NEWS

Bontech စက်ရုံမှာ လုပ်ခကြေး တိုးမြှင့်ရေး တောင်းဆိုမှုအပေါ် သဘောတူညီချက် ရရှိ

CoverLogo
464 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ပတ္တမြားလမ်းပေါ်ရှိ Bontech Manufacturing Garment မှာ အခြေခံလုပ်ခတိုးမြှင့်ရေး တောင်းဆိုချက်အပေါ် ၃ ရက်အကြာမှာသဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။
 
သဘောတူချက်အရ ယခင်အတိုင်း Day ကြေး ၄၈၀၀ ကျပ်၊ ထောက်ပံ့ကြေး ၂၀၀၀ ကျပ်၊ စက်ရုံထောက်ပံ့ကြေး ၄၀၀၀ ကျပ်နှင့် ၇၀၀ ကျပ် စုစုပေါင်း ၁၁,၅၀၀ ကျပ် ကို ပေးချေမည် ဖြစ်ပြီး အချိန်ပိုကြေးကို တစ်နာရီလျှင် ၂,၁၀၀ ကျပ် ဖြင့်တွက်ချက်မည် ဖြစ်ကြောင်း သဘောတူခဲ့ကြတာပါ။
 
ယခုဖြေရှင်းချက်ဟာ စက်ရုံအတွင်း ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂနှင့် အလုပ်ရှင်ဘက်အကြား ဆွေးနွေးမှုအရ အလုပ်ရှင်၊ အလုပ်သမား နှစ်ဘက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတယ်လို့ STUM ကထုတ်ပြန်ထားပါတယ်။
လုပ်ခ တိုးပေးဖို့ တောင်းဆိုတဲ့ (၂၉.၅.၂၀၂၅) မှ (၃၁.၅.၂၀၂၅) အတွင်း ဆန္ဒပြ ဝန်ထမ်းများသည် လုပ်ငန်းခွင် ရပ်နားထားတာကြောင့် ထိုကာလအတွက် လုပ်ခငွေ မည်မျှမျှ ပေးမည် မဟုတ်ကြောင်း သဘောတူညီမှု စာချုပ်မှာ ဖော်ပြထားပါတယ်။
 

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026