NEWS

CHI MEI အထည်ချုပ်စက်ရုံ လုပ်ငန်းရပ်ဆိုင်းရန်ပြင်ဆင်မှု အလုပ်သမားဥပဒေများအား ချိုးဖောက်

CoverLogo
476 Views
 
CHI MEI INTERNATIONAL COMPANY LIMITED အထည်ချုပ်စက်ရုံသည် အော်ဒါမရရှိမှုကို အကြောင်းပြကာ လုပ်ငန်းယာယီရပ်ဆိုင်းပြီး လုပ်ခလစာ ပေးချေမှုမှာ ချိုးဖောက်မှုတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ခတ္တရပ်မယ်ပြောတယ်။ အလုပ်သမား ရုံးကို အကြောင်းကြားတာမရှိခဲ့ဘူး။ ဘယ်ရက်ကနေ ဘယ်ရက် အထိ ပိတ်မယ်ဆိုတာကိုလည်း အလုပ်သမားတွေကို သေချာပြောခဲ့တာ မရှိပါဘူး” လို့အလုပ်သမားက ပြောပါတယ်။
 
မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်း ဥပဒေ (၂၀၁၁) မှာ 'အလုပ်ပိတ်ခြင်း' ဆိုင်ရာ ပြဌာန်းချက်မှာ အလုပ်ပိတ်ပါက သက်ဆိုင်ရာဌာနကို အသိပေးတင်ပြရမှာဖြစ်ပြီး ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ (၁၉၅၁) မှာလည်း ကြိုတင်အကြောင်းကြားရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။
 
CHI MEI စက်ရုံက စက်တင်ဘာလအတွင်း အလုပ်ခေတ္တပိတ်မယ်လို့ ပြောကြားခဲ့ပြီး စက်ရုံယာယီပိတ်စဉ် ကာလအတွက် မန်နေဂျာက မူလပေးနေတဲ့ တစ်ရက် ဒေးကြေး ၁၁,၀၀၀ ကျပ် အစား ၅,၈၀၀ ကျပ်သာ ပေးပြီး ရက်မှန်ကြေးနဲ့ တခြားထောက်ပံ့ကြေးတွေ မပေးနိုင်ဘူလို့ ပြောခဲ့တယ်ဆိုပြီး အလုပ်သမားတွေက ပြောပါတယ်။
 
“အဲ့ သတင်းတွေ တက်လာပြီးမှာ စက်ရုံကို ရုံးက လာ စစ်တယ်။ အဲ့မှာမှ သက်ဆိုင်ရာ ရုံးတွေမှာ လာရောက် အသိပေးထားတာ၊ စာတင်ထားတာ မရှိဘူး ဆိုပြိးသိရတယ်။ ဒေးကြေး ၅၈၀၀ ကျပ် မဟုတ်ဘဲ ပိတ်ရက်တွေကို ၆၈၀၀ နဲ့ ရက်မှန်ကြေး အပြည့်ထည့်ပေးဖို့ ပြောသွားတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
သက်ဆိုင်ရာရုံးမှ ညှိနှိုင်းပေးပြီးနောက် ဒေးကြေး ၆,၈၀၀ ကျပ်နဲ့ ရက်မှန်ကြေးအပြည့်ပေးဖို့ သဘောတူညီခဲ့ ပေမဲ့ အလုပ်သမားတွေ အလုပ်ပြန်ဆင်းတဲ့နေ့မှာ “ဒေးကြေး ၆၈၀၀ ကျပ် တခုတည်းယူဖို့ သဘောတူကြောင်း လက်မှတ်တွေကို ဖိအားပေးထိုးခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“သတင်းကျွတ်ပိတ်ရက်ပြီး ၈ ရက်နေ့မှာ အလုပ်သမားတွေ အလုပ်ဆင်းဖို့ ၊ မဆင်းရင် စက်ရုံဘက်က အလုပ် အထွက်ပြမယ်ဆိုပြီး အော်စူပါ၊ စူပါတွေကို ပြောခိုင်းပါတယ်။ ဘယ်ရက်တွေပိတ်မယ်လို့ မပြောထားပါဘူး။ အဲ့နေ့ ရောက်မလာနိုင်တဲ့ အလုပ်သမားတွေကို စက်ရုံဘက်က အလုပ်ထွက်ပြ ခဲ့ပါတယ်။ ၈ ရက်နေ့ အလုပ်ပြန်လာတဲ့ အလုပ်သမားတွေကို ဒေးကြေး ၆၈၀၀ ကျပ်ပဲကို သဘောတူကြောင်း လက်မှတ်ထိုးခိုင်းခဲ့တယ်။ လက်မှတ်မထိုးတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ “ လို့ပြောပါတယ်။
 
