NEWS

CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို

CoverLogo
294 Views
 
စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်တဲ့အနေနဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုအဖြစ် လုပ်ငန်းခွင်ကို စွန့်ခွာကာ CDM ပြုလုပ်သွားတဲ့ အစိုးရဝန်ထမ်းတွေကို စစ်ကော်မရှင်က အမည်ပျက်စာရင်းBlack Lists ကနေပယ်ဖျယ်ပေးနေတယ်ဆိုပြီး ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာဌာနကို သတင်းပေးပို့ ဆက်သွယ်ကြဖို့ သတင်းထုတ်ပြန်ထားပါတယ်။
 
၎င်းထုတ်ပြန်ချက်ကို ဇန်နဝါရီ ၃၁ရက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး CDM ဝန်ထမ်းတွေကို ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်ပျက်စာရင်း Black Lists ကနေဖြေလျော့ပေးမှာ ဖြစ်လို့ ယခုရောက်ရှိနေတဲ့ နေရာကနေ ယခင်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဌာနရဲ့ ရုံးတွေကို လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး နဲ့ ကောင်စစ် ဝန်ချုပ်ရုံး​တွေကို ဖြစ်စေ ပြန်လည်သတင်းပေးပို့ ဆက်သွယ်ကြဖို့ ထုတ်ပြန်ထားပါတယ်။
 
"အာဏာသိမ်းတာ ၅နှစ်ရှိပြီ အခုချိန်ထိ တောင့်ခံလာတာ မတရားမှုကို လက်မခံချင်လို့ ဒါကို သူတို့ဆီ ဆက်သွယ်ပါ Black lists က ဖြေပေးမယ်ဘာညာ တွေ ထုတ်ပြန် လည်း စိတ်မဝင်စားသလို သူတို့ပြောတာကိုလည်းအယုံကြည်မရှိဘူး အခုနောက် ပိုင်းဆို ကျန်ခဲ့တဲ့ ဌာနထဲက သူတွေတောင် အလုပ်ကို စိတ်ကုန်ပြီး ထွက်ချင်နေကျတာ အများကြီးပဲ အထက်ပိုင်းက ရာထူးကြီးတွေသာ အမျိုးမျိုး ခိုးဝှက်ယူပြီး အောက်ခြေဝန်ထမ်းတွေမှာ မလောက်င တဲ့ လစာနဲ့ ရုန်းကန်နေကျရတာ သူတို့ဘက်က လွယ်လွယ်သာ ထွက်ခွင့်ပေးလိူက် ထွက်မယ့် ဝန်ထမ်းတွေတန်းစီနေမှာ"လို့ CDMဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
အခုလို စစ်ကော်မရှင် ဘက်မှ CDM ဝန်ထမ်းတွေ အတွက် ထုတ်ပြန်ချက်ဟာ ပြည်သူ့အကျိုးကို လိုလားလို့မဟုတ်ဘဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ပြည်သူ့ဘက် ခိုင်ခိုင်မာမာ ရပ်တည် လာခဲ့တဲ့ အစိုးရဝန်ထမ်းတွေကို သွေးတိုးစမ်းတာ ဖြစ်သလို တော်လှန်ရေးအင်အားစု အကြား ယုံကြည်မှု ပျက်ပြားအောင် သွေးထိုးလှုံဆော်တဲ့ နည်းဗျုဟာ တရပ်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောကြားပါတယ်။
 
စစ်အာဏာသိမ်းခံရပြီးနောက် လုပ်ငန်းခွင်ကို စွန့်ခွာပြီး CDM ပြုလုပ်သွားတဲ့ ဝန်ထမ်းအများစု တွင် ပညာရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ထမ်းတွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026