NEWS

Best Garment အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ဦးအား အလုပ်ထုတ်

CoverLogo
564 Views
 
Best Garment အထည်ချုပ်စက်ရုံက အကြောင်းပြချက်မရှိဘဲ အလုပ်သမားတစ်ဦး ကို အလုပ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ လုပ်သက် ၆ လရှိနေတဲ့ အဲ့ဒီ အလုပ်သမားကို EC စာချုပ်ချိုးဖောက် ပြိး အလုပ်ထုတ်ခဲ့တာလို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM ကို အလုပ်သမားတွေက ပြောထားပါတယ်။
 
“ လုပ်သက် ၆ လ ဝန်းကျင် ရှိတဲ့ မဝင်းမာဦးက လိုင်း-၁မှာ စက်ချုပ် ရာထူးနဲ့ အလုပ်လုပ်နေတာ။ ဇွန် ၂ ရက်မှာ အကြောင်းပြချက်မရှိဘဲ အလုပ် ထုတ်ခဲ့တာပဲ။ EC စာချုပ်ချိုးဖောက်ပြီး အပြစ်မရှိဘဲ အလုပ်ထုတ်ခဲ့တာ.” လို့ ပြောဆိုထားပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ မဝင်းမာဦးက မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို တိုင်ကြားစာပေးပို့ခဲ့ပြီး ညှိနှိုင်းမှု သုံးကြိမ် ပြုလုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ညှိနှိုင်းမှုအတွင်း လာရောက် ဖြေရှင်းသူ စက်ရုံမန်နေဂျာ လာရောက် ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
 
“လုပ်ငန်းခွင် စွမ်းဆောင်ရေ ကြိုက်နှစ်သက်မှု မရှိတာလို့ အလုပ်ထုတ်တာလို့ ထွက်ဆိုတယ်။ အလုပ်လည်း ပြန်မခန့်နိုင်ဘူး ပြောထားတယ်။” လို့ STUM အဖွဲ့က ပြောပါတယ်။
 
အလုပ်ထုတ်ပယ်ခဲ့လို့ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ပုဒ်မ-၃၉ အရ အရေးယူပေးဖို့နဲ့ မူလလစာ၊ မူလရာထူး၊ မူလနေရာ၊ မူလလုပ်သက်အတိုင်း လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ အလုပ်သမားဘက်က တောင်းဆိုထားတယ်လို့ သိရပါတယ်။ တောင်းဆိုမှုတွေအတွက် တင်ပြမှုတွေ ပြုလုပ် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း မြို့နယ်အလုပ်သမားရုံးက ပြောဆိုထားတယ်လို့ STUM အဖွဲ့က ပြောဆိုထားပါတယ်။
 
Best Garment (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ကရင်ချောင်းကွင်းလမ်းမှာ ဖွင့်လှစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026