NEWS

CDM ကျန်းမာရေးဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်အလုပ်မခန့်ရန် ခြိမ်းခြောက်သည့်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရုပ်သိမ်း

CoverLogo
261 Views

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိက ဆေးရုံများ၊ ဆေးခန်းများတွင် လိုင်စင်မရှိသော ကျန်းမာရေးဝန်ထမ်းများ ကို ခန့်အပ် ထားကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးရုံးမှ အောက်တိုဘာ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။ 


ပုဂ္ဂလိက ဆေးရုံများ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ  Dismissat ၊ Removal ပြုလုပ်ခြင်းခံထား ရသူများ  ခွင့်ပြုချက်၊ လိုင်စင်မရှိသော  ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့  ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်၊ လူ့စွမ်းအားအရင်းအမြစ် တွေ ကို အချိန်ပိုင်းဖြစ်စေ၊ အချိန်ပြည့်ဖြစ်စေ၊ ငှားရမ်း၍ ဖြစ်စေ ခန့်အပ်ထားခြင်းတွေ မလုပ်ဆောင်ဖို့ စစ်ကော်မရှင် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးရုံးကထုတ်ပြန်ခဲ့တာပါ။

 
ယခုလို စစ်အာဏာရှင်အလိုကျ ပြည်သူလူထုကို ဖိနှိပ်ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှု့ခဲ့တဲ့ အပေါ်  ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို  ၂၀၁၅ ခုနှစ်က ချီးမြင့်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ပြန်လည်ရုတ်သိမ်းကြောင်း  ဆုရွေးချယ်ရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ 


အာဏာသိမ်း စစ်တပ် အလိုကျ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်မခန့်ဖို့ အခုလို ခြိမ်းခြောက်တာတွေရှိပေမယ့် ရန်ကုန်တိုင်းဒေသကြီးထဲမှာ တရုတ် စကားပြော ဆရာ၀န်တွေကုသပေးနေတဲ့ ဆေးခန်း  အမြောက်အများကိုတော့  အရေးယူတာမျိုးမ တွေ့ရဘူးလို့ ပြည်သူတစ်ဦးကပြောပါတယ်။ 


"အဲ့ဒီဆေးခန်းတွေမှာ သွားရောက်ကုသ ခဲ့တဲ့ ပြည်သူတွေမှာ ရှိရင်းစွဲရောဂါ ပိုပြင်းထန်လာတာ ဆေးဖိုးနဲ့ကုသစရိတ်ကို နည်းအမျိုးမျိုးနဲ့ ပိုမိုတောင်းယူခံရတွေအပြင် ကုသမှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေနေတွေနဲ့ရင်ဆိုင်ရတဲ့အတွက် ဆေးခန်းတွေကို သက်ဆိုင်ရာမှ  စစ်ဆေးအရေးယူပေးဖို့ လူမှုကွန်ရက်တွေ ကတစ်ဆင့်တောင်းဆိုတာတွေရှိတယ်။ အဲ့တာမျိုးတွေလည်း အရေးယူစေချင်တယ်" လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောပါတယ်။ 


၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍဟာ ယိုယွင်းပျက်စီးလာကာ  ဆေးကုသစရိတ်ကြီးမြင့်တာ၊ အစိုးရဆေးရုံတွေမှာ ဆေးဝါးနဲ့ ကျန်းမာရေး အထောက်အကူပစ္စည်းတွေမလုံလောက်တာ၊ အခြေခံအိမ်သုံးဆေးဝါးတွေအထိ ဈေးအဆမတန် ကြီးမြင့်နေကာ အခြေခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုဟာ လက်လှမ်းမမီတော့တဲ့ အခြေအနေကို ရောက်ရှိလာနေတယ်လို့ သိရပါတယ်။ 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026