NEWS

BOHUA Fashion စက်ရုံကအလုပ်သမားများ အခွင့်အရေးချိုးဖောက်မှုများစွာခံနေရ

CoverLogo
1K Views

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှူဇုန် ရှိ BOHUA Fashion စက်ရုံကအလုပ်သမားတွေဟာ  အလုပ်သမားအခွင့် အရေးချိုးဖောက်မှုများစွာကို  ကျုးလွန်ခံနေရတယ်လို့  သိရပါတယ်။  

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး  အလုပ်သမား ၃၀၀ ကျော်ဖြင့် လည်ပတ်ကာ  Sinsay၊ CROPP၊ P&VV၊ PROTECTION စတဲ့အမှတ်တံဆိပ်တွေဖြစ်တဲ့ ဝယ်လွန်၊ အနွေးထည်နဲ့ ဂျာကင်အထည်တွေကို ချုပ်လုပ်နေတာဖြစ်ပါတယ်။ 

BOHUA Fashion Co.,ltd စက်ရုံဟာ အလုပ်သမားအခွင့်ရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း၊ ဥပဒေပါခံစားခွင့်များဖြစ်သော ဆေးခွင့်၊ ရှောင်တစ်ခင်ခွင့်များလဲ တိုင်လို့မရသည်အထိ HR၊ အောစူပါများက အကြောင်းအမျိုးမျိုးပြကာ တင်းကြပ်ထားသလို  အလုပ်သမားများမှာ ခွင့်မရခြင်းကြောင့် အလုပ်တစ်ရက်ပျက်လျှင် ဒေးကြေး (၅၆၀၀)၊ ရက်မှန်ကြေး (၁၅၀၀၀)ကျပ်နှင့် ဂရိတ်ကြေးများပါ ဖြတ်တောက်ခံနေရတယ်လို့  သိရပါတယ်။  

“တစ်လိုင်းလုံးအနေဖြင့်အထည်တောင်းပြီး လိုင်းပေါက် good ထည်ကိုဒီနေ့ (၂၅) ထည်ရရင်၊ နောက်နေ့ (၃၀) တောင်းခြင်း၊ နောက်နေ့ (၃၅) ထည်ရရင် နောက်နေ့ (၄၀) အထည်တောင်းခံပြီ အလုပ်သမားများလုပ်အားကို ညှစ်ယူနေပါတယ်”လို့ အလုပ်သမားကအသိပေးပြောဆိုထားပါတယ်။  

အထည်စံချိန်တွေမရတဲ့ အလုပ်သမားတွေကို ဒေးကြေး(၅၆၀၀) ကျပ်မပေးဘဲ၊ (၄၈၀၀) ကျပ်သာပေးမယ်ဆိုကာ အောစူပါများကခြိမ်းခြောက် ဖိအားပေးခိုင်းစေနေတဲ့အပြင် အထည်မရသော အလုပ်သမားများကို စူပါ၊ လီတာများမှ ဆဲဆိုခြင်း၊ "စောက်"နဲ့ခိုင်းနှိုင်းခြင်းတွေကို နေ့စဉ်နှင့်အမျှခံနေရပြီး အချိန်ပိုအိုတီကိုကြိုပြောတာမရှိဘဲ  တစ်နေ့ကိုအချိန်ပိုအိုတီ သုံးနာရီ (သို့မဟုတ်) လေးနာရီအထိ မဆင်းမနေရ ဆင်းပေးနေရတယ်လို့ သိရပါတယ်။  

အဆိုပါစက်ရုံကအလုပ်သမားများရဲ့အလုပ်တက်ချိန်ဟာ နံနက် (၈) နာရီအလုပ်တက်ပြီး နေ့လည်ထမင်းစားပြီး(၁၂:၃၀) အချိန်ကနေပြီး ည(၈း၃၀) အထိနားချိန်မပေးဘဲဆက်တိုက်အချိန်ပိုအိုတီ ဆင်းရကာ အစာပြေကျွေးတာလဲမရှိလို့ ဗိုက်အောင့်တာတွေ အစာလွန်တဲ့ဝေဒနာများ ကျန်းမာရေးပျက်တာတွေအထိကြုံတွေ့နေရတယ်လို့  သိရပါတယ်။  

ဒါ့အပြင် စက်ရုံလုပ်ငန်းခွင်အတွင်း ဆေးခန်းလဲမရှိသလို အလုပ်သမားများခေါင်းမူးခေါင်းကိုက်ဖြစ်လျှင် ဆေးသောက်ဖို့သွားတောင်းလျှင် ဆေးပစ္စည်းကိုင်သော store superက မရှိဘူးဆိုကာ "အပြင်မှာဖြစ်တဲ့ရောဂါ ကိုယ့်ဖာသာကိုယ် အပြင်ကဝယ်လာ"လို့သာပြောဆိုတယ်လို့ သိရပါတယ်။ 

