NEWS

Chu Yang (Myanmar) အထည်ချုပ် လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေ

CoverLogo
1.2K Views

Chu Yang (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားအမျိုးသမီး တဦး Myanmar Labour News ကို ပြောဆိုပါတယ်။

 

“ကြော်ငြာဘုတ်မှာ နာမယ်နဲ့ တကွ စာကပ်လိုက် ။ စက်ရုံလုပ်သား ၃၀၀ ဝန်းကျင်မှာ အဲလို စာကပ်ခံရတော့ ကျွန်မ အရှက်ရတာပေါ့” လို့ ကြေညာစာအကပ်ခံရသူ အမျိုးသမီးက ပြောပါတယ်။ 

 

အဲဒီအမျိုးသမီးဟာ စက်ရုံရဲ့ ကြယ်သီးတပ်ဌာန (Button) မှာ ၂ နီးပါးကြာ တာဝန်ထမ်းဆောင်နေသူလို့ သိရပါတယ်။

 

ဩဂုတ် ၃၁ ရက် မနက် ၁၀ နာရီလောက်မှာ သွားကိုက်တာကြောင့် မကျည်းစေ့ ကိုက် ငုံထား တာကို မုန့်စားတယ်ဆိုပြီး အလုပ်သမားကတ် သိမ်းယူသွားတာကြောင့် စက်ရုံ HR ဌာနမှာ သွားရောက် ဖြေရှင်းခဲ့တယ်လို့ အဲဒီ အမျိုးသမီးက ပြောပါတယ်။ 

 

“HR မန်နေဂျာက မကျဉ်းစေ့လည်းမုန့်ပဲ ဆိုပြီး ဝမ်းတိန်ထိုးရမယ်ဆိုပြီး ဖြစ်လာတာ ။ နှုတ်ဝမ်တိန်လို့ ပြောတယ်။ ဒါဆိုလည်း ခေါ်ပြောတာလည်း နှုတ်ဝမ်တိမ် မဟုတ်ဘူးလားလို့ မေးလိုက်ပါတယ်။ ကျွန်မကတော့ လက်မှတ် မထိုးဘူးလို့ ငြင်းလိုက်တာ ။ “ လို့ ဆက်ပြောပါတယ်။

 

ဒီလို လက်မှတ်မထိုးရတာဟာ ဝမ်တိန်အကြောင်းပြပြီး အလုပ်ထုတ်မှုတွေရှိနေတာကို ကြားသိနေရပြီး အလုပ်အကိုင်အတွက် စိုးရိမ်မှုရှိလို့ကြောင့် ဖြစ်တယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။ 

 

နေ့လယ်ပိုင်းမှာ တော့ အလုပ်သမားရေးရာ ညိနှိုင်းရေး ကော်မတီ WCC ကို ကြေညာစာရွက်တွေ ဝေပေးခဲပြီးနောက် စက်ရုံအတွင်း လူအများမြင်နိုင်တဲ့ နေရာနှစ် ရာမှာ အမည်၊ ရာထူးနဲ့ ဌာန တွေနဲ့အတူ နှုတ် သတိပေး တယ်ဆိုပြီး ကပ်ထားခဲ့တယ်လို့ ကြေညာစာ အကပ် ခံရသူ အမျိုးသမီးက ပြောပြပါတယ်။ 

 

“WCC အဖွဲ့ဝင်တွေက စာလက်ခံရလို့ မေးမြန်းပြီး ညှိပေးပါ့မယ်လို့ ပြောနေတုန်း ရှိသေးတယ် ၊ စာကကပ် ပြီး ပြီဆိုတော့ ကျွန်မကို အရှက်ရအောင်လုပ်တာလို့ မြင်ပါတယ်။

 

 အပြစ်တင်ပြောဆိုတာခံရတယ်၊ ကွက်ကြည့် ကွက်ကြည့်နဲ့ ။ ဘယ်နဲ့မှလည်း ပြောလည်းမပြောချင်ဘူး။ တွေ့လည်း မတွေ့ချင်ဘူး ။ လူတွေ ကိုယ့်ဘဲကြည့်နေသလိုလို ဖြစ်တယ်။ စာကပ်တာက မသိရင် စက်ရုံပစ္စည်းပဲ တခုခု လုပ်လိုက်သလို ဖြစ်နေတယ် ။ ရှက်လည်း ရှက်ရတယ် ” ဆိုပြီး ပြောပါတယ်။ 

 

မကျည်းစေ့ကိုက်မိလို့ ကြော်ငြာဘုတ်မှာ စာကပ်တာဟာ လုပ်သက် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ကြုံတွေခဲ့ တာလို့လည်း အဲဒီ အမျိုးသမီးက ပြောပါတယ်။ 

 

စက်ရုံလုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်တဲ့ ပြဿနာ တွေကို WCC နဲ့ ညှိနှိုင်းပြီး ဖြေရှင်းရမှာ ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေသူ မအေးအေး က ပြောဆို ပါတယ်။ 

