NEWS

BOHUA FASHION အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
893 Views

Sinsay အမှတ်တံဆိပ် အမျိုးသမီးနဲ့ ကလေးအင်္ကျီ တွေ ချုပ်လုပ်တဲ့ BOHUA FASHION အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ ခွင့်ခံစားခွင့်မရတာ၊ တရုတ်နိုင်ငံသားအမျိုးသမီးမှ တိုက်ရိုက်အုပ်ချုပ်တာ၊  အချိန်ပိုအလွန်အကျွံခိုင်းစေတာ၊ အချို့အချိန်ပိုကြေးတွေရှင်းမပေးတာနဲ့ ခြိမ်းခြောက်ခိုင်းစေတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဲ့ဒီစက်ရုံက လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် အတွင်းဝန်လမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၂၀၀ ကျော်နဲ့ ချုပ်လုပ်ငန်းလည်ပတ်နေပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့  သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားတွေခန့်ထားပြီး အောနိုက် အောလင်း အချိန်ပိုမဆင်းမနေရဆင်းခိုင်းတာ  အလုပ်ရှိပါက အလွန်အကျွံခိုင်းစေပြီး အော်ဒါမရှိချိန်မှာ အလုပ်မှ ထုတ်ပယ်တာတွေ ပြုလုပ်လို့ နေ့စားသမားတွေအနေနဲ့ အခက်အခဲကြုံနေရတယ်လို့ ပြောဆိုပါတယ်။

အလုပ်သမားတွေကို စံချိန်သတ်မှတ်တောင်းခံရာမှာလည်း အလုပ်သမားတစ်ဦးလျင် တစ်နာရီ အထည်အရေအတွက် ၅၀ ထိ တောင်းခံပြီး စံချိန်မပြည့်ပါက ရိုင်းစိုင်းစွာ ဆဲဆို ပြီး "မလုပ်နိုင်ရင် အလုပ်ထွက်"လို့ ပြောဆိုနေလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"သူတို့တောင်းတဲ့စံချိန် မပေးနိုင်ရင် အလုပ်သမားတွေကို မီတင်ခေါ်ပြီး တရုတ်အမျိုးသမီးကနေ အထည်တွေလွှင့်ပစ်တာ "စောက်သုံးမကျဘူး"ဆိုပြီး အော်တာတွေလုပ်တယ် အထည်မှားတာတွေဖြစ်ရင် အလုပ်သမားတွေကိုပဲအပစ်ပုံချတယ်  ပုံမှန်အလုပ်ချိန်က မနက် ၈ နာရီ ကနေ ညနေ ၄ နာရီ ၃၀ အထိ ပြီးခဲ့တဲ့ရက်ထဲမှာ  အော်ဒါမရှိလို့ဆိုပြီး  ညနေ ၃ ခွဲမှာပြန်လွှတ်တယ် တပတ်ကြာလို့ အထည်လည်းရောက်လာရော ၅ နာရီခွဲထိ ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေးဘူး"လို့ အလုပ်သမားကပြောပါတယ်။

အချိန်ပိုခေါ်ရာမှာလည်း အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းခြင်းမရှိဘဲ ညလုံးပေါက်ခိုင်းစေတာတွေ ပြုလုပ်ပြီး အချိန်ပိုဆင်းရန် ငြင်းဆန်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်တယ်လို့ ပြောပါတယ်။

"ပြီးတော့ ရှောင်တခင်ခွင့်တွေ ဆေးခွင့်တွေ ခံစားခွင့်မရပါဘူး အလုပ်တစ်ရက်ပျက်ရင် ဒေးကြေး ၅၆၀၀ ကျပ် ရက်မှန်ကြေး ၃၀၀၀၀ ကျပ် စုစုပေါင်း ၃၅၆၀၀ ဖြတ်ပါတယ်၊ အချိန်ပိုကြေးကိုလည်း ၁၄၀၀ ကနေ ၁၂၀၀ ထိလျှော့ချလိုက်တယ် အဲ့တာကိုလည်း ပြန်ပေးစေချင်တယ်အလုပ်သမားတွေက အလုပ်ထဲမှာ  ဆေးခန်းမရှိပါဘူး ရုံးခန်းကို နေမကောင်းလို့ ပါရာစီတမော့ သွားတောင်းရင်တောင် ဘာမှမရှိဘူးပြောလွှတ်တာ အလုပ်သမားတွေမှာ လူမှုဖူလုံရေးကတ်အဟောင်းတွေရှိတယ် ဒါတွေကို သက်တမ်းဆက်မပေးဘဲ အသစ်လုပ်တော့ အလုပ်သမားတွေအရင်ဖူလုံရေးကြေးဆောင်ထားတာအတွက် နစ်နာတာပေါ့ ပြီးတော့ တရုတ်အမျိုးသမီး၊ MR က ဒေါ်စုစုလှိုင်၊ လိုင်း၃စူပါ၊ လိုင်း၅စူပါ တွေဆိုရင် အလုပ်သမားတွေ တခုခုတောင်းဆိုရင် စစ်တပ် နဲ့ အမြဲတမ်းခြိမ်းခြောက်တယ်"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အထက်ပါကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို ပြုပြင်ပေးစေလိုပြီး အချိန်ပိုအလကားဆင်းခိုင်းတာတွေ မလုပ်ဖို့ အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်းဖို့ စစ်တပ်နဲ့ ခြိမ်းခြောက်တာတွေ မလုပ်ဖို့ လုပ်ငန်းခွင်အတွင်းမှာ သူနာပြုနဲ့ ဆေးပေးခန်းထားပေးဖို့ နဲ့ ခြိမ်းခြောက်ပြောဆိုတာတွေမလုပ်ဖို့ တောင်းဆိုလိုတယ်လို့ ပြောဆိုပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026