NEWS

Casico Garment အထည်ချုပ် စက်ရုံ ခွင့်မပေးဘဲ ရက်ပျက် လစာဖြတ်တောက်

CoverLogo
621 Views
 
Casico Garment အထည်ချုပ် စက်ရုံက ခွင့်ရက်သတ်မှတ်မပေးဘဲ ရက်ပျက်ဆိုပြီး လစာဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဖြတ်တောက်တဲ့ လစာက စုစုပေါင်း ကျပ် ၃၀၀၀၀ ဖြတ်တောက်ခံရတယ်လို့ မြန်မာနိုင်ငံကုန်ထုန်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက ပြောပါတယ်။
 
“ရက်မှန်ကြေး တလ ၆၀,၀၀၀ ပေးတယ်။ တစ်ရက်ပျက်တာနဲ့ ၂၀,၀၀၀ ဖြတ်တယ်။ သုံးရက်ပျက်ရင် ရက်မှန်ကြေး အားလုံး ဖြတ်တယ်။ ဒေးကြးနဲ့ဆို ၃၀၀၀၀ အဖြတ်ခံရတယ်။ ခွင့်ရက်တွေ တောင်းလည်း မပေးဘူး၊ အကြောင်းရှိလို့ အလုပ်မလာတာ၊ ညီမတို့ ကျွမ်းကျင်မှု ကျသွားတာမှ မဟုတ်တာ။ ဒါကို’ ကျွမ်းကျင်ကြေး အဆင့်ကိုချတယ်။ “ လို့ ပြောပါတယ်။
 
ကျွမ်းကျင်ကြေး A အဆင့် ကျပ် ၇၀,၀၀၀ ၊ B အဆင့် ကျပ် ၃၀,၀၀၀ ပေးထားပေမဲ့ အလုပ်ပျက်တဲ့ အလုပ်သမား၊ သဘောမကျတဲ့အလုပ်သမားတွေကို ဂရိတ်ချတာတွေကို စက်ရုံဘက်က ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါ
တယ်။
 
လုပ်ခလစာ နှစ်မျိုးရှိပြီး တလပြည့်တဲ့ အလုပ်သမားတွေကို ဒေးကြေး ၉၂၀၀ ပေးထားပြီး ကျန်တဲ့ အလုပ်သမားတွေကတာ့ ကျပ် ၁၀၀၀၀ ရရှိတယ်လို့ အလုပ်သမားတွေ ဆီက သိရပါတယ်။ လုပ်ငန်းခွင်မှာ အထည်စံချိန်တောင်းပြီး အဲဒီစံချိန်မပြည့်ပါက ကြီးကြပ်ရေးမှူးတွေရဲ့ အော်ဟစ် ဆဲဆိုခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အထည်စံချိန်တွေကို လုပ်နိုင်တာထက် ပိုတောင်းတယ်။ လိုင်းချိန်းလို့ လူမရှိရင် အခြားလိုင်းက အလုပ်သမားတွေ ခေါ်ခိုင်းတယ်။ စူပါ၊ လီတာတွေက သူတို့ခိုင်းတာ မရတာနဲ့ စံချိန်မပေးနိုင် ရင် အော်ဟစ်ဆဲဆိုတယ်။ ဒါက နေတိုင်းလို့ ဖြစ်နေတာပါ။” လို့ ပြောပါတယ်။
 
လုပ်ခလစာ ထုတ်ပေးတဲ့ ရက်တိုင်း ညနေ ၄ နာရီခွဲ အလုပ်ဆင်းမှ လိုင်းစာရေးမတွေကို လစာ တွေ ထုတ်ပေးတာကြောင့် ည ၆ နာရီခွဲ ဝန်းကျင်မှ လစာရရှိကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စောင့်ရတဲ့အချိန်တွက် အချိန်ပိုကြေး မပေးတဲ့အပြင် ကြိုပို့ယာဉ် စီစဉ်မပေးတာကြောင့် အလုပ်သမားတွေမှာ လုံခြုံရေး အခက်အခဲတွေနဲ့ ကြုံတွေ့ရတယ်လို့ ပြောပါတယ်။
 
“ဖယ်ရီကားလည်း မပေးဘူး။ လစာစောင့်ရလို့ အချိန်ပိုလည်း မပေးဘူး။ အခက်အခဲတွေ ဖြစ်တယ်။ ခေတ်ကာလကလည်း မကောင်း၊ ပြန်တဲ့ နေရာလည်း ဝေးတော့ အသက် အန္တရာယ်စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
 
အလုပ်သမားတွေ နေ့လယ်စာ စားသောက်တဲ့နေရာမှာ အလုပ်သမားဦးရေနဲ့ မလုံလောက်လို့ ဖြစ်သလို စားသောက်နေရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စက်ရုံ သန့်စင်ခန်းတွေက လုံခြုံမှုမရှိဘူးလို့ ပြောပါတယ်။
 
“ ကြုံသလို တွေ့တဲ့ နေရာ နေ့လယ်စာ စားရတာ။ မိုးတွင်းဆို နေရာမရှိတော့ ထမင်းစားရင် ထီးဆောင်းပြီး မတ်တက် စားရတဲ့ အလုပ်သမားတွေရှိပါသည်။ အလုပ်သမား ၃၀၀ ကျော်အတွက် အိမ်သာ ၁၂ လုံးပဲ ရှိတယ်။ ကောင်းတဲ့ အိမ်သာက ၃ လုံးပဲရှိတယ်။ စက်ရုံမှာ ဆေးခန်းတော့ ထားပေးတယ်။ သူနာပြုကတော့ ဘာမှ မလုပ်ပေးတတ်ဘူး။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Casico Garment အထည်ချုပ် စက်ရုံက အလုပ်သမား ၃၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ ကိုရီးယားနိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ SPAO တံဆိပ် ဂျာကင် နဲ့ ဝယ်လွန်တွေ ချုပ်လုပ်နေပေမဲ့ အလုပ်သမားကူညီပေးရေး အတွက် သမဂ္ဂအဖွဲ့တွေ မရှိဘဲ WCC အဖွဲ့ကိုပဲ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026