောက်အထားစိစစ်ပြီးနောက် နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ထုတ်ပေးခြင်း တို့ အပြင် Overseas Worker Identification Card – OWIC ကတ်ပြားထုတ်ပေးခြင်း ကိုလည်း ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
 
CI စခန်းတွေမှာ ဆောင်ရွက်တဲ့အခါ တနင်္လာနေ့တိုင်းနဲ့ မြန်မာသံရုံး (ဗန်ကောက်) မှ သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တွေကို အလုပ်နားရက်သတ်မှတ်မယ်လို့ ကြေညာထားပါတယ်။
 
CI စာအုပ် လုပ်ဆောင်လိုတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ မိမိအဆင်ပြေရာ CIစခန်း ကိုရွေးချယ် လုပ်ဆောင်နိုင်ကာ ဝန်ဆောင်ခအဖြစ် ၂,၆၇၀ ဘတ် သတ်မှတ်ထားပြီး 7-Eleven စတိုး ဆိုင်တွေထံ တိုက်ရိုက်ငွေပေးသွင်း နိုင်တယ်လို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာန ကလည်း ထုတ်ပြန်ကြေညာထားပါတယ်။

Related posts

Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026