NEWS

Chu Yang Myanmar စက်ရုံ လုပ်ငန်းရှင်အား တရားစွဲဆိုထားမှုစတင်စစ်ဆေး

CoverLogo
741 Views

ရွှေပြည်သာ ဝါးတရာစက်မှုဇုန် အမှတ် -  ၊ ဝန်ဆောင်မှုလမ်းရှိ Chu Yang (Myanmar) Garment တွင် 
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဆွဲဆိုထားမှု အပါ အမှုပေါင်း ၁၃ မှုအထိရှိခဲ့တဲ့ Chu Yang Myanmar စက်ရုံလုပ်ငန်းရှင်ကို အလုပ်သမားကတရားစွဲဆိုထားရာ ပထမဆုံးရုံးချိန်းကို ဩဂုတ်၂၂ရက်က စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ 

"သူကတရားမမှုပါ။ EC ချိုးဖောက်မှုနဲ့။ သူကဝမ်တိမ်မ​ပေးဘဲ တခါတည်းအလုပ်ထုတ်လိုက်တာ။ အဲ့စက်ရုံက ၂၀၂၄ အစကနေခုထိ အမှုပေါင်း၁၃မှုရှိတယ်။ ကူညီပေးဖို့ လာတိုင်ထားတာ။ အားလုံးရှင်းပေးပြီးပြီ။ ခုဇော်မျိုးထွန်းနဲ့နောထပ် သမဂ္ဂကိစ္စအမှူကျန်သေးတယ်" လို့ ကူညီဆောင်ရွက်ပေးသူက ဆိုပါတယ်။ 

အဆိုပါစက်ရုံက အလုပ်သမားတစ်ဦးဖြစ်တဲ့  ဇော်မျိုးထွန်းဟာ EC အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုနဲ့ အလုပ်ရှင်ကိုတရားစွဲဆိုရာ  ဩဂုတ် ၂၂  ရက်နေ့ ရွှေပြည်သာမြို့နယ်တရား ရုံးချိန်းတွင် ပဏာမ ငြင်းချက် (၁) အား လျှောက်လဲချက် တင်ထားခဲ့ပြီး  နောက်ရုံးချိန်းကို စက်တင်ဘာ ၅ ရက်နေ့ နေ့လည် မှာ ပြန်လည်ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။ 

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကူညီဖြေရှင်းပေးဖို့အကူညီတောင်းခံလာကြရာ အလုပ်ထုတ်ခံရမှု ၃ မှု၊ ခွဲခြားဆက်ဆံမှု ၁ မှု၊  အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် ချိုးဖောက်တာ ၂ မှု ၊  အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်မချုပ်တာ ၂ မှု၊ သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ချိုးဖောက်မှု ၁ မှု၊ လုပ်ခလစာဖြတ်တောက်မှု ၃ မှုနဲ့ အလုပ်သမား ၁၄၀ ရဲ့  လုပ်ခလစာတိုးပေးဖို့(စုပေါင်းတောင်းဆိုမှု) ၁ မှု တို့အပါအမှုပေါင်း ၁၃ မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

Chu Yang (Myanmar) အထည်ချုပ်စက်ရုံဟာ  ၂၀၂၀ ခုနှစ်မတ်လ၉၇က်က  ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီး မြှုပ်နှံ အနေဖြင့် အမေရိကန်ဒေါ်လာ ၂.၁၃၆ သန်းရင်းနှီးမြှုပ်နှံမှူပြုလုပ်ထားတဲ့  တရုပ်နိုင်ငံသားပိုင် CMP စနစ်ဖြင့်လုပ်ကိုင်သည့်စက်ရုံဖြစ်ပြီး European Flax certification ရရှိထားပြီး Linen အထည်များကိုတာဝန်ယူချုပ်လုပ်သလို  EU brand အများဆုံးချုပ်တဲ့စက်ရုံဖြစ်တယ်လို့ သိထားရပါတယ်။

အဆိုပါစက်ရုံက  အဓိကချုပ်လုပ်နေတဲ့ကုန်အမှတ်တံဆိပ်တွေဟာ   Rainbow Brand, Bodyflirt Brand , bpc Selection Brand များဖြစ်ပြီး အဆိုပါ Brand ဂျာမဏီနိုင်ငံ၊ ဟမ်းဗက်မြို့ အခြေစိုက်Bonprix Brand  ရဲ့ လက်အောက်အခွဲ Brands တွေဖြစ်တယ်လို့လည်းသိရပါတယ်။


Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026