NEWS

BOHUA အထည်ချုပ်စက်ရုံမှာ ဆဲဆိုခိုင်းစေတာကို ပြန် ပြောတဲ့ အလုပ်သမားတဦးအား ခိုက်ရန်ဖြစ်ပွားတယ်လို့ဆိုကာ အလုပ်ထုတ်ခံရ

CoverLogo
1.1K Views

BOHUA အထည်ချုပ်စက်ရုံက အလုပ်သမားတဦးကို ကြီးကြပ်ရေးမှူး တဦးနဲ့ သာမန် စကားများမှုကို ခိုက်ရန်ဖြစ်ပွားပြီး စီမဲခန့်ခွဲမှုကို ငြင်းဆိုလို့ ဆိုပြီး အလုပ်ထုတ်ခဲ့တယ်လို့ အလုပ်ထုတ်ခံခဲ့ရသူ အလုပ်သမား အမျိုးသား က Myanmar Labour News ကို ပြောပါတယ်။ 

 

“ ကြီးကြပ်ရေးမှူးက (super) က အော်ဟစ်ပြောဆိုနေလို့ ပြန်ပြောတာကို စက်ရုံအတွင်း ရန်ဖြစ်တယ် ဆိုပြီး အလုပ်ထုတ်တယ်လို့ ပြောတယ်” လို့ အလုပ်သမား အမျိုးသား က ပြောပါတယ်။ 

 

စက်တင်ဘာ ၁၄ ရက်မှာ လုပ်ငန်းခွင်အတွင်း မီတာ ၁၅၀ ဝန်းကျင်ပိတ်လိပ် ၂၀ ကျော်လောက်ကို အဆင့် လေးဆင့် အမြင့်ဆီ တင်ခိုင်းရာ မှာ အလုပ်သမား နှစ်ဦးတည်းနဲ့ မဖြစ်နိုင်ကြောင်း ပြောပြရာ “ဒါလေးတောင် ေ-ာက်သုံးကျအောင် မလုပ်တတ်ဘူးလား” ဆိုပြီး ဂိုဒေါင် ကြီးကြပ်ရေးမှူး (စတို စူပါ )က ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

 

“လေးဆင့်အမြင့်ဆိုတာက ကျွန်တော်တို့ နှစ်ယောက်ထမ်းပြီး မတ်တပ်ရပ်လို့ ရောက်သွားတဲ့အမြင့်မျိုးလည်း မဟုတ်ဘူး။ ဒီ ပိတ်လိပ်က နှစ်ယောက်ထမ်းရင်တောင် နစ်နေအောင် လေးတယ်။ ေ-ာက်ဆိုတဲ့ စကားလုံး ကလည်း ရိုင်းစိုင်း လွန်းတယ်။ အဲဒီလို ပြောပြိး စူပါက အပြင်ကထွက်သွားတယ်။ ခဏနေတော့ တခြား စက်ရုံထဲကအလုပ်သမား တွေရှေ့မှာ ကျွန်တော်တို့ကို “ နင်တို့ ေ-ာက်လုပ် မလုပ်ကြဘူး” ဆိုပြီး အများရှေ့ များ ထပ်ပြောခဲ့တယ်” လို့ အလုပ်သမား အမျိုးသားက အဖြစ်ပျက်တွေကို အသေးစိတ် ပြောပြပါတယ်။

 

အလုပ်သမား အမျိုးသားနဲ့ ဂိုဒေါင်ကြီးကြပ်ရေးမှူး (စူပါ)တို့ကြား စကားအနည်းငယ်များခဲ့ပြီးနောက် စူပါဆိုသူက ရုံးခန်းကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ 

 

ဒီနောက်မှာ စူပါက ရုံးခန်းကို အဖြစ်အပျက်ကို သွားရောက် တိုင်ကြား ပြီး နောက် အလုပ်ထုတ်ခံခဲ့ရတာလို့ အလုပ်သမား အမျိုးသား က ပြောပြပါတယ်။ 

 

“ လုပ်သက်တလတည်းမို့ ထုတ်လို့ရတယ်ပြောပြီး ထုတ်လိုက်တယ်။ အလုပ်ထုတ်စာမှာ ရေးထားတဲ့ အတိုင်း ဆိုရင် ခိုက်ရန်ဖြစ်ပွားတာလည်း မရှိဘူး။ နောက်စီမံခန့်ခွဲမှုကို မလိုက်နာဘူးလို့ဆိုရင် စီမံမှုအလွဲတွေကို အသက်စွန့်ပြီး လုပ်ပေးရမလို ဖြစ်နေတယ်။ ဝယ်လွန်လို အပေါ့တွေကို အပေါ်တင်ခိုင်းတာက မှန်ကန်တဲ့ စီမံခန့်ခွဲ့မှု ပဲလေ။ အခုဟာက ပိတ်လိပ်တွေ။ ရှေ့ပိုင်းရက်မှာ အိမ်မှာ အလုပ်လုပ်ဖို့ ဂိုဒေါင်ကအလုပ်တွေကို ထည့်ပေးသေးတယ်။ ဒါကို ငြင်းခဲ့လို့ အလုပ်ထုတ်တယ်လို့ မြင်ပါတယ်” လို့ အလုပ်သမား အမျိုးသား က ပြောပါတယ်။ 

 

