NEWS

Cascio Grament လုပ်ခလစာ မရှင်းပေး၍ ညအိပ်စောင့်ဆိုင်းနေရ

CoverLogo
187 Views
 
လှိုင်သာယာစက်မှုဇုန် ၃ ၊ ဆိပ်ကမ်းသာလမ်းက Cascio (Garment) Co., Ltd. အထည်ချုပ်စက်ရုံမှာ လုပ်ခလစာ မရှင်းပေးတာကြောင့် ညအိပ်စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ ဒီလို လုပ်ခလစာ နောက်ကျ ရက်တွေမှာ ရှင်းပေးတာက ၃ လ ရှိနေပြီလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံက အလုပ်သမားအများစု မနေ့ညက အိမ်ပြန်ဘဲ စက်ရုံမှာ ညအိပ်ပြီး လစာ စောင့်နေရတယ်။ လကုန် ၅ ရက်ဆို အဆောင်ခ၊ စားကြွေး အကုန်ရှင်းရတာ၊ ဒါကြောင့်စောင့်နေကြတာ” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
ညအိပ်စောင့်ဆိုင်းနေစဉ် ရဲတပ်ဖွဲ့နဲ့ စစ်သားတချို့ ရောက်ရှိလာပြီး လစာရမှာ ဖြစ်လို့ နေအိမ်ပြန်ဖို့ တိုက်တွန်းခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က ဇန်နဝါရီ ၈ ရက်မှာ လုပ်ခလစာ ပေးချေမယ်ဆိုပြီး မရေမရာ ပြောဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“စစ်သားနဲ့ရဲကတော့ လစာရမှာ ပြန်လို့ ပြောတာ၊ ၈ ရက်နေ့ကို လုပ်ခ တစ်သိန်းလောက် ထုတ်ပေးဖို့ ပြောတာကိုတောင် စက်ရုံက နိုင်ငံခြားက လွဲပေးရမယ်ဆိုပြီး မရေမရာ ပြောနေတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံအမှာ အလုပ်သမား ၄၀၀ နီးပါးရှိပြီး အလုပ်သမား ၁၈၀ ကျော်က လုပ်ခလစာရရှိဖို့ နေအိမ် မပြန်နိုင်ဘဲ ညအိပ်စောင့်ဆိုင်းနေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ရှေ့လတွေမှာဆို ၁၁ ရက်နေ့မှ လစာရတယ်။ ရပ်ကွက်ထဲမှာ အပြောအဆိုခံရတာ ခေါင်းမဖော်နိုင်ဘူး။ ကိုယ့်လုပ်အားခကိုယ် အရှက်ရတယ်။ လုပ်အားခကို အချိန်တန် ရချင်တယ်။ လူတိုင်း အခက်အခဲတွေနဲ့” လို့ အမျိုးသမီး အလုပ်သမားတွေက ပြောပါတယ်။
 
မြန်မာနိုင်ငံ ၂၀၁၆ ခုနှစ် လုပ်ခလစာပေးချေရေးဥပဒေ အရ လုပ်သား ၁၀၀ နဲ့ အထက် စက်ရုံလုပ်ငန်းတွေမှာ ၁၀ ရက်အတွင်း လုပ်ခလစာ ပေးချေရမယ်လို့ ပြဌာန်းထားပေမဲ့ စက်ရုံအများအစုကတော့ လဆန်း ၅ ရက်မှာ ပေးချေကြတာ ဖြစ်ပါတယ်။
 
လုပ်ခလစာပေးချေရေးဥပဒေမှာ လုပ်ခပေးချေရမဲ့အချိန် ကို ဖောက်ဖျက်ပါက အနည်းဆုံး ကျပ် (၅) သိန်းကနေ (၁၀) သိန်းအထိ ငွေဒဏ် ချမှတ်ခံရနိုင်ပြီး ထပ်မံဖောက်ဖျက်ပါက ငွေဒဏ် တိုးမြှင့်ချမှတ်တာ ဒါ့မှမဟုတ် ထောင်ဒဏ် အနေနဲ့ (၆) လအထိ ချမှတ်နိုင်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026