NEWS

Chisheng စက်ရုံလုပ်သားများအား နို့တစ်ပေးအလုပ်ထုတ်မည်ဟု စက်ရုံမန်နေဂျာ ပြောဆို

CoverLogo
329 Views
 
လုပ်ခလစာ ဒေးကြေး တစ်သောင်းနှစ်ထောင်ကျပ်တိုးမြှင့်ရေးအတွက် တောင်းဆိုနေတဲ့ Chisheng စက်ရုံလုပ်သားတွေကို စက်ရုံဘက်က တိုးပေးတဲ့ ပမာဏကိုလက်မခံပါက နို့တစ်ပို့ပြီး အလုပ်ထုတ်မယ်လို့ စက်ရုံမန်နေဂျာက ခြိမ်းခြောက်ခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ကို အလုပ်သမားတွေက ပြောပါတယ်။
 
Chisheng စက်ရုံလုပ်သားတွေက လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဇွန်လ ၁၃ ရက်က စတင်တောင်းဆိုခဲ့ပြီး စက်ရုံဘက်က ရက်တွက်ဒေးကြေး ကျပ်တစ်သောင်း တိုးပေးခဲ့တာ ဖြစ်ပါတယ်။
 
ဒီပမာဏကို လက်မခံပါက နို့တစ်ပေး အလုပ်ထုတ်မယ်ဆိုပြီးစက်ရုံအလုပ်သမားတွေကို စက်ရုံဘက်က ဇွန်လ ၁၄ရက်မှာ ပြောဆိုခဲ့ပါတယ်။
 
Chisheng စက်ရုံ လုပ်သားတွေက ရက်တွက်ဒေးကြေး ကျပ် တစ်သောင်းနှစ်ထောင် ၊ အချိန်ပို OT ကြေး နှစ်ထောင်ငါးရာ ၊ ရက်မှန်ကြေးကျပ် ငါးသောင်း တိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။
 
ဒီတောင်းဆိုမှုကို စက်ရုံမန်နေဂျာက ဒေးကြေး မူလ ကိုးထောင်ခြောက်ရာကနေ တစ်သောင်းကျပ်၊ ရက်မှန်ကြေး သုံးသောင်းငါးထောင်ကျပ် ကနေ ကျပ် လေးသောင်း၊ အချိန်ပိုကြေးကို အရင်အတိုင်း ပဲပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။
“တောင်းဆိုချက် သုံးခုတောင်းထားပါတယ်။ မနေ့ကတည်းကတောင်းဆိုတာပါ။ သူတို့ပေးတာလက်မခံရင် တစ်ပတ်နို့တစ်ပို့မယ်။ တပတ်အတွင်း လုပ်ငန်းခွင်ပြန်မဝင်ဘဲ ဆက်လက် ဆန္ဒပြတောင်းဆိုမယ်ဆိုရင် အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်ပါတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုတိုင်း စက်ရုံပိုင်ရှင် တွေ၊၊ ဌာနဆိုင်ရာဝန်ထမ်းတွေက အလုပ်သမားတွေ တောင်းဆို ချက်ကို မလိုက်လျောဘဲ ပေးစေလိုတဲ့ နှုန်းထားအတိုင်းလက်ခံဖို့ အတင်းအကြပ် တိုက်တွန်းတာတွေ ရှိတယ်လို့ STUM က လူမှုကွန်ရက်မှာ ရေးထားပါတယ်။
 
ဇွန်လ ၁၂ ရက်က ရွှေပြည်သာမြို့နယ်ရှိ Rum Yang(Myanmar) အထည်ချုပ်စက်ရုံလုပ်သားတွေရဲ့ တောင်းဆိုမှုကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက တိုင်းဦးစီးအရာရှိက ခြိမ်းခြောက်တာ‌ကြောင့် အလုပ်သမားတွေက တောင်းဆိုချက် ရုတ်သိမ်းပြီးလုပ်ငန်းခွင်ပြန်ဝင် ရတာနဲ့ အလုပ်ထွက်သွားသူ‌တွေ ရှိခဲ့ပါတယ်။

Related posts

Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
Yuan Hong Garment စက်ရုံ တနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းခိုင်း
Mar 24, 2026
Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026