အလုပ်ရှင်ဘက်က အချိန်ပိုအိုတီခေါ်လျှင်လည်း အလုပ်သမားများကို ကြိုတင်မပြောဘဲ ခေါ်ချင်သလိုခေါ်ယူခြင်း၊ နားချိန်မရရှိခြင်း၊ ထမင်းစားနားချိန်မှာလည်းထမင်းစားပွဲခုံ အလုံအလောက်မရှိခြင်း အလုပ်သမားများ လိုအပ်ချက်များကို မသိချင်ယောင်ဆောင်နေခြင်း၊ လုပ်ငန်းခွင်ထဲတွင်အလုပ်သမား (၅၀) ကျော်ကို နေ့စားသမားများအဖြင့် ခိုင်းစေနေခြင်း၊ နေ့စားသမားများကို လုပ်ခလစာ (၄၈၀၀)ကျပ်စာပေးကာ စေခိုင်းခြင်း၊ အလုပ်ထွက်သော အလုပ်သမားများကို (၄၈၀၀)ကျပ်ဖြင့်သာ အလုပ်ထွက်လျှင်ရှင်းပေးမည် နိုင်ငံတော်ကတရားဝင် (၄၈၀၀) ကျပ်ပဲပေးတာဖြစ်သည့်အတွက် အလုပ်ထွက်တဲ့အလုပ်သမားများ ခံစားခွင့်မရှိဘူးလို့ အောစူပါကမီတင်မှာ ပြောဆိုထားတယ်လို့လည်း သိရပါတယ်။ 

အလုပ်သမားများကို အလုပ်ခေါ်ရာမှာ ဒေးကြေး (၅၆၀၀)ကျပ်၊ ဂရိတ်ကြေးကို အမြင့်ဆုံပေးမည်ဟု အလုပ်ခေါ်ခဲ့ပြီး အမှန်တကယ်မှာ ဒေးကြေးလည်း ပေးချင်သလိုပေးခြင်း၊ ဂရိတ်ကြေးလည်းပေးချင်သလိုပေးကာ တရုတ်အမျိုးသမီးက အလုပ်သမားများကို တိုက်ရိုက်အော်ဟစ်ခိုင်းစေနေခြင်းကြောင့်  အလုပ်သမားတွေကမိမိ Section မဟုတ်ဘဲ တခြား Section မှာ ဖိအားပေးစေခိုင်းခံရတဲ့အပြင်၊ တခြား section ဘက်ကအချိန်ပိုအိုတီတွေပါ မဖြစ်မနေ ဆင်းပေးနေရခြင်း၊ တနင်္လာမှသောကြာနေ့အထိ ညဘက် (၈:၃၀) (၉:၃၀) အထိ အချိန်ပိုအိုတီဆင်းနေရခြင်း၊ စနေနေ့ တိုင်းအောလင်းအထိအချိန်ပိုအိုတီ ဆင်းနေရခြင်း၊ အလုပ်သမားအများစုက အချိန်ပိုအိုတီကိုနေ့စဉ်နဲ့အမျှ အချိန်လွန်တဲ့အထိ အလုပ်လုပ်ကိုင်နေရခြင်းကြောင့် ကျန်းမာရေးထိခိုက်လာတယ်လို့  ဆိုပါတယ်။ 

စက်ရုံတွင် ချုပ်လုပ်နေသော တံဆိပ်များမှာ အခြားစက်ရုံမှတဆင့်ချုပ်နေတာဖြစ်ပြီး  Sinsay၊ PROTECTION တံဆိပ်ကိုယူချုပ်သောစက်ရုံမှာ ရွှေပြည်သာ ၁၄လမ်းဆုံအနီးမှ peach Garden စက်ရုံကဖြစ်ပြီး၊ CROPP တံဆိပ်ယူချုပ်နေသော စက်ရုံက JIANGSU SAINTY GLORIOUS TRADE CO,LDT စက်ရုံကဖြစ်ပြီး၊ P&VV တံဆိပ်က တောင်ဒဂုံဘက်က စက်ရုံကယူချုပ်နေတယ်လို့သိရပါတယ်။ 

အဆိုပါစက်ရုံတွင် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိသလို  အလုပ်သမားညှိနှိုင်းရေးအဖွဲ့ wcc ဖွဲ့စည်းထားခြင်းလည်းမရှိလို့  အလုပ်သမားများ တစ်စုံတစ်ရာအကြောင်းရှိပါက ဦးဆောင်ဆွေးနွေးညှိနှိုင်းပေးတာမျိုးလည်းမရှိဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် စက်ရုံအလုပ်သမားတွေက အလုပ်သမားများခံစားခွင့်ရှိသော ဆေးခွင့်၊ ရှောင်တခင်ခွင့်များကို ခံစားခွင့်ပေးရန် ၊ တရုတ်အမျိုးသမီးမှ အလုပ်သမားများကိုတိုက်ရိုက် အုပ်ချုပ်ခြင်း မပြုလုပ်ရန်၊  အချိန်ပိုအိုတီများခေါ်ရာတွင် အလုပ်သမားများ သဘောဆန္ဒကိုမေးမြန်းရန်နှင့် မဆင်ချင်းပါက ဖိအားပေးခြင်း၊ ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန်၊ နေ့စားအလုပ်သမားများကို ၃လ ပြည့်ပြီးပါကအတည်ပြု၀န်ထမ်းခန့်အပ်ရန်၊ ဒေးကြေးဂရိတ်ကြေးများကို မှန်ကန်စွာပေးရန်၊ အချိန်ပိုများခေါ်ယူရာတွင် အောလင်းများမခေါ်ယူရန် စတဲ့တောင်းဆိုချက်များကို အဆိုပါစက်ရုံအလုပ်သမားများက တောင်းဆိုထားပါတယ်။

#MyanmarLabourNews 


Related posts

Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026