အလုပ်သမား အမျိုးသားနဲ့ စူပါကြား စကားများမှုဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၄ ရက် မတိုင်မီ ရက်တရက်က ဂိုဒေါင် ကြီးကြပ်ရေးမှူးက ကပ်ခွာ တထောင် လောက် ညှပ်ခဲ့ဖို့ အိမ်ကို အလုပ်ထည့်ပေးခဲ့တာကို သူက ငြင်းဆိုခဲ့တယ်လို ပြောပြပါတယ်။

 

“ ကပ်ခွာ တစ်ေထာင်ဆိုတဲ့ အရေအတွက်က ကျွမ်းကျင်တဲ့သူ ညှပ်ရင်တောင် တနာရီလောက်ကြာတယ်။ စက်ရုံမှာ အချိန်ခေါ်ပြီး ညပ်ခိုင်းလို့ရတယ်။ ဒါဆို ညှပ်ပေးပါတယ်။ အိမ်ရောက်တာနဲ့ အိမ်အလုပ် လုပ်ရ တာတွေ ရှိတော့ ၊ စက်ရုံအလုပ် အိမ်ယူဖို့ဆိုက မလွယ်ဘူး။ လုပ်ခလည်း မပေးဘူး။ ကျွန်တော်တို့ တနေ့လုပ်ခက ၄၈၀၀ ပဲ ရတာပါ” လို့ ပြောပြပါတယ်။

 

BOHUA FASHION Co,.ltd က အလုပ်စတင်ခေါ်ယူစဉ် တရက်လုပ်ခလစာ ၅၆၀၀ ပေးမယ်ဆိုပြီး ခေါ်ယူ ခဲ့ပေမဲ့ EC စာချုပ်မှာ ၄၈၀၀ ဆိုပြီး သတ်မှတ်ထားလို့ ပြောင်းလဲဖို့ ပြောဆိုခဲ့ပေမဲ့ လက်မခံနိုင်ပါက အလုပ် မလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

“ EC ပါအချက်အလက်တွေမှာ ဆိုရင် သာမာန်ပြစ်မှု၊ ကြီးလေးသောပြစ်မှုဆိုပြီး ခွဲခြားထားတာ တွေ့ရတယ်။ မှားတယ်ဆိုရင်တောင့် အကျိုးအကြောင်းနဲ့ ဝမ်တိန်ဆိုပြီး ဖြစ်ရမယ်လို့ ထင်တယ်။ အခုကတော့ ရာထူးအကြီး အငယ်ကြားမှာ စက်ရုံဘက်က ဘက်လိုက်တာမျိုး ခွဲခြားဆက်ဆံခံရတာပါ” လို့ အလုပ်သမား အမျိုးသားက ပြောပါတယ်။ 

 

နှစ်ဖက် စကားများမှုမှာ တယောက်တည်းကိုပဲ အလုပ်ထုတ်မှုဟာ မျှတတဲ့ ဆုံးဖြတ်မဟုတ်ဘူးလို့ အလုပ်သမား ရေး ဆောင်ရွက်ပေးနေသူ မအေးအေးက ပြောပါတယ်။

 

“အလုပ်တွေရှားနေတဲ့ အချိန် အလုပ်ထုတ်ခံရတာက အလုပ်သမားအတွက် ခက်ခဲမှာပဲ။ အလုပ်သမားကလည်း လုပ်သက်ကလည်း နည်းတော့ စက်ရုံ ဆုံးဖြတ်ချက်က မြေနိမ့်ရာလှံစိုက် ဆိုသလိုမျိုး ဖြစ်သွားတာပေါ့ ။ စက်ရုံ ကလည်း နိုတစ်ကြေးပေးတယ်ဆိုတော့ ဒါပေမဲ့ အလုပ်သမားဆန္ဒ အတိုင်း ဆုံးဖြတ်တာ ကောင်းပါတယ်။” လို့ မအေးအေးက ပြောပါတယ်။

 

လက်သက် ၁ လ ကျော်ကျော်သာရှိသေးတဲ့ အလုပ်သမား အမျိုးသားကို နို့တင်ကြေး တလစာ နဲ့ လုပ်ကိုင်ခဲ့တဲ့ ရက်အလိုက် လုပ်ခလစာတွေကို စက်ရုံဘက်က စက်တင်ဘာ ၁၅ ရက်မှာ ပေးချေခဲ့တယ်လို့ အလုပ်သမား အမျိုးသား Myanmar Labour News ကို ပြောကြားထားပါတယ်။ 

 

BOHUA Fashion Co.,ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်မော် အတွင်းဝန် လမ်း မှာရှိပြီး အလုပ်သမားအခွင့်ရေးတွေ ချိုးဖောက်မှုတွေရှိတာကြောင့် စက်တင်ဘာလထဲမှာ သတင်း ဖော်ပြခံ ထားရတဲ့ စက်ရုံဖြစ်ပါတယ်။ 

 

စက်ရုံပိုင်ရှင်က တရုတ်လူမျိုးဖြစ်ပြီး အလုပ်သမား အင်အား ၃၀၀ ဝန်းကျင်နဲ့ တခြား စက်ရုံက အထည်တွေကို ချုပ်လုပ်ပေးနေတာလို့ သိရ ပါတယ်။ 

 

စက်ရုံက ချုပ်နေတဲ့ ကုန်အမှတ်တံဆိပ်တွေ ကတော့ Sinsay၊ PROTECTION၊ CROPP၊ P&VV နဲ့ reserve စတဲ့ ကုန်အမှတ်တံဆိပ်တွေ ဖြစ်တယ်လို့ Myanmar Labour News က သိရှိထားပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026