NEWS

Brothers Myanmar Clothing Co.Ltd စက်ရုံ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆို

CoverLogo
402 Views
 
Brothers Myanmar Clothing Co., Ltd ပိုင် စက်ရုံမှာ နားချိန်မပေးဘဲ ည ၉ နာရီ အထိ တဆက်တည်း လုပ်ကိုင် ရပြီး နေစဉ် ဆဲဆိုခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ဒေးကြေးခွဲခြားတာနဲ့ အလုပ်သမား ဥပဒေတွေပါ အခွင့်အရေးတွေပါ ချိုးဖောက်ခံရတယ်လို့ သိရပါတယ်။
 
“ကျွန်တော်တို မနက် အလုပ်တက်ချိန် ၇ခွဲ ကနေ ည ၉ နာရီအထိ နားချိန်မပေးဘဲ ဆက်တိုက် ဆင်းပေးရတယ်။ မုန့်ကျွေးလည်း စားဖို့ သီးသန့် အချိန် ပေးတာမရှီဘူး။ မုန့်ကို ခိုးဝှက်စားသလို ဖြစ်နေတယ်။” လို့ အလုပ်သမားတစ်ဦးက ပြောထားပါတယ်။
 
လုပ်ငန်းခွင်အတွင် မုန့်စားလို့ဆိုပြီး စက်ရုံတာဝန်ရှိသူတွေက ပြောဆိုတဲ့ အပြင် သတိပေး လက်မှတ် ထိုးခိုင်း တာတွေပါ ပြုလုပ်တယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ကို ပြေထားတာပါ။ ဒါ့အပြင် စက်ရုံမန်နေဂျာ အမျိုးသားလည်း EP ဝန်ထမ်းတွေနဲ့ အရက်သေစာ သောက်စားပြီး လုပ်ငန်းခွင်အတွင်း ဆဲဆိုတယ်လို့ အလုပ်သမားတွေပြောပါတယ်။
 
“မန်နေဂျာက နေ့တိုင်း အလုပ်ဆင်းခါနီးပြီဆို အလုပ်သမားတွေကို အကြောင်းပြချက်မရှိ ဆဲတယ်။ မန်နေဂျာနဲ့ EP တွေ ပေါင်းပြီး အရက်သောက်တယ်။ မူးပြီး ဘယ်သူ့ကို ဆဲလိုဆဲမှန်းမသိ အော်ဟစ်ဆဲတယ်။ ဒါကို မကြာခဏ လုပ်တယ်။ စူပါတွေ၊ အောစူပါတွေကလည်း အထည်တောင်းတယ် ပြီးရင် အော်ဟစ်ဆဲနေတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အထည်ထုတ်လုပ်မှုတွေကို တန်းတူလုပ်ကိုင်ရပေမဲ့ လုပ်ခလစာ ခွဲခြားပေးတာနဲ့ အချိန်ပို လုပ်ခကို ဥပဒေအတိုင်း တွက်ချက်ပေးတာမရှိဘူးလို့ ပြောပါတယ်။
 
“ ဒေးကြေးကို စက်လိုင်းကို ၁၁,၀၀၀ ၊ Cutting၊ Packing နဲ့ Helper တွေကို ၉,၈၀၀ ပဲ ပေးတယ်။ ရက်မှန်ကြေး ကို ရှေ့ဘော နောက်ဘောခွဲ မပေးဘူး။ ရက်မှန်ကြေး ၅၀,၀၀၀ ကို တစ်ရက်ပျက်တာနဲ့ အကုန်အဖြတ်ခံရတယ်။ တနင်္ဂနွေပိတ်ရက် အချိန်ပိုဆို ဥပဒေအတိုင်း ၂ ဆ မပေးဘူး။ တစ်နာရီ ၂,၂၀၀ နှုန်းပဲ ပေးတယ်။ တနင်္ဂနွေနဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာဆိုရင် (၆,၈၀၀) ကျပ်ပဲ ပေးတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံအတွင်း WCC အဖွဲ့ကို ဖွဲ့စည်းပေမဲ့ အလုပ်သမားတွေရဲ့ အခက်ခဲတွေကို ဖြေရှင်းပေးတာမရှိဘူးလို့ ပြောပါတယ်။
“ ပြဿနာဖြစ်လို သွားပြောလည်း ဘာမှ ဖြေရှင်းမပေးဘူး။ သူတိုကိုယ်တိုင်က အလုပ်ရှင်ကို ကြောက်နေရ တာ။ အလုပ်သမားတွေအတွက် ဘာမှ မပြောကြဘူး” လို့ ပြောပါတယ်။
 
Brothers Myanmar Clothing Co., Ltd စက်ရုံက ရန်ကုန်မြို့၊ လှိင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ငွေပင်လယ် (၂) လမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၁,၀၀၀ ကျော်က Find-Out နဲ့ Workman Colors ကုန်အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026