Chi Mai အထည်ချုပ်စက်ရုံက ရှောင်တခင်ခွင့်ယူပါက ကြိုတင် တင်ပြရမှာဖြစ်ပြီး မတင်ပါက ခွင့်မပေးဘူးလို့ ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း သာရေး နာရေး အရေးပေါ် ကိစ္စတွေရှိလာပါက ရှောင်တခင်ခွင့်ကြိုယူဖို့ မဖြစ်နိုင်ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“ရှောင်တခင်ခွင့်ကို ကြိုတင်ရမယ်လို့ ပြောတယ်။ ကြိုမတင်ရင် မပေးဘူး။ အခုကတော့ ကြိုတင်လည်း ခွင့်က မရဘူး။ နောက်လုပ်သက်ခွင့်တွေဆို တနှစ်ပြည့်ရင် လစာထဲထည့်ပေးမယ် ပြောထားတာ။ အခုထိ မရသေးဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
အရေးပေါ်ကိစ္စအတွက် ဂိတ်ပတ်စ်တောင်းလည်း မပေးဘဲ မဖြစ်မနေသွားရပါက ဥပဒေပါအခွင့်အရေးတွေ မရ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်၊ “တနင်္လာလို နေ့တွေဆို မိသားစု၊ ကျန်းမာရေး ကိစ္စရှိလာရင် ပိတ်ပတ်စ် မပေးဘူး။ မန်နေဂျာက မပေးတာ။ အရေးကြီးလို့ ထွက်ရင် လစာမဲ့ခွင့်နဲ့ ထွက်ဆိုပြီး ပြောတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
ထို လုပ်ငန်းခွင်အတွင်း ဥပဒေအခွင့်အရေးတွေကို အောစူပါက ခွဲခြားဆက်ဆံလို့ နစ်နာနေရတယ်လို့လို့ အလုပ်သမားတွေက ပြောပါတယ်။
“Line-8 စူပါက ခွင့်ရက်တောင်းရင် အလုပ်သမားတိုင်းမပေးဘူး ။ ခွင့်ပေးချင်တဲ့ အလုပ်သမားကို ပေးတယ်။ ဘယ်သူကို ပေးမယ်ဆို မန်နေဂျာကို ပြောထားတာ ၊ မန်နေဂျာကလည်း သူ့သဘောအတိုင်း လိုက်လုပ်ပေးတယ်။ နောက် ရာထူးအဆင့်တိုးရင် နီးစပ်သူ အဆင်ပြေတဲ့သူတွေပဲ တိုးပေးတယ်။ ဘယ်လောက် ကျွမ်းကျင် ကျင်ကျင် မရဘူး။” လို့ ပြောပါတယ်။
လိုင်းအလိုက် အစည်းအဝေးတွေ ပြုလုပ်တိုင်း အဲ့ဒီအောစူပါက သူရဲ့ လုပ်ဆောင်ပုံ မကြိုက်ပါက ကြိုက်တဲ့နေရာ တိုင်ကြားနိုင်ပြီး မည်သူ့ကိုမျှ မကြောက်ကြောင်း၊ ဂရုမစိုက်ကြောင်း အမြဲပြောဆို ခြိမ်းခြောက်တယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
CHI MEI INTERNATIONAL COMPANY LIMITED အထည်ချုပ် စက်ရုံက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃)၊ ပုလဲလမ်းမှာရှိပြီး တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်တယ်လို့ သိရပါတဘ်။ အလုပ်သမား ၉၀၀ ကျော်လုပ်ကိုင်နေပြီး LCW VISION, Rafinat, knox village, RESERVED တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။









