NEWS

CHI MEI Garment အထည်ချုပ် စက်ရုံ အချိန်ပို အတင်းအကျပ်ဆင်းခိုင်း

CoverLogo
574 Views
 
ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်၊ ၁၄ လမ်းဆုံအနီး က တရုတ်နိုင်ငံသားပိုင် CHI MEI Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို အချိန်ပို အောလင်း အတင်းအကျပ်ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေ က STUM ကို ပြောပါတယ်။
 
ဇူလိုင်လအတွင်းမှာ အလုပ်သမားတွေကို အောလင်း အချိန်ပို ၁၀ ရက်ကျော်ထိ ဆင်းခိုင်းခဲ့ပြီး ဩဂုတ်လ ဆန်းပိုင်းအထိ ဆင်းခိုင်းနေတာဖြစ်ပါတယ်။အချိန်ပိုအလွန်ဆင်းရတာကြောင့် ကျန်းမာရေးထိိခိုက်မှုတွေ ရှိနေတယ်လို့ လည်း အလုပ်သမားတွေကပြောထားပါတယ်။
 
အချိန်ပို အောလင်းမဆင်းပါက ဂရိတ်ကြေး ဖြတ်မယ့်အပြင် အလုပ်သမားတွေ အနေနဲ့ တိုင်ကြားမယ် ဆိုရင်လည်း အထက်လူကြီးတွေက အလုပ်ပိုပြီးဖိအား ပေးခိုင်းမယ်လို့ စက်ရုံမန်နေဂျာက ပြောဆို ခဲ့တယ်လို့ သိရပါတယ်။
 
အချိန်ပို အလုပ်ကို ဇူလိုင်လ ၈ ရက်နေ့ကနေ ဩဂုတ်လ ၂ ရက်နေ့ထိ အတွင်းမှာ ရက်ခြား ဆင်းခိုင်း နေတာဖြစ်ပြီးတော့ အလုပ်အချိန်ပို ဆင်းသူဟာ တစ်ရက်နားခွင့်ရှိပေမယ့် နားရက်တစ်ရက်ကိုလည်း နားခွင့် မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
အောလင်းဆင်းသူ အလုပ်သမားတွေကို ထမင်းဖိုးလို့ဆိုပြီး တစ်ရက်သုံးထောင် ပေးပေမယ့် နားချိန် နာရီဝက်သာ ရတယ်လို့ ဆိုပါတယ်။အဆိုပါ လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီ WCC လည်းဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ဇူလိုင်လထဲမှာလည်း အချိန်ပိုခွင့်ပြုချက်မရှိဘဲ ခိုင်းစေတာ၊ စစ်ဆေးမှုတွေကို လိမ်လည်ဖြေကြားခိုင်းတာနဲ့ အချိန်ပိုကို ဖိအားပေးခိုင်းစေနေတာတွေ ကြောင့် အလုပ်သမားတွေက တိုင်ကြားခဲ့ပေမယ့် ချိုးဖောက်မှုတွေ ထပ်မံကျူးလွန်နေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အဆိုပါ စက်ရုံဟာ အလုပ်သမား ၉၀၀ ကျော်နဲ့ ကုတ်အင်္ကျီအရှည်၊ ဖလန်ထည်နဲ့ ဝယ်လွန်အင်္ကျီတွေ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026