NEWS

CI စာအုပ်မှ PJ နိုင်ငံကူးလက်မှတ်ပြောင်းသူများ ကို ထိုင်းနိုင်ငံအတွင်းသာ အသုံးပြုရန် စတင် ကန့်သက်

CoverLogo
649 Views
 
ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ် ကိုင်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ CI စာအုပ်မှ PJ နိုင်ငံကူးလက်မှတ် ပြောင်းလဲ ရာမှာ စာအုပ်အတွင်း ထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ပေးသည်ဆိုတဲ့ စာတမ်းကိုစက်တင်ဘာ၂၅ ရက်မှစတင် ရိုက်နှိပ်ကာ ကန့်သက်လိုက်တယ်လို့ ဗီဇာနှင့် ဘတ်လျှောက်ထားမှု အတွက်ဝန်ဆောင်မှုပေးနေတဲ့ အေးဂျင့် တွေထံကသိရပါတယ်။
 
မဟာချိုင်မြို့နယ် မှာ CI ( Certificate of Identity) စာအုပ်စိမ်းမှ PJ (Passport for Job ) စာအုပ်နီ လဲလှယ်ရန် ရက်ချိန်းယူပြီးလုပ်ဆောင်တဲ့ မြန်မာလုပ်သားတွေ ရဲ့ နိုင်ငံကူးလက်မှတ် စာအုပ်ထဲ မှာ Passport For Thailand Only တုံးကို ထုပေး လိုက်တယ်လို့ သိရပါတယ်။
 
""ဒီနေ့ မဟာချိုင်မှာ PJ စာအုပ်အသစ်တွေကို Passport For Thailand Only ဆိုပြီးစတင် Stamp ထုပေးနေပြီ ဒါကြောင့် ထိုင်းမှာ ပတ်စပို့ အသစ်ပြုလုပ်တာဖြစ်စေ သက်တမ်းကုန်လို့ အသစ်တိုးတာဖြစ်စေ ပြုလုပ်ပါက ထိုင်းမှာဘဲနေထိုင်ရမှာ ဖြစ်တယ်""လို့ ဗီဇာနှင့် ဘတ်လျှောက်ထားမှု အတွက်ဝန်ဆောင်မှုပေးနေတဲ့ အေးဂျင့်မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ CIမှ PJ ပြောင်းလဲသူတွေ ကို သာ Passport For Thailand Only စာသားပါတဲ့ တုံး ထုပေးပေမယ့် မြန်မာသံရုံးမှ ထုတ်ပေးတဲ့ သက်တမ်းတိုး နိုင်ငံကူးလက်မှတ်တွေ ကိုတော့ ၎င်းစာသားပါ တုံးထုပေးတာမရှိသေးဘူးလို့ သိရပါတယ်။
 
""အခုလို လုပ်လိုက်တာဟာ မြန်မာအလုပ်သမားတွေ တခြားနိုင်ငံကို အလုပ်ပြောင်းလို့ မရတော့ဘဲ အလုပ်သမားတွေရဲ့ အခွင့်ရေးတွေ ဆုံးရှုံးသွားတာပေါ့ ထိုင်းမှာရှိတဲ့ မြန်မာလုပ်သားတွေကို နည်းမျိုးစုံနဲ့နှိပ်ကွပ်တယ်လို့မြင်တယ်""လို့ ထိုင်းရောက်မြန်မာလုပ်သားရေးကူညီပေးသူတစ်ဦးကပြောပါတယ်။
 
အခုလို မြန်မာ စစ်ကော်မရှင် ဘက်က ထိုင်းရောက်မြန်မာလုပ်သားတွေကို နည်းမျိုးစုံနဲ့ ကန့်သက်မှု လုပ်ဆောင်တဲ့ အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများကြား မကျေနပ်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
 
"သူတို့က အဲ့လို ကန့်သက်တယ်ဆိုရင် ပိုက်ဆံအကုန်ခံပြီး PJ ဘာလို့ပြောင်းနေမှာလဲ CI စာအုပ်နဲ့ဘဲ သက်တမ်းကုန်တဲ့ အထိ နေတော့မယ် ပြည်ပကိုထွက်ဖို့ လုပ်နေသူတွေအတွက်လည်း သူတို့ ဘယ်လိုဘဲ ပိတ်ပင် ပါစေ နည်းလမ်းတွေက သူ့ဟာသူပေါ်လာမှာပါ ""လို့ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
လက်တလောအခြေနေအရ ယခင်က CI မှ PJ ပြောင်းထားသူတွေ မှာ ပြည်ပနိုင်ငံ တွေကို ဆက်လက်ထွက်လို့ရနေမှာဖြစ်ပြီး ယခုမှ CIမှ PJ ပြောင်းသူတွေ ကတော့ မြန်မာနိုင်ငံမှ လွဲပြီး အခြားနိုင်ငံကို ဆက်လက်သွားလာခွင့်မရဘူးလို့သိရပါတယ်။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026