NEWS

Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်

CoverLogo
181 Views
 
ရွှေပြည်သာမြို့နယ်၊ ၀ါးတရာစက်မှုဇုန်၊ ငမိုးရိမ်လမ်းက Chuan Qi အထည်ချုပ်စက်ရုံအလုပ်သမားတွေ စုပေါင်းတောင်ဆိုမှု ပြုလုပ် နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့လယ်ပိုင်းမှာ စတင်ခဲ့တာဖြစ် လက်ရှိအချိန်အထိ တောင်းဆိုမှု ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ပေးထားတဲ့ ရက်မှန်ကြေးတွေလျှော့လိုက်တယ်။ နောက် တစ်ကက်ကြေးတွေရော အပြည့်အဝ၊ ရက်မှန်ကြေးလည်း ပြောထားတဲ့ အတိုင်းပေးဖို့ တောင်းဆိုတာပါ။ ပိုတောင်းတာလည်း မဟုတ်ဘူး။ လျှော့ပေးလို့ပါ ။ ” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံဘက်က လုပ်ခတန်းတူပေးရေးအပါအဝင် ဥပဒေအရ၊ အခွင့်အရေးအရ ချိုးဖောက်ခံထားရဲ့ အချက် ၁၆ ချက်ကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုထားတာကို တွေ့ရပါတယ်။ လက်ရှိတောင်းဆိုမှုမှာ အလုပ်သမား ၂၀၀ ဝန်းကျင် ပါဝင်နေပြီး အတင်းအကျပ် ခိုင်းစေမှုတွေ ရှိခဲ့လို့ အခုလို ပါဝင်နေတာလို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
“အထည်ကြေး ၃၀၀၀၀ ပြည့်အောင်ချုပ်မထားရင် မပေးဘူး ပြောတယ်။ အထည်ကြေးအတွက်ဆို စုပေါင်း ချုပ်ရတာတွေလည်း ရှိတယ်။ ရတာက တစ်ကျပ်/ နှစ်ကျပ်နဲ့ ဆိုတော့ ရဖို့တောင်မရှိတော့ဘူး.” လို့ ပြောပါတယ်။
 
Chuan Qi အထည်ချုပ်စက်ရုံက ရှောင်ဖအိပ်ချုပ်စက်ရုံ အပေါ်ထပ်မှာ ဖွင့်လှစ်ထားတာ တစ်နှစ်ဝန်းကျင်ရှိပေမဲ့ EC စာချုပ် ချုပ်ပေးတာလည်း မရှိဘူးလို့ ပြောပါတယ်။ စက်ရုံဘက်က ရက်မှန်ကြေး အပါအဝင် တောင်းဆို ချက်တွေ လိုက်ရောမှုမရှိသေးဘဲ အလုပ်သမားဦးစီးဌာနက လာရောက်ညှိနှိုင်းပေးမယ်ဆိုပြီး အကြောင်းပြန် ထားပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026