NEWS

Best Choice Myanmar အထည်ချုပ်စက်ရုံမှာ အထည်စံချိန်အလွန်အကျွံတောင်းခံပြီး အချိန်ပိုအဓမ္မခေါ်ယူခိုင်းစေ အချိန်ပိုကြေးကိုလည်း ဖြတ်တောက်ခံနေရဟုဆို

CoverLogo
620 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် ကမ်းသာယာလမ်းမှာဖွင့်လှစ်ထားတဲ့ Best Choice Myanmar  အထည်ချုပ်စက်ရုံမှာ 157.FUNK, Vaile Bieue အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်ပြီး အလုပ်သမား ၅၀၀ ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ပြီး အဓမ္မခိုင်းစေမှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားပြီး WCC ကိုလည်း အလုပ်ရှင်က ရွေးချယ်ထားသူတွေနဲ့သာဖွဲ့စည်းထားပြီး လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေ ဖြေရှင်းပေးနိုင်တာမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။


ချိုးဖောက်မှုအနေနဲ့ အလုပ်သမားတွေကို အထည်စံချိန် အဓမ္မတောင်းခံနေပြီး အလုပ်သမားတဦးကို တရက်လျင် အထည် ၅၀၀ အထိသတ်မှတ်တောင်းခံပြီး သတ်မှတ်ချက်မပြည့်ပါက အချိန်ပိုအဓမ္မဆင်းဆိုင်းနေတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

"အချိန်ပိုခေါ်တာ အလုပ်သမားတွေက မဆင်းချင်လည်းဆင်းနေရတယ် တနင်္ဂနွေနေ့ဆိုလည်း အချိန်ပိုဆင်းရတယ် အချိန်ပိုကြေးကို အပြည့်မပေးဘူး လိုင်းထဲက ၁၀ ယောက်ကို ၅၀၀၀ ပေးတယ် ကျန်တဲ့သူတွေကို ၁၀၀၀ စီပဲပေးတယ် တနင်္ဂနွေနေ့ အိုတီခေါ်ရင် ဖယ်ရီမပေးဘူး ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားရတယ် အချိန်ပိုကြေးမရတဲ့ အပြင် ကိုယ့်အိတ်ထဲက လမ်းစရိတ် ၂၀၀၀ လောက်စိုက်ရတယ်  စက်ရုံထဲမှာ သောက်ရေသန့်မတိုက်ဘဲ တုန်ကင်ရေတွေပဲ သောက်နေရလို့ ဝမ်းရောဂါလဲ ခဏခဏဖြစ်နေတယ်"လို့ အလုပ်သမားကပြောပါတယ်။

အများပြည်သူရုံးပိတ်ရက်တွေမှာ အချိန်ပိုခေါ်ယူပြီး အချိန်ပိုကြေးပေးချေရာမှာလည်း ဥပဒေနဲ့ အညီပေးဆောင်ခြင်းမရှိတာကြောင့် အခက်တွေ့တယ်လို့ ဆိုပါတယ်။

 အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့ အချိန်ပိုခေါ်ယူပါက အလုပ်သမားသဘောဆန္ဒအရသာခေါ်ရန် အချိန်ပိုခေါ်ပါက ဖယ်ရီစီစဉ်ပေးရန် အချိန်ပိုကြေးကို အပြည့်အဝပေးချေရန် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ အလုပ်သမားကိုယ်စားလှယ်ကို အလုပ်သမားတွေရဲ့ သဘောဆန္ဒအတိုင်းရွေးချယ်ခွင့်ပြုရန် လုပ်ငန်းခွင်အတွင်း သောက်ရေသန့်စီစဉ်ပေးရန် စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

Best Choice Myanmar စက်ရုံနဲ့ပတ်သက်ပြီး ယခုလို အလုပ်သမားတွေပြောဆိုမှုကို ဖော်ပြတာဟာ ၃ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၂၇ ရက်တွင် တကြိမ်၊ ၂၀၂၄ ဇန်နဝါရီ ၅ ရက်မှာတကြိမ်နဲ့ ၂၀၂၄ ဇန်နဝါရီ ၂၄ ရက်အပါအဝင် ၃ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ 

ယခုလို သတင်းဖော်ပြပြီးနောက်ပိုင်း  လုပ်ငန်းခွင်အတွင်းမှာတော့ အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူမှုမရှိဘဲ ဆက်လက်ကျူးလွန်နေပြီး လုပ်ငန်းခွင်အတွင်းမှာ စကားမပြောရဆိုပြီး စည်းကမ်းသတ်မှတ်ချက်ထုတ်ပြန်ထားသလို လက်ရှိချုပ်လုပ်နေတဲ့အမှတ်တံဆိပ်တွေကိုလည်း အထည်အမှတ်တံဆိပ်တွေမပါတော့ဘဲ ချုပ်လုပ်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026