NEWS

Beaume International Garment စက်ရုံမှာ အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်းအလုပ်ရပ်နားပြီး တောင်းဆို

CoverLogo
879 Views

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဖန်ချက်ဝန်ဦးရွှေအိုးလမ်းမှာဖွင့်လှစ်ထားတဲ့ Beaume International Garment မှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ကို ဖြေရှင်းနိုင်ခြင်းမရှိသေးလို့  အလုပ်သမား ၄၀၀ ကျော် လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ခြင်းကိုရပ်တန့်လိုက်တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ Beaume International Garment ဖွင့်လှစ်ထားတဲ့ စက်ရုံဝန်းထဲမှာ ယခင်က POPULAR International Garment ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ယခင် POPULAR အလုပ်သမားတွေက ၂ ရုံစာလုပ်ကိုင်နေရတာတွေ အလုပ်သမားခံစားခွင့်တွေ မရတာကြောင့် ရုံခွဲပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့  Popular စက်ရုံတွင်လုပ်ခဲ့သောလုပ်သက်များကို တရားဝင်လုပ်သက်ဆက်ပေးရန် ဥပဒေပါ ခွင့်ခံစားခွင့်များ ပေးရန် အခုလို လုပ်ငန်းခွင်အတွင်း အလုပ်တွေ ရပ်နားခဲ့တာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

" ၂လပိုင်းလောက်က ရုံခွဲပေးဖို့ပြောထားတာ သူတို့က ၄ လပိုင်းကျရင် ရုံခွဲပေးမယ်လို့ ပြောထားတာ ညှိဖျန်မှာရော ရုံးတွေနဲ့ပါပြောထားတာ  အခုကျတော့ ရုံမခွဲပေးဘူး Beaume နဲ့ Popular ကို ရောထားတော့ မနေ့ကတည်းက အလုပ်မလုပ်ဘဲထိုင်နေတာ ရုံမခွဲပေးရင် မလုပ်ဘူးဆိုပြီးထိုင်နေတာ အလုပ်မလုပ်တာက Popular စက်ရုံပါ"လို့ အလုပ်သမားကပြောပါတယ်။

"ပထမတော့ Beaume ဆိုတာမရှိသေးဘူး နောက်ပိုင်းမှ လုပ်လိုက်တာ ပထမအလုပ်တွေခေါ်တုန်းက  Popular နဲ့ခေါ်တာ အခုကျတော့ Beaume နဲ့ပဲအလုပ်ခေါ်တော့တယ် ၄ လပိုင်းမှာရုံမခွဲပေးရင် ညှိဖျန်ကိုယ်တိုင်က တရားစွဲပေးမယ်လို့ ပြောထားတာ အခုလို စက်ရုံ ၂ ရုံကို မခွဲဘဲ ထားထားတာကျတော့ အလုပ်က ၂ လုပ်လုပ်ရတာ ဘယ်အော်ဒါဝင်ဝင် ၂ ရုံစာလုပ်ရတာ လစာကတော့ ဒီတိုင်းပဲ"လို့ ယင်းကပြောဆိုပါတယ်။

အဆိုပါ စက်ရုံဟာ POPULAR International Garment နဲ့ ဝန်းတခုထဲမှာဖွင့်လှစ်ထားတာဖြစ်ပြီး Beaume International Garment အနေနဲ့ ၂၀၂၀ မှာ  ထပ်မံဖွင့်လှစ်ကာ ယခင်စက်ရုံအလုပ်သမားတွေကို ပြောင်းလဲလုပ်ကိုင်စေပြီး ၂ ရုံလုံးမှာရောထွေးလုပ်ကိုင်နေရတာ ၃ နှစ်ကျော် ရှိပြီလို့ အလုပ်သမားကပြောပါတယ်။

ယခင် အလုပ်သမားတွေရဲ့ လုပ်သက်အနေနဲ့ အများဆုံး အနှစ် ၂၀ ရှိပြီလို့ သိရပါတယ်။ လစာကတော့ ၂ သိန်း ၈ သောင်း ဝန်းကျင် ရရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ ဝန်းထဲက POPULAR International Garment အလုပ်သမားတွေအနေနဲ့ မည်သည့်စက်ရုံတွင် အတည်တကျလုပ်ကိုင်ရမည်ကို သိရှိလိုတာ ယခင်စက်ရုံတွင် လုပ်ကိုင်ခဲ့သော လုပ်သက်များကို ထပ်ပေါင်းသတ်မှတ်ပေးတာမရှိလို့ ရှင်းရှင်းလင်းလင်း လုပ်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အလုပ်ရှင် အလုပ်သမား ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး  အလုပ်ရှင်ဘက်က ရဲနဲ့ စစ်တပ်ကိုခေါ်ယူခဲ့ပြီး ည ၉ နာရီအချိန်ထိ ရှင်းလင်းခဲ့ကြပေမဲ့ ရလာဒ်ထွက်မလာဘူးလို့ အလုပ်သမားကပြောပါတယ်။

အဆိုပါ စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ITURRI, TOPTEX PRO, TOPTEXSPORT, OUTDOOR , COOLWORK BY ITUIRRI , ROYALWAY, tom tompson, Beaume, Ellenor စတဲ့အမှတ်တံဆိပ် အနွေးထည်၊ ဂျာကင်ထည်၊ ဂျာကင်ဘောင်းဘီ၊ ဂျင်းဘောင်းဘီတွေကို အလုပ်သမား ၁၁၀၀  ကျော်နဲ့ ချုပ်လုပ်နေတာလို့ သိရပါတယ်။

"အခုလို အလုပ်ရပ်လိုက်တော့ စူပါတွေက နင်တို့ မလုပ်ရင် တခြားလူကို အစားထိုးမယ် လို့ပြောတယ် ငါတို့က စက်ရုံက ခိုင်းတဲ့အတိုင်းလုပ်ရတာပဲ လို့ပြောတယ် အလုပ်မလုပ်ရင် ပိုက်ဆံမရဘူးလို့ ပြောတော့ နားလည်တယ်လို့ ပြောလိုက်တယ် ခုက ရုံခွဲပေးမယ်လို့ ပြောပြီး ဘာမှမလုပ်ပေးဘူး တခါလည်း မကဘူး ၂ ခါလည်းမကဘူး အာဏာမသိမ်းခင်ကလည်း ဖြစ်ဖူးတယ် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ Beaume လို့ပဲ ခေါ်တော့မှာ အလုပ်သမားတွေက ရပိုင်ခွင့်တွေအကုန်ဆုံးရှုံးမှာဆိုတော့ အခုလို တောင်းဆိုတာ"လို့ အလုပ်သမားကပြောပါတယ်။


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026