NEWS

Casico Garment ဒေးကြေး အပြည့်မပေးဘဲ လုပ်ကိုင်ခိုင်း

CoverLogo
586 Views
 
Casico Garment Limited အထည်ချုပ်စက်ရုံက ဥပဒေမှာ သတ်မှတ်ထားတဲ့ ဒေးကြေး အပြည့်မပေးဘဲ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေကို ဒေးကြေးပေးတာကို ခွဲခြားပေးတယ်။ စက်ချုပ်တွေကိုပဲ ၅၈၀၀ ၊ ၆၈၀၀ ၊ ၇၂၀၀ အဲလိုတွေ မတူအောင် ပေးတယ်။ ဟက်ပါ(အကူလုပ်သား)တွေကိုလည်း ဒေးကြေး၄၈၀၀ ပဲပေးတယ်။ အလုပ်ကတော့ ၇၂၀၀ ဖြစ်ဖြစ် ၄၈၀၀ ဖြစ်ဖြစ် အလုပ်ချိန်အတူတူ၊ စံချိန်လည်း အတူတူ လုပ်ပေးရတာ။ ဒေးကြေးမှာဘဲ ခွဲခြားတာ”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
မြန်မာအလုပ်သမားဥပဒေအရ အနည်းဆုံးလုပ်ခလစာ တရက် ၄၈၀၀ ဖြစ်ပေမဲ့ ပြီးခဲ့နှစ်အတွင်း ထောက်ပံကြေး ကျပ် ၂၀၀၀ ထပ်တိုးပေးဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
 
နေ့စဉ် စက်ရုံမှာ အချိန်ပို ၂ ကျော် ပုံမှန်လုပ်ကိုင်ရတဲ့ အပြင် ညနက်အချိန်ပိုတွေလုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို ဆင်း၊ မဆင်း အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်းတာမရှိဘဲ စက်ရုံဘက်က ဖိအားပေး လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ ည ၁၂အထိ အချိန်ပို ဆင်းချင်ကြဘူး။ ဒါကို အလုပ်ရှင်ဘက်က ဖိအားပေး ဆင်းခိုင်းတယ်။ အချိန်ပိုအတွက် လက်မှတ် ထိုးခိုင်းတာလည်းမရှိဘူး။ ဆင်းချင်လား ဆိုတာလဲ မမေးဘူး။ အလုပ်သမားရုံး တိုင်တာလည်း ၃ ခါ၊ တခါမှလာမစစ်ဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဥပဒေမှာပါတဲ့ ခွင့်ရက်အမျိုးအစားတွေ အလုပ်သမားတွေ မရဘဲ ရက်ပျက်သတ်မှတ်ပြီး ဒေးကြေး၊ ရက်မှန်ကြေး ကျပ် ၃၀၀၀၀ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က ဂိတ်ပတ်စ် မပေးတာကြောင့် မိသားစုကိစ္စ အရေးပေါ် ဖြစ်လာတိုင်း အလုပ်သမားတွေမှာ လူမှုဒုက္ခတွေ ခံစားရတယ်လို့ ပြောပါတယ်။
 
စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထိ ဖိအားပေး အထည်စံချိန်တောင်းပြီး စက်ရုံ ရုံးလုပ်ငန်းမှာ တာဝန်ရှိတဲ့ HR မန်နေဂျာပါ စက်လိုင်းထဲဝင်ပြီးစံချိန်တောင်းတယ်လို့ သိရပါတယ်။
 
“စက်လိုင်းတစ်လိုင်းမှာ လူ ၅၀ ကျော်ချုပ်တယ်။ ဝယ်လွန်လို အထည်ကို တစ်နာရီကို ၃၅ ထည် အထိတောင်းတယ်။ အထည်စံချိန် မရဘူးဆိုတာနဲ့ အောစူပါ၊ စူပါတွေက ဆဲတော့တာပဲ။ မရမချင်း ဆဲနေတာ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Casico Garment Limited အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ စက်မှုဇုန်၃ မှာ အလုပ်သမား ၄၀၀ ကျော်နဲ့ SPAO တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ စက်ရုံကို ကိုရီးယားနိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား သမဂ္ဂအဖွဲ့တော့ ဖွဲ့စည်းထားတာမရှိဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026