NEWS

CDM ကျန်းမာရေးဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်အလုပ်မခန့်ရန် ခြိမ်းခြောက်သည့်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရုပ်သိမ်း

CoverLogo
22 Views

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိက ဆေးရုံများ၊ ဆေးခန်းများတွင် လိုင်စင်မရှိသော ကျန်းမာရေးဝန်ထမ်းများ ကို ခန့်အပ် ထားကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးရုံးမှ အောက်တိုဘာ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။ 


ပုဂ္ဂလိက ဆေးရုံများ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ  Dismissat ၊ Removal ပြုလုပ်ခြင်းခံထား ရသူများ  ခွင့်ပြုချက်၊ လိုင်စင်မရှိသော  ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့  ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်၊ လူ့စွမ်းအားအရင်းအမြစ် တွေ ကို အချိန်ပိုင်းဖြစ်စေ၊ အချိန်ပြည့်ဖြစ်စေ၊ ငှားရမ်း၍ ဖြစ်စေ ခန့်အပ်ထားခြင်းတွေ မလုပ်ဆောင်ဖို့ စစ်ကော်မရှင် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးရုံးကထုတ်ပြန်ခဲ့တာပါ။

 
ယခုလို စစ်အာဏာရှင်အလိုကျ ပြည်သူလူထုကို ဖိနှိပ်ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှု့ခဲ့တဲ့ အပေါ်  ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို  ၂၀၁၅ ခုနှစ်က ချီးမြင့်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ပြန်လည်ရုတ်သိမ်းကြောင်း  ဆုရွေးချယ်ရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ 


အာဏာသိမ်း စစ်တပ် အလိုကျ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်မခန့်ဖို့ အခုလို ခြိမ်းခြောက်တာတွေရှိပေမယ့် ရန်ကုန်တိုင်းဒေသကြီးထဲမှာ တရုတ် စကားပြော ဆရာ၀န်တွေကုသပေးနေတဲ့ ဆေးခန်း  အမြောက်အများကိုတော့  အရေးယူတာမျိုးမ တွေ့ရဘူးလို့ ပြည်သူတစ်ဦးကပြောပါတယ်။ 


"အဲ့ဒီဆေးခန်းတွေမှာ သွားရောက်ကုသ ခဲ့တဲ့ ပြည်သူတွေမှာ ရှိရင်းစွဲရောဂါ ပိုပြင်းထန်လာတာ ဆေးဖိုးနဲ့ကုသစရိတ်ကို နည်းအမျိုးမျိုးနဲ့ ပိုမိုတောင်းယူခံရတွေအပြင် ကုသမှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေနေတွေနဲ့ရင်ဆိုင်ရတဲ့အတွက် ဆေးခန်းတွေကို သက်ဆိုင်ရာမှ  စစ်ဆေးအရေးယူပေးဖို့ လူမှုကွန်ရက်တွေ ကတစ်ဆင့်တောင်းဆိုတာတွေရှိတယ်။ အဲ့တာမျိုးတွေလည်း အရေးယူစေချင်တယ်" လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောပါတယ်။ 


၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍဟာ ယိုယွင်းပျက်စီးလာကာ  ဆေးကုသစရိတ်ကြီးမြင့်တာ၊ အစိုးရဆေးရုံတွေမှာ ဆေးဝါးနဲ့ ကျန်းမာရေး အထောက်အကူပစ္စည်းတွေမလုံလောက်တာ၊ အခြေခံအိမ်သုံးဆေးဝါးတွေအထိ ဈေးအဆမတန် ကြီးမြင့်နေကာ အခြေခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုဟာ လက်လှမ်းမမီတော့တဲ့ အခြေအနေကို ရောက်ရှိလာနေတယ်လို့ သိရပါတယ်။ 


Related posts

Cover
Myanmar Jiale အထည်ချုပ်စက်ရုံတွင် လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေ
Nov 03, 2025
Cover
အလုပ်သွင်းပေးဖို့ပိုက်ဆံတောင်းသည့် အေဂျင်စီများနှင့်ပွဲစားများကိုအရေးယူမည်
Nov 03, 2025
Cover
GY Sen စက်ရုံ ကထိန်အလှူအတွက် အချိန်ပို   ၂ နာရီ လုပ်ခ ဖြတ်
Nov 03, 2025
Cover
အူရီဒူး နှင့်အငြင်းပွားသည့် စီနီယာမန်နေဂျာ တို့ နှစ်ဖက် ပြေလည်မှုရပြီး တရားစွဲထားသော အမှုရုပ်သိမ်း
Nov 03, 2025
Cover
Grand Forest အထည်ချုပ် လုပ်သားများအား ရုတ်တရက် အလုပ်ရပ်ဆိုင်း
Nov 03, 2025
Cover
Ever Lead Myanmar စက်ရုံ တွင် တန်ဆောင်တိုင်ပိတ်ရက်  အချိန်ပို လုပ်ခိုင်း
Nov 03, 2025
Cover
Sen Yu အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်ရပ် တောင်းဆိုနေ
Nov 03, 2025
Cover
လှိုင်သာယာစက်မှုဇုန်( ၂) Jin Kai Hui အထည်ချုပ် စက်ရုံတွင် အလုပ်သမားများ တောင်းဆိုမှုပြုလုပ်
Oct 31, 2025