လုပ်ငန်းကို ယာယီရပ်ဆိုင်းသည့်ကာလအတွက် လုပ်ခပေးချေမှုကို အနည်းဆုံး အခကြေးငွေ ဥပဒေ (၂၀၁၃)နဲ့ လုပ်ခပေးချေရေး ဥပဒေ မှာဖော်ပြထားပြီး အလုပ်သမားတွေ ရပိုင်ခွင့်ရှိတဲ့ ရက်မှန်ကြေးနှင့် အခြား ထောက်ပံ့ ကြေးများကို ဖိအားပေး လျှော့ချတာ ဖြတ်တောက်တာတွေကို ပြုလုပ်ခွင့်မရှိပါဘူး။
 
ဒီလို အလုပ် ထုတ်ပယ်မှုက နစ်နာကြေးများ (Severance Pay) အပါအဝင် ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ အကျိုးခံစားခွင့်များ ဆုံးရှုံးခဲ့ရတဲ့အပြင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (၂၀၁၃) ပါ အလုပ်သမားကို အလုပ်မှ ရပ်စဲခြင်း (Termination) ဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်မှု ဖြစ်တယ်လို့ အလုပ်သမားအရေး ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။
 
"၂၀ ရက်နေ့က အလုပ်သမားအားလုံးစက်ရုံက ချိန်ရက်မို့အလုပ်ပြန်ဆင်းရတယ်။စက်လိုင်း ၂၀ ရှိတာ အခု ၆ လိုင်းပဲ အလုပ်လုပ်ဖို့ခေါ်ထားတယ်။ကျန်တဲ့ ၁၁ လိုင်းကို ပြန်ခေါ်မဲ့နေ့မှဆင်းဖို့ပြောတယ်။၂၀ ရက်နေ့ကမလာတဲ့အလုပ်သမားတွေကိုမိမိသဘောအရ အလုပ်ကထွက်တယ်ဆိုပြီးထုတ်တယ်။စက်ရုံက အလုပ်မပေးနိုင်တာ လုပ်ခလစာ အပြည့်အဝမရတဲ့အပြင်ယခု သူတို့ပြောတဲ့ရက်မလာလို့ဆိုပြီးထုတ်တာ ၈ ရက်နေ့ကတစ်ခါ အခု ၂၀ ရက်နေ့တစ်ခါ၊ နောက် ၁၁ လိုင်းကျန်တာခေါ်တဲ့အချိန် မလာလို့ဆို တစ်ခါ အလုပ်ထုတ်ခံရအုံးမယ်" လို့ အလုပ်သမားကပြောပါတယ်။
 
စက်ရုံဘက်က ရက်ပျက်လို့ ဂရိတ်ကြေး ဖြတ်တောက်တာတွေလည်း ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
“လုပ်ခလစာက ဒေးကြေး ၄၈၀၀၊ ထောက်ပံ့ကြေး ၂၀၀၀ ၊ စက်ရုံမုန့်ဖိုး ၄၂၀၀ ၊ ဒေးကြေး ၁၁,၀၀၀ကျပ်၊ ရက်မှန်ကြေး စက်သမား ၅၀,၀၀၀ ၊ တခြားဌာနက ရက်မှန်ကြေး ၃၀,၀၀၀ ကျပ်၊ အချိန်ပိုကြေး ၁၂၀၀ ကျပ်၊ အချိန်ပိုမုန့်းဖိုး ၈၀၀ ၊ နောက်ပြီး လစာအိတ်တွင်မပါပဲ အပြင်ဘက်မှ သက်သက်ထပ်ပေးတဲ့ ဂရိတ်ကြေးရှိတယ်။ အဲ့ဂရိတ်ကြေးကို A+ ၁၂၀,၀၀၀, A ၉၀,၀၀၀, B, C အဆင့်လိုက်တွက်ပေးတယ်။ ရက်ပျက်ရင်တော့ A+, A, B, C အဆင့်ချတယ်။ “ လို့ ပြောဆိုပါတယ်။
 
CHI MEI INTERNATIONAL COMPANY LIMITED အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃)၊ ပုလဲလမ်းက Honor Apparel အထည်ချုပ် စက်ရုံနေရာမှာ ပြန်လည်ဖွင့်လှစ်ထားတဲ့ စက်ရုံလို့ သိရပါတယ်။ တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား ၉၀၀ ကျော်နဲ့ Rafinat, knox village အထည်တွေ ချုပ်လုပ် ခဲ့တယ်လို့ သိထားပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026
Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026