NEWS

Chi Mei အထည်ချုပ် ခေါင်းဆောင်တချို့ ဆုကြေးပေးမယ် ပြောဆိုပြီး လိမ်လည် ခိုင်းစေ

CoverLogo
295 Views
Chi Mei အထည်ချုပ်စက်ရုံမှာ ခေါင်းဆောင်းတချို့က ဆုကြေးပေးမယ် ပြောဆိုပြီး လိမ်လည် ခိုင်းစေ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်စတင်ချိန်မှာ ဆုကြေးပေးမယ်လို့ QC မန်နေဂျာက ပြောဆိုခဲ့ပြီး လစာမှာတော့ ထည့်သွင်း ရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ သူက အလုပ်တွေပြီးရင် ရလဒ်ကောင်းရင်ဆုကြေးပေးမယ်ပြောတယ်။ လကုန်လို့ လစာထုတ်တော့ ဆုကြေးပါမလာဘူး။ အဲ့ဒါကို ပြောတော့၊ စက်ရုံပိုင်ရှင် ရှုံးလို့ မပေးဘူးပြောပြန်တယ်။ ညီမတို့က တလလုံးလုံး ရလဒ်ကောင်းအောင်လုပ်ခဲ့တာ၊ တကယ်မပေးနိုင်လည်း မပြောနဲ့ပေါ့။” လို့ ပြောပါတယ်။
 
ဆုကြေးအနေနဲ့ ဂရိတ်ကြေး A+ ၆၀,၀၀၀ ၊ A ကို ၅၀,၀၀၀၊ B ကို ၄၀,၀၀၀ သတ်မှတ်ပေးထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်၊ ဒါ့အပြင် ရက်မှန်ကြေးကို စက်လိုင်းနဲ့ တခြားဌာနတွေကို ခွဲခြားပေးတယ်လို့လည်း သိရပါတယ်။
 
“စက်ရုံက စက်လိုင်းနဲ့ တခြားဌာနတွေကို ရက်မှန်ကြေးမှာ ခွဲခြားပေးတယ်။ သူတို့က ၄၀,၀၀၀ ၊ တခြားဌာနတွေကိုတော့ ၃၀,၀၀၀ ပဲ ပေးတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်အတွင်းမှာ လက်အောက်ခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေကို အရှက်ရအောင် QC မန်နေဂျာက ပြောဆို ခိုင်းစေနေတာလို့ သိရပါတယ်။
 
“လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေရှေ့မှာပဲ ရိုင်းဆိုင်းတာတွေ ပြောတယ်။ မိဘတွေနဲ့ တိုင်တည်ပြီး ပြောတယ်၊ ေ-ာက်တွေဘာတွေနဲ့ ပြောတယ်။ အလုပ်သမားတွေက အမျိုးသမီးတွေ မိန်းကလေးတွေ ဆိုတော့ အရှက်ရ ကြတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Qcမန်နေဂျာရဲ့ မောက်မာရိုင်းစိုင်း ပြောဆိုမှုတွေက အလုပ်သမားတွေ အတွက် အလုပ်ဖို့ အဆင်မပြော ဖြစ်ရပြီး စက်ရုံဘက်ကို တိုင်ကြားမှုရှိခဲ့ပေမဲ့ ဆက်လက်လုပ်ဆောင်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
“QC မန်နေဂျာ ရိုင်းစိုင်းတာကို စက်ရုံဘက်ကို အကြောင်းကြားတိုင်ကြားတာရှိတယ်၊ ဒါပေမဲ့ အရေးယူတာ မရှိဘူး။ အဲလိုကြောင့်လားတော့မသိဘူး ။ လုပ်ငန်းခွင်ထဲမှာ ဆက်ပြီး ဆဲနေတော့တာ.” လို့ ပြောပါတယ်။
 
Chi Mei International Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကန်မြို့၊ ရွှေပြည်သာမြိုနယ်၊ ရွှေပြည်သာစက်မှုဇုန် ၃ ၊ ပုလဲမှာ ရှိပြီး လုပ်သား ၉၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026