 

“ အလုပ်ရှင်ဘက်က လိုအပ်တယ်လို့ ယူဆခဲ့ရင် သက်ဆိုင်ရာ WCC နဲ့ ညှိနှိုင်းပြီး ဖြေရှင်းတာ အကောင်း ဆုံးပါ။ ဘာမဟုတ်တာလေးနဲ့ ဝမ်တိန်ထိုးကိုထိုးရမယ်၊ မထိုးပေးရင်လဲ စက်ရုံမှာ စာလိုက်ကပ်နေတာ ကတော့ အဆင် မပြေပါဘူး။ ဝမ်တိန် ထိုးပေးရလောက်တဲ့ အပြစ်မျိုး လုပ်မထားဘူးဆိုရင် ထိုးပေးစရာ မလိုပါဘူး။ “လို့ မအေးအေးက ပြောပါတယ်။ 

 

စက်ရုံရဲ့ HR မန်နဂျာဆိုသူက စည်းကမ်းချိုးဖောက်မှုတွေကို တိုင်းကြားပါဆိုလို့ တိုင်ကြားခဲ့ပေမဲ့၊ တိုင်ကြားသူ အမည်ကို မိုက်နဲ့ ထုတ်ဖော်ပြောဆိုလို့ အလုပ်သမားအချင်းချင်း အမုန်းပွားတဲ့ ကိစ္စတွေပါ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

“ကျွန်မကို မှာလိုက်တယ် စည်းကမ်းဖောက်သူတွေ့ရင် ပြော။ အဲတော့ ပြောလိုက်တယ်။ ပြောတော့ ကျွန်မက တိုင်တာပါဆိုပြီး နာမယ်ကို မိုက်နဲ့ အော်တယ်။ ဒါဆို ဘယ်လောက်ဆိုးဝါးလဲ ။ ကျွန်မ ဘယ်လို မျက်နှာနဲ့ နေရ မလဲ စဉ်းစားကြည့်ပါ ။ ကျွန်မကို လက်မှတ်ထိုးခိုင်း၊ ကြော်ညာဘုတ်မှာ စာကပ်ခံရတာပါ။ တခြား အလုပ်သမား တွေကို တော့ အဲလို တခါမှ မလုပ်ဘူးပါဘူး။ ခွဲခြားဆက်ဆံခံရတာပါ” လို့ ကြေညာစာ အကပ် ခံရသူ အမျိုးသမီးက ပြောပြပါတယ်။

 

စက်ရုံက စည်းကမ်း ထုတ်ထားတာမျိုးဆို အလုပ်သမားတွေ လိုက်နာရမှာဖြစ်တဲ့အပြင် အဲဒီ စည်းကမ်းကလည်း လုပ်ငန်းခွင်ထဲမှာရှိတဲ့ အလုပ်သမားတိုင်းနဲ့ သက်ဆိုင်ပါတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ မအေးအေးက ပြောပါတယ်။  

 

စက်ရုံအတွင်း အစားအသာက်က မယူရဘူးဆို ပြောမဲ့ စက်ရုံ ရုံးပိုင်းဝန်ထမ်းတချို့ ချိုးဖောက်မှု တွေရှိခဲ့တယ်လို့ Chu Yang (Myanmar) အထည်ချုပ် စက်ရုံ အလုပ်သမား နောက်တဦးက ပြောပြပါတယ်။.

 

“ တကယ်ဆို HR ဌာနက ဝန်ထမ်းကိုယ်တိုင် စားစရာရောင်းနေတာ။ စက်ခန်းထဲမှာ ရောင်းနေတယ် ။ ငရုပ်သီးနှမ်းကပ်ကျော် ရောင်းနေတာက တရုံလုံးတွေ့နေတာ ၊ သိနေတာပါ ။ ဘာလင်တိုင်းနေ့ကဆို HR မန်နေဂျာ ကိုယ်တိုင် ချောကလက်တွေ စက်ရုံထဲ သယ်လာခဲ့တာ၊ အဲ့အမကို ဝမ်တိန်ထိုးခိုင်းသူတွေ ကိုယ်တိုင်ကိုက စည်းကမ်းကို ချိုးဖောက်နေတာပါ “ လို့ ပြောကြားထားပါတယ်။  

 

Chu Yang Myanmar Garment ကုမ္ပဏီကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် DICA က ခွင့်ပြုခဲ့ပြီး ရွှေပြည်သာမြို့နယ် ၀ါးတစ်ရာစက်မှုဇုန်အတွင်းမှာ စက်ရုံဖွင့်လှစ် လုပ်ကိုင်နေပါတယ်။ 

 

လက်ရှိ Sustianable Product ၊ Support the cotton made in Africa ၊ bpc selection စတဲ့ EU အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတယ်လို့ Myanmar Labour News က သိထား ပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026