NEWS

Bontech စက်ရုံမှာ လုပ်ခကြေး တိုးမြှင့်ရေး တောင်းဆိုမှုအပေါ် သဘောတူညီချက် ရရှိ

CoverLogo
74 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ပတ္တမြားလမ်းပေါ်ရှိ Bontech Manufacturing Garment မှာ အခြေခံလုပ်ခတိုးမြှင့်ရေး တောင်းဆိုချက်အပေါ် ၃ ရက်အကြာမှာသဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။
 
သဘောတူချက်အရ ယခင်အတိုင်း Day ကြေး ၄၈၀၀ ကျပ်၊ ထောက်ပံ့ကြေး ၂၀၀၀ ကျပ်၊ စက်ရုံထောက်ပံ့ကြေး ၄၀၀၀ ကျပ်နှင့် ၇၀၀ ကျပ် စုစုပေါင်း ၁၁,၅၀၀ ကျပ် ကို ပေးချေမည် ဖြစ်ပြီး အချိန်ပိုကြေးကို တစ်နာရီလျှင် ၂,၁၀၀ ကျပ် ဖြင့်တွက်ချက်မည် ဖြစ်ကြောင်း သဘောတူခဲ့ကြတာပါ။
 
ယခုဖြေရှင်းချက်ဟာ စက်ရုံအတွင်း ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂနှင့် အလုပ်ရှင်ဘက်အကြား ဆွေးနွေးမှုအရ အလုပ်ရှင်၊ အလုပ်သမား နှစ်ဘက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတယ်လို့ STUM ကထုတ်ပြန်ထားပါတယ်။
လုပ်ခ တိုးပေးဖို့ တောင်းဆိုတဲ့ (၂၉.၅.၂၀၂၅) မှ (၃၁.၅.၂၀၂၅) အတွင်း ဆန္ဒပြ ဝန်ထမ်းများသည် လုပ်ငန်းခွင် ရပ်နားထားတာကြောင့် ထိုကာလအတွက် လုပ်ခငွေ မည်မျှမျှ ပေးမည် မဟုတ်ကြောင်း သဘောတူညီမှု စာချုပ်မှာ ဖော်ပြထားပါတယ်။
 

Related posts

Cover
Dishang Fashion Myanmar အထည်ချုပ် နေ့စားလုပ်သား ၅၀ ကို အလုပ်ရပ်နား
May 31, 2025
Cover
Sayan Outdoor အထည်ချုပ် လုပ်ခ လစာ လျှော့ပေး
May 31, 2025
Cover
KSheng အထည်ချုပ် လိုင်းခေါင်းဆောင် လုပ်အားခ ခေါင်းပုံဖြတ်
May 31, 2025
Cover
SUNLONE MYANMAR SPORTS CO, LTD စက်ရုံတွင် အချိန်ပို မဆင်းနိုင်သူအား အလုပ်ထွက်ခိုင်း
May 31, 2025
Cover
Asdet ( Myanmar ) Garment .Co . Ltd. စက်ရုံတွင် ခွင့်နှင့် ဂိတ်ပတ်စ် အားလုံး ရက်ပျက်သတ်မှတ်ပြီး ရက်မှန်ကြေး ဖြတ်မယ်ဟု ပြော
May 31, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သာများ နစ်နာကြေး လုပ်အားခများ ပြန်ရ
May 31, 2025
Cover
“သာဓုကန် စက်မှုဇုန် Bontech အထည်ချုပ်စက်ရုံမှ ရှင်သန်စရိတ်လုပ်ခလစာ ၁၃,၀၀၀ တိုးမြှင့်ပေးရန် တောင်းဆို”
May 29, 2025
Cover
Sky Fashion Myanmar မန်နေဂျာ အထည်စံချိန်မရလို့ ဆိုပြီး မိုက်နှင့် အော်ဆဲ
May 29